Wednesday 24 April 2013

ဒီနေ့ သတင်းများ

ဆယ်ကျော်သက် တစ်ယောက် app တစ်ခုကြောင့် မီလျံနာဖြစ်လာ

ဗြိတိန်နိုင်ငံ အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက် လူငယ် လေး တစ်ဦး ဖြစ်ပါတယ်။ Nick D’Aloisio လို့ အမည်ရပါတယ်။ 

Summly လို့အမည်ရတဲ့ iPhone application လေး တစ်ခုဖန်တီးပြီး Apple store မှာ ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိ ခဲ့ပါတယ်။ Summly app ဟာ စာအကူဖတ်ပေးတဲ့ သူတစ်ယောက် အနေနဲ့ ကူညီပြီး ဘယ်လိုစာအုပ်မျိုးဖတ်သင့်တယ်။ ဘယ် ebook ဆိုဒ်ကိုဝင်ပြီဆိုရင် ကိုယ်က ဘယ်ဟာကို ရွေးသ့င်တယ်။ ကိုယ်ဝင်နေ ကျ ဆိုဒ်တစ်ခုကို ဝင်ပြီဆိုရင်တောင် ဘယ်သတင်းက ကိုယ့်အတွက် အဖတ်သင့်ဆုံး ဖြစ်မယ်ဆိုတာကို အလိုအလျောက် ရွေးချယ် ပေး သွားမှာ ဖြစ်ပါတယ်။ 

အသက် ငယ်သေးပေမယ့် ပရော်ဖက်ရှင်နယ် App developer/ Webmaster တွေတောင် မဖန်တီးနိုင်တဲ့ app ကိုဖန်တီးခဲ့ပြီး ဒေါ်လာ သန်း ၃၀ ကျော်ရရှိခဲ့တဲ့ Nick ဟာ စံပြလူငယ် တစ်ဦး ဖြစ်လာပါတယ်။ 
--
techblog

Aung Kham (Stuff Myanmar)

Shwe Mann is the next presidential contender for 2015. Here is his dodgy record, family ties, etc.

Unless you are dodgy or stupidly and selfishly loyal to Father (or Aba) Number One you don't rise in Burma's food chain since Ne Win installed the military rule in 1962.

လွှတ်တော်မှာဥက္ကဌကြီး အဖြစ် ခန့်ခန့်ကြီးနဲ့ လူကြီး လူကောင်းယောင် ဆောင်နေတဲ့ ရွှေမန်းဟာ ဘယ်လို လူစားမျိုးလဲ။
ဧရာဝတီတိုင်းမှာ နေတဲ့ လယ်သမားတိုင်း သိကြတယ်။ ရွှေမန်း မှာ သား ၂ ယောက်ရှိတယ်။ သူ နေရာ ရစမှာ အောင်သက်မန်းက မြေသြဇာ စက်ရုံထောင်ပြီး လယ်သမားတွေကို တဧက ဘယ်လောက်ယူရမယ်ဆိုပြီး အကြွေး စနစ်နဲ့ အတင်းအဓမ္မ ရောင်းချခဲ့တယ်။

လောလော လတ်လတ် အောင်သက်မန်း(ခေါ်) ရွှေမန်းကိုကိုက Red Link Communications လုပ်ငန်းလုပ်ကိုင်ခွင့်ရခဲ့ရာမှာ ဆက်သွယ်ရေး ၀န်ကြီး ကုဋေချီ လာဘ်စားမှုမှာ အစစ်ခံနေရတယ်။
တိုးနိုင်မန်းကတော့ နာမည်ကျော် ဇေကမ္ဘာလုပ်ငန်းပိုင်ရှင်ကြီး ခင်ရွှေရဲ့ သမီး ဇေဇင်လတ် နဲ့ လက်ထပ်ပြီး အမည်မဖော်တဲ့ လုပ်ခွင့်ရ လုပ်ငန်းတွေ လုပ်နေတယ်။
ခရိုနီ အကြီးစား တစ်ယောက်ဖြစ်တဲ့ ဇေကမ္ဘာ ခင်ရွှေ ( လွှတ်တော်ဥက္ကဌ ရွှေမန်းနဲ့ သမီးပေး- သမက်ယူလုပ်ထားတဲ့သူ) ကတော့ သူအနိုင်ကျင့်သမျှ၊ မတရား သိမ်းထားတဲ့ မြေယာတွေ မှန်သမျှရဲ့ အပြစ်တွေကို အိုးအိမ် ဦးစီး ဌာနမှာ တာဝန်ရှိကြောင်း ပြောဆိုနေတယ်။ လယ်သမားတွေ သူ သိမ်းထားတဲ့ လယ်ထဲ ဆင်းရင် သူ့  ၀န်ထမ်း(၃၀၀၀)ကျော်နဲ့ ရိုက်သတ်မယ်၊ လယ်သမားတွေကို အကူအညီပေးနေတဲ့ နေမျိုးဝေကို ကြိုးနဲ့ တုတ်ပြီး ထောင်ထဲ ပို့ မယ်ဆိုတဲ့ စကားတွေကိုတော့ ဒုသမ္မတ စိုင်းမောက်ခမ်းတို့ လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေး အဖွဲ့က ဖြစ်စဉ်ကို ပြန်လည် စီစစ်- စုံစမ်း ဖော်ထုတ်ဖို့ လမ်းစမမြင် ဖြစ်နေတယ်။ ခရိုနီ အကြီးစား တစ်ယောက်ဖြစ်တဲ့ ဇေကမ္ဘာ ခင်ရွှေဟာ တချိန်က ၀န်ကြီးချုပ်ပြုတ် ခင်ညွန့်  နဲ့ ကပ်ပြီး စားကွက် ဖန်တယ်။ လက်ရှိ အနေမှာ ရွှေမန်း အားကိုးနဲ့ မိုက်ရိုင်း နေတယ်။

- ဘာပဲပြောပြော အော့ချက်(ဒ်) ကုမ္ပဏီ ကို ဘယ်သူပိုင်ပါတယ်လို့ ထုတ်ဖော်တာ မသိကြရသေးဘူး။
ရဲတွေ ရာချီပြီး- ချီတက် အကာအကွယ်ယူ၊ အသက်ပေးတဲ့ လုပ်ဆောင်မှုကြီး ဖြစ်တော့ နောက်ကွယ်မှာ အကောင်ကြီးကြီး ရှိတယ်ဆိုတာ မြေကြီး လက်ခတ်မလွဲ လူတိုင်း သိနေကြတယ်။ 
ဒါပေမယ့် ဖိုးသန်းရွှေကြီး ပိုင်သလား၊ ရွှေမန်း မိသားစု (အောင်သက်မန်း)နဲ့ ဆက်စပ် နေသလားဆိုတာ သတင်း ထိန်ချန် ပြီး ပြည်တွင်း ပြည်ပ မီဒီယာတွေက ဖော်ပြနေတာ မြင်ရတယ်။

 ဦးသိန်းစိန် တစ်ယောက် ဥရောပ နိုင်ငံခရီး  လှည့်လည်ပြီး စီပွါးရေး ပိတ်ဆို့မှုတွေ ရပ်ဖို့၊ ဥရောပ ယူနီယံက အကူအညီတွေ တိုးပေးဖို့၊ အကြွေးတွေလှော်ပေးဖို့ စည်းရုံးနေချိန်မှာ မအူပင်ခရိုင် မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာမှာ အသိမ်းခံ လယ်ယာမြေတွေကို ပြန် ရဖို့ တောင်းဆိုရင်း လယ်သမားနဲ့ ရဲတွေကြား ပစ်ခတ် သန်ဖြတ်မှု ဖြစ်ပြန်တယ်။

အော့ချက်(ဒ်) ကုမ္ပဏီပိုင် ဧက (၅၅၀) ရှိ၊ ငါးကန်အတွင်းသို့ စပါးစိုက်ပျိုးရန် အကြောင်းပြ၍ ၀ါးတိုင်များ ၀င်ရောက်စိုက်ထူခြင်း၊ ကန်ဘောင်မှ ၀ါးများ ခုတ်ယူခြင်းတို့ကို ဥပဒေမဲ့ ဆောင်ရွက်ခဲ့ကြောင်း၊ ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာ မြင့်စိန် တိုင်ကြားတယ်။ ဒါကြောင်း ရဲတွေက ကူညီပါရစေဆိုတဲ့ ဆိုင်းဘုတ်ကို ပြည်သူတွေဘက် မထားဘဲ၊ စစ်ဗိုလ်ချုပ်တွေနဲ့ လက်ဝါးရိုက်ထားတဲ့ ခရိုနီတွေ ဘက် အကူအညီပေးခဲ့တယ်။

ငရဲကျနေတဲ့ ကျန်းမာရေး

မြန်မာပြည်၏ ကျန်းမာရေးအကြောင်း တကမ္ဘာလုံး အုပ်အော်သောင်းနှင်း ပြောဆိုနေခဲ့ကြသည်မှာ စစ်အာဏာသိမ်းပြီး ဗိုလ်စေားမောင် တို့ တက်လာသော ခေတ်  လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ်နှီပါးလောက်မှပင်မကဟု ကောက်ချက်ချနိုင်သည်။
ကမ္ဘာ့ ကုလသမဂ္ဂ၏ ကျန်းမာရေးဆိုင်ရာဌာနမှပင် ခလေးများမွေးဖွားချိန်တွင် လိုအပ်သော ကာကွယ်ဆေးများထိုးပေးရန် ၈၀ ရာနုန်းမျှလိုအပ်နေပြီး လူဦးရေ တသောင်းအတွက် ကျန်းမာရေးလုပ်သား ၂၃ ယောက်သာရှိသည့်အပြင်၊ မြန်မာနိုင်ငံသည် ကမ္ဘာကြီး၏ ၅၇ နိုင်ငံတွင် ကျန်းမာရေးလုပ်သားရှားပါမှုကို လက်တွေ့ ရင်ဆိုင်နေရသော တိုင်းပြည်တပြည်ဖြစ်ကြောင်း (ဒဗလယူ အိပ်ခ်ျအို) အတိအလင်းထုတ်ပြန်သည်ကို ဂုဏ်ယူဝင့်ကြွားနေပုံရလေသည်။
Myanmar is one of 57 countries worldwide facing a critical shortage of medical staff, defined as fewer than 23 health workers per 10,000 people, the minimum needed to provide 80 percent coverage for births and measles immunizations, according to the UN World Health Organization (WHO).
ကမ္ဘာ့ကျန်းမာရေးဌာန၏ ၂၀၁၀ ခုနှစ် တွက်ချက်ထုတ်ပြန်မှုအရဆိုလျှင်၊ မြန်မာပြည်သည် ဆေးဝါကုသရေးကရိယာ အလုံလောက်မရှိပဲ နေထိုင်သူ လူဦးရေပေါင်း ၁၀၀၀၀ (တစ်သောင်း)တွင် ဆရာဝန်နှင့် အကူသူနာပြု ၊ လူနာ စောင့်ရှောက်သူ အားလုံးပေါင်း (၁၃) ဦးသာ ရှိသည့် တိုင်းပြည်ဖြစ်ကြောင်း မီးမောင်းထိုးပြပြန်၏။ မြန်မာ အစိုးရ၏ ၂၀၁၀ ခုနှစ်တွင် နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ တနိုင်ငံလုံး လူဦးရေအတွက် ဆရာဝန်ပေါင်း ၂၆၀၀၀ သူနာပြုပေါင်း ၂၃၈၀၀ နှင့် လူနာအကူ ၁၉၀၀၀ ရှိသည်ဟု အတိအလင်း ရဲရဲဝံ့ဝံ့ပင် ကမ္ဘာ့ကျန်းမာရေး စံချိန်အား သောက်ဂရုမစိုက်သလိုထုတ်ပြန်းကြောင်း တွေ့ရပြီး လူဦးရေ သန်းပေါင် ၆၀ခန့် အတွက် လိုအပ်ချက်မှာ ပုရွက်ဆိတ်ဆင်ခြေနှင့် ပြသနာ ဆင်ကောင်ကြီးလောက်ဖြစ်နေကြောင်း သတိမမူမိခဲ့ပါ။
Myanmar had an estimated 13 doctors and nurses/midwives per 10,000 residents without enough facilities, according to a WHO 2010 calculation. As of 2010, there were about 26,000 doctors, 23,800 nurses and 19,000 midwives nationwide, according to the government.
၂၀၀၈ ခုနှစ်မှတော့ အစိုးရမှ နေထိုင်သူ လူဦးရေတသောင်းတွင် ကျန်းမာရေးလုပ်သား ၁၅ဦးရှိကြောင်း တရားဝင် ကြွာလုံးထုတ်ထာလဲ့လေ၏၊ သို့သော် မည်သို့သော ကျန်းမာရေးလုပ်သားအမျိုးစားအား စနစ်တကျ စီစစ်ထုတ်ဖေါ်ပြသထားခြင်းမရှိပဲ ရောချထားသည်ကို တွေ့ရပြန်သည်။ ပြည်သူတို့ အခြေခံနေစဉ်ဘ၀အတွက် အထောက်ပံ့လိုအပ်သော ကျန်းမာရေးလုပ်သာ ၂၃ ယောက်ခန့် လိုအပ်သော နိုင်ငံတကာ၏ စံနုံန်းကို တ၀က်လောက် ၄င်းတို့ လိုက်မှီကြောင်း ကြွားလုံးထုတ်ပုံရသည်။

In 2008, the government reported there were fewer than 15 health workers for every 10,000 people, short of the internationally recommended 23 needed to provide basic life-saving services.

ကျန်မာရေးဆိုင်ရာ စီမံရေးရာဌာနမှ ဒေါက်တာ နီလာတင်က အစိုးရမှ ကျန်မားရေး စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများအား ကြိုးပမ်းအကောင်ထည်ဖေါ်ရာတွင် အခြေခံ လူနေမှုဘ၀ အထောက်ပံအရင်းမြစ် လျော့နည်းပြတ်လပ်နေကြောင်း (အိုင်အာအိုင်အန်)သို့ အိပ်သွန်ဖာမှောက် ၀န်ခံခဲ့ဘူးသည်။ သူမ၏ ၀န်ခံချက်အဓိပ္ပါယ်မှာ တိုင်းပြည်၏ ချွတ်ခြုံကျမှုကြောင့် အချို့သောတောင်တန်းဒေသတွင်နေထိုင်သူများသည် မြို့များပေါ်တွင်ရှိသော သက်ဆိုင်ရာ ဆေးရုံသို့သွားရောက်ကုသရန် တနေကုန်လောက် ခရီးလမ်းတွင်ကျန့်ကြာနေပြီး အများသောအားဖြင့်ဝေးလံသော ကျေးရွာများတွင် နေထိုင်သူများအဖို့  လူနာတယောက်အနေဖြင့် ဆေးခန်းတခုခုထံရောက်ရှိနိုင်ရန်အလို့ငှာ ၄ နာရီမျှလောက်ဝေးသော ခရီးကို ဖြတ်သန်းရသည်ဟု ဆိုလေ၏။
Nilar Tin, director of the planning division in the Ministry of Health, told IRIN the government has prioritized healthcare, but lacks human resources. This means that most villages lack basic healthcare and patients often travel for hours - in some hilly regions for nearly an entire day - to reach hospitals or clinics located only in towns, and which are often dilapidated and poorly stocked.

အရှေ့တောင်အာရှတွင် အင်မတန်ကြီးမားသော လက်နက်ကိုင် စစ်တပ်ကြီးများရှိသော တိုင်းပြည်များထဲမှ တနိုင်ငံဖြစ်သည့် မြန်မာပြည်အဖို့ ကျန်းမာရေးစောင့်ရှောက်မှုအဆင်တန်းသည် ချေနင်းခုံမှ အ၀တ်စုတ်လောက်သာပင်ရှိပြီး၊ ကာကွယ်ရေးဆိုင်ရာ ဆေးဝါးများအား ရောဂါခံစားမှုရရှိပြီး ပြင်းထန်လာသော အချိန်လောက်မှသာပင် ထိုလူနာအဖို့ ရရှိသော အခြေနေတွင် ဖြစ်နေလေသည်ဟု (ကျန်းမားရေးဆိုင်ရာ အေ၇ှ့ဖြားစာစောင်က) ဖေါ်ပြထားလေသည်။
In a country with one of Southeast Asia's biggest armies but a healthcare system in tatters, scarce antiretroviral drugs are given only to those with the advanced form of the illness.
လွန်ခဲ့သော ၂နှစ်လောက်မှ ရာစုနှစ်တ၀က်မျှ မြန်မာ စစ်အုပ်စုသည် လက်ငင်းငွေသားများဖြင့် ၄င်း၏ လက်နက်ကိုင် စစ်တပ်အား  အားတက်သရော ထည့်သွင်း အသုံးပြု အုပ်ချုပ်နေခဲ့သည့် စစ်အုပ်ချုပ်မှု အဆုံးသတ်ပြီးနောက် နိုင်ငံတကာမှ မြန်မာ့ကျန်းမာရေးအား စီစစ်ခဲ့ကြည့်ရာတွင် ယနေ့ ကမ္ဘာကြီးပေါ်တွင် အနိမ့်ကျ နုံန်ခြာဆုံးသော ကျန်းမာရေစောင့်ေ၇ှာက်မှု အာရုံလွတ်ကင်းသည့် နိုင်ငံဖြစ်နေကြောင်း နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်မှု အဖွဲ့မှ ဆိုပါသည်။

During almost half a century of military rule which officially ended last 2 year, Myanmar's junta generously funneled cash to the armed forces but presided over one of the world's lowest outlays on public health according to international healthy watch dogs.
အမ်အက်စ် အက်ဖ်မှ ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ ဌာန၏ သတ်မှတ်စည်းမျဉ်း ချထားသော မူအရ မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ ရောဂါခံစားနေရသော လူဦးရေး တစ်သိန်းနှစ်သောင်း၏ သုံးပုံ တပုံသာ ကာကွယ်ရေးဆိုင်ရာဆေးဝါးအချို့ လက်ခံရရှိပြီး ကျန်နှစ်ပုံမှာ မရှိပဲ နေထိုင်နေကြရသည်ကိုလည်း ကုလသမ၈္ဂ ကျန်းမာရေးဌာနသို့ အတိလင်းထုတ်ဖေါ်တောင်းဆိုထားပြန်သည်။ ထို့အပြင် ဆေးဝါးအလုံအလောက်ဖြင့် ကာကွယ်ကုသခြင်းမခံရသောကြောင့် သာမန်ရောဂါ အဖျားအနာလေးမှ အဆုပ်တီဘီ နှင့် နောက်ပိုင်းတွင် ငှက်ဖျားရောဂါတို့ပါ ထပ်မံခံစားနေကြရသည်ဟု ဆိုသည်။ ၄င်း အမ်အစ်အက်ဖ်မှ တာဝန်ခံများဖြစ်သော ပီတာပေါနှင့် ဒီဂရုတီ တို့မှ ပြောကြားရာတွင် ဆရာဝန်အတော်အတန်သင့်ရှိနေသော လက်ရှိမြန်မာပြည်သည် ကျယ်ပြန့်သော ဆေးဝါးကုသမှုဆိုင်ရာ နည်းစနစ်များ အားနည်းပြီး ထိရောက်လုံလောက်သော ဆေးဝါးများမရှိပါဟု ဆိုလေ၏
MSF says only a third of the 120,000 people living with HIV in Myanmar who under World Health Organization (WHO) standards should receive antiretroviral are being treated.The shortage of medicine extends to other serious illnesses including tuberculosis and malaria.The country has a relatively high number of doctors but lacks medicines and wider support systems to treat patients, said MSF head of mission Peter Paul de Groote.
မြို့ပြဒေသများတွင် ဆေးဝါးကုသမှုခံယူခွင့် အတော်တန်ရှိသလာက် မြို့ပြနှင့် အလှမ်းဝေသော ဒေများအတွင်းရှိ နေထိုင်နေသူ လူဦးရေများသည် ကျန်မားရေးဆိုင်ရာ စောင့်ေ၇ှာက်အလေးပေးခံရမှုမှာ အလွန် ချို့တဲ့အားနည်းပြီး ပြည်တွင်း မငြိမ်သက်မှုနှင့် အမျိုးအမျိုးသော မသင့်မြတ်ခြင်းမှ ပုတ်ကန်တော်လှန်မှုတို့ဖြင့် အစိုးရနှင့် တော်လှန်သူတို့ တိုက်ခိုက်ကြကာ စစ်ပွဲများ ဖြစ်နေသော ဒေသများက ကျန်းမာရေးအခြေနေပိုဆိုးဝါနေ၏။

Most of Myanmar’s population live in rural areas, while health services are concentrated in larger towns and cities. This means the health needs of most of the population of more than 50 million are unmet, especially in areas where conflict between the government and various rebel groups or inter-communal violence still occurs.

ထိုင်းမြန်မာ နယ်ခြားမျဉ်း တလျောက်ဖြစ်သည့် ငှက်ဖျားရောဂါနှင့် ချည်နှောင်ကျင်းခတ်ခံနေရသော မြန်မာနိုင်ငံ၏ အရှေ့ဘက်ဒေသတွင် မွေးကင်းစ မွေးမိခင်များမှ သူတို့၏ ရင်သွေးငယ်များအား အသက်ရှင်အောင် စောင့်ရှောက်ရသည့် အခက်ခဲသည် အလွန် ထိတ်လန့်တုန်လှုပ်ဖွယ်စိတ်ပျက်စရာများ ကြုံတွေ့နေရပြီး တိုင်းပြည်တပြည်တွင်ရှိသော ခလေးမွေးဖွားရာတွင် အသာတင် ကျန်မားအသက်ရှင်မှုရှိသင့်သော ခလေးနုံန်းထားမှာ အခြားသောနေရာများထက် သုံးဆ ကျဆင်းနေကြောင်းနှင့်၊ ခလေးငယ်ပေါင်းမွေးဖွားမှု တသိန်းတွင် ခလေး ၂၄၀ ယောက်မျှ သေဆုံးကြောင်း စစ်တမ်းများက ဆိုနေကြသည်။
Violence has warped malaria control along the country’s border with Thailand, and frustrated attempts to keep mothers and their newborns alive in eastern Myanmar, where the maternal mortality ratio is more than triple the national average of 240 per 100,000 live births.

လက်ရှိ အရေးခင်းများဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်နှင့် မြန်မာပြည် မြောက်ပိုင်း တို့တွင် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်ခံရမှု ကြောက်ခမန်းလိလိ ဖြစ်နေသော ဆိုးဝါသည့် နေရာပြည်နယ်အဖြစ်သို့ ရောက်ရှိနေကြောင်းအား (အမ်အစ်အဖ်) ဟော်လနမှ ပြောဆိုခဲ့သည်။ 

Recent inter-communal violence in Rakhine State, in the north, has turned a bad state of health access into a “desperate” one, said Médecins Sans Frontières (MSF)-Holland.
၂၀၁၁ နှစ်တွင် တတိုင်းပြည်လုံးဝယ် ဆရာဝန်ပေါင်း နှစ်သောင်းခြောက်ထောင် လေးရာ သုံးဆယ် ငါးယောက် ရှိပြီး ထိုအထဲမှ အများစုဖြစ်သော တစ်သောင်း ငါးထောင်း ငါးရာ ရှစ်ယောက်မှာ မိမိ ကိုယ်ပိုင်ဆေးခန်းနှင့် အခြားလုပ်ငန်းများအဖြစ်သို့ ကူးပြောင်းသွားသောကြောင့် ယနေ့ရှိသော တိုင်းပြည်လူဦးရေ အများစုအတွက် ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်ပေးနိုင်မှု ကိစ္စမှာ အလွန် အလှမ်းကွာနေကြောင်း တွေ့ရသည်။
In 2011, the country had 26,435 doctors nationwide, but most (15,508) are in the private business sector, where services are unaffordable to most the population. 
နောက်ဆုံးကောက်ချက်ချ တင်ပြရသော် ၂၀၁၁ ခုနှစ် နှင့် ၂၀၁၂ ခုတွင် တိုင်းပြည်သူပြည်သားများအတွက် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက် ၀န်ဆောင်ပေးမှုသည်  လူတဦးလျှင် တနှစ်ပတ်လုံးစာ အမေရိကန်ဒေါ်လား၁၀ ဒေါ်လာ ( မြန်မာငွေ ၈၅၀၀) ကျပ်ကိုသာပင်သုံးစွဲခဲ့ကြောင်းသိရပြီး မေရိကန်ဒေါ်လာ (၂)ဒေါ်လာကိုသာ လက်ရှိနေပြည်တော်  မြန်မာအစိုးရမှ ခွင့်ပြုစေပြီ ကျန်သော အမေရိကန် ၈ ဒေါ်လာအား လူနာနှင့် အစိုးရမဟုတ်သော အန်ဂျီအို ၊ လူမှုကူညီရေးအသင်းဖွဲ့များမှ ထည့်ဝင်ဆောင်ရွက်နေရသော အခြေနေဆိုးတွင် တိုင်းပြည် ဖြစ်တည်နေလေသည်။ သို့သော် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ယခုနေပြည်တော် အစိုးရအား ပြုပြင်ပြောင်းလဲမှုများ တွင်တွင်လုပ်နေပါကြောင်းအား ထပ်တလဲလဲ သရုပ်မှန်စာရင်းဇယားများကိုဆန့်ကျင်ကာ ၀ိုင်းဝန်းပံ့ပိုး ကျားကန်ပေးနေပါကြောင်း သိရသည်။

In 2011-2012, people spent an average of US$12 per person per year on healthcare, of which only $2 came from the government, with the rest being covered by NGOs and patients. But Myanmar democracy leader, Daw Aung San Suu Kyi repeatedly speaks out that the current government is heading to democratic concerning goal as a change. 

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

အချက်လက်မှန်များအား ၇ည်ညွန်း လေ့လာတင်ပြထားခြင်းဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ထံသို့ရောက်အောင် ကြိုက်သလောက် ရှယ်ယူကာ မူရင်း တင်ပြသူ၏ ကလောင်အား ဖြုတ်ထုတ်ခြင်းမပြုကြပါရန် အနူးညွန့် မေတ္တာရပ်ခံပါသည်။

တယ်လီဖုံးကဒ်များ နဲ့  မီထီလာလူသတ်ပွဲကို ချွေးသိပ် 
သမ၀ါယမစနစ်ကို ပြန်သွားနေတဲ့ တယ်လီဖုံးကဒ် 

“၁၅၀၀ ကျပ်ဖြင့် နိုင်ငံတော်ဆီကနေငှားရမ်းအသုံးပြုရသော ဖုန်း” 
   1500 ကျပ်တန်ဖုန်းများအား မန္တလေးတွင် ယနေ့ ခွဲတမ်းများဖြင့် ဦးရာစနစ်ဟု ဆိုပြီး စတင်ရောင်းချရာ......အုပ်ချုပ်ရေးမှူး နှင့် နီးစပ်ရာ ဆွေမျိုး များမှာ 1500 ကျပ်တန်ဖုန်းများကို ပြည်သူလူထု ခွဲတမ်းမပေးမီအချိန်ကပင် လွယ်လင့်တကူ ရရှိကိုင်ဆောင်နိုင်ခဲ့သော်လည်း ရပ်ကွက်နေပြည်သူများမှာ နံနက် တစ်နာရီ ၊ နှစ်နာရီ ၀န်ကျင်ကတည်းက အိပ်ရေးပျက်ခံကာ တန်းစီ ၊ ချွေးကြအောင်ပင် စောင့်ဆိုင်းကြမှ ရရှိခဲ့ကြပြီဖြစ်သည်။ 
     အချို့သော သူဌေးရပ်ကွက်များတွင် ခွဲတမ်းချပေးသော ဖုန်းကတ်အရေအတွက်မှာ ပိုလျှံနေသည်ကိုလည်းသိရသည်။အဘယ်ကြော့င့်ဆိုသော် သူဌေးရပ်ကွက် ဖြစ်နေသဖြင့် 1500 ကျပ်တန်ဖုန်းများကို စိတ်ဝင်စားမှုနည်းခြင်းကြောင့်ဖြစ်သည်။ အချို့သော အုပ်ချုပ်ရေးမှူးရုံးများမှာ ရရှိထားသော ခွဲတမ်းအား ပြည်သူလူထုအားအကုန် ခွဲဝေပေးခြင်းမရှိပဲ အချို့ကိုသာပေးကာ ကျန်သည်များကို VIP ဟုဆိုကာ ချန်လှပ်ထားမှုများလည်းရှိနေကြောင်း အတွင်းသတင်းအရ သိရသည်။ 
    ယခုအချိန်တွင် 1500 ကျပ်တန်ဖုန်းများမှာ ပြင်ပပေါက်ဈေး ငါးသောင်း ၀န်းကျင်ထိရောက်ရှိနေပြီဖြစ်သည်။အကြောင်းမှာ အိမ်ထောင်စုဇယာ နှင့် မှတ်ပုံတင်မူရင်းများ ပါမှ ရောင်းချပေးနေသည့်အတွက် အိမ်ထောင်စုဇယား နှင့် မှတ်ပုံတင်များမရှိသည့် သူများမှာ ပေးဝယ်နေခြင်းဖြစ်သည်။
ဓါတ်ပုံ  ၊ ၊ 1500 ကျပ်ဖြင့် ဖုန်းရရှိ ကိုက်နိုင်ရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နံနက် အစောမှ တန်းစီစောင့်ဆိုင်းနေကြသော ပြည်သူလူထု၊

မြို့သာ စီမံကိန်းမှာလည်း လည်း လယ်တွေအသိမ်းခံရပြီ

အထက်ဗမာပြည်မှာ လယ်လုပ်စားရတာ ဟာ အောက်ဗမာပြည်က လယ်သမားတွေထက်ပိုမိုခက်ခဲပါတယ် မိုးမျှော် ဆည်မျှော်စိုက်ရတဲ့ ဘ၀မျိုးပါ။ မိုးခေါင် ဆည်ရေမရဆိုရတော့လယ်တွေ အကုန်လုံး ပျက်စီးပါတော့တယ်။ အခုလည်း လယ်ထွန်ဖို့ အချိန် နီးလာပါပြီ။
မန္တလေးက မြို့သစ်စီမံကိန်းတွေ ကြားမှာ တံတားဦး စီမံကိန်း၊မြို့သာ စီမံကန်းဆိုပြီး လယ်ယာတွေကို ခြိမ်းခြောက် သိမ်းဆည်းခံနေရကြောင်း ကြားသိနေရပါတယ်။၈၈ မျိုးဆက်များကတော့ လယ်သမားများ မိမိဆန္ဒမပါဘဲ လယ်ယာမြေကို ရောင်းချစရာမလိုကြောင်းပါးစပ်နဲ့သာ ပြောခဲ့ပြီး အင်တိုက်အားတိုက် ကူညီခြင်း မရှိကြောင်းလည်း သိရပါတယ်။
စစ်ကိုင်းတိုင်း ဒေသမှ မန္တလေးတိုင်းအတွင်းသို့ သွပ်သွင်းခံလိုက်ရတဲ့ငန်းဇွန်းမြို့နယ် ကြက်ပြင်ရွာမှာတော့ မြို့သာစီမံကိန်းဆိုပြီး ၇ မိုင်ပါတ်လည်ရှိလယ်ယာများမတရားခြိမ်းခြောက် သိမ်းဆည်းခြင်း ခံနေရကြောင်း သိရပါတယ်။ ကာလပေါက်ဈေးထက် လျော့နည်းပြီးမြေတဧက ၁သိန်း ၅ သိန်း ၁၀ သိန်း ပေးကာ။ လျှော်ကြေးမယူရင်လည်း အသိမ်းခံရမှာပဲ လျှော်ကြေးယူပြီးထွက်သွားစသည်ဖြင့် မြန့်မာနည်းပညာ ဖွံ့ဖြိုးေ၇းကုမ္မဏီမှ စစ်အစိုးရ ဒေသခံ အာဏာပိုင်များနှင့်ပေါင်းကာ စက်မှုဇုံများ ဖေါ်ဆောင်ရန် အတွက် လယ်သမားများအား အကြပ်ကိုင်နေကြောင်း သိရပါသည်။ယခုလို မိုးဦးကာလမှာ လယ်သမားများဟာ ကိုယ့်လယ် ကိုယ်မထွန်ရ၊ ဘာမှန်းမသိတဲ့ အခြေအနေမှာနေရတာကိုလည်း စိတ်ပျက်နေကြောင်းလည်း ပြောကြားနေကြပါတယ်။
လယ်သမားများအနေဖြင့် ယခုအခါတွင် သူတို့ဘက်မှရပ်တည်ပေးနိုင်မဲ့ ပြည်သူ့ပါတီများ၊ ရွေးကောက်ပွဲ မတိုင်ခင် ကတိတွေ ပေးခဲ့တဲ့သူများ၊အခြားသော ပြည်သူ့ အကျိုးဆောင် ပုဂ်ဂိုများကို အခြေအနေ လာရောက်လေ့လာကြစေလိုပြီး အကူအညီလည်းပေးကြရန် မျှော်လင့်နေကြပါတယ်။
သတင်းကောင်းတခုကတော့ ဦးသိန်းစိန် ဒီမိုကရေစီအစိုးရလက်ထက်မှာမြေတိုင်းစာရေးများ လှူနိုင်တန်းတိုင်း သူဌေး ဖြစ်နေကြကြောင်းလည်း သတင်းကောင်း ရရှိပါတယ်။

မင်းမဲ့ဆန်သော မှုခင်းများ နှိမ်နင်းရေး လွှတ်တော်သို့ တင်မည်

Share
ရန်ကုန်၊ ဧပြီ ၂၃
လက်ရှိ ပေါ်ပေါက်နေသော မင်းမဲ့စရိုက် ဆန်ဆန်မှုခင်းများနှင့်ပတ်သက်၍ ဥပဒေတစ်ရပ် ခိုင်ခိုင်မာမာဖြစ်ရန် လာမည့်လွှတ်တော်တွင် တင် ပြေ ဆွးနွေးသွားရန်ရှိကြောင်း ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။
 ”ပေါ်ပေါက်နေတဲ့ မှုခင်းဖြစ်စဉ်တွေကို လေ့လာပြီး ဥပဒေကြမ်းတစ်ခုကိုပြင်ဆင်ဖို့ စဉ်း စားထားတာရှိတယ်”ဟု ဦးသိန်းညွန့်ကပြောသည်။ အစိုး ရသစ်တက်ပြီးနောက်ပိုင်းတွင် ရန် ကုန်မြို့၌ အုပ်စုဖွဲ့ရမ်းကားမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါအမှုများကို ကျူးလွန်သူများမှာ လက်ရှိ အာဏာရထားေ သာ အရာရှိများ၏သားသမီးများ နှင့် တစ်ချိန်ကအာဏာရခဲ့သည့် အငြိမ်းစားများ ၏သားသမီးများ ဖြစ်နေပြီး ညပိုင်းတွင်ပြုလုပ် သော ၄င်းတို့၏ အပန်းဖြေကားမောင်းပြိုင်ပွဲများ သည်လည်း သာမန်လူများကို ထိခိုက် သည်အထိ ဖြစ်လာနေသည်ဟု ဦးသိန်း ညွန့်က ပြောသည်။”အထူးသဖြင့် ကျွန်တော်တို့တိုင်းပြည်မှာ က အာဏာရှိတဲ့သူတွေနဲ့ သြဇာရှိတဲ့သူတွေရဲ့ အသိုင်းအဝိုင်းက ပြစ်မှုကျူးလွန်ရင် တိုင်ချက် တောင်မှ မဖွင့်ရဲ ဘဲ၊ တရားတောင်မှ မစွဲရဲဘဲ။ ဒါဟာ တိုင်းပြည် တရားဥပဒေစိုးမိုးရေးအတွက် အင်မတန်မှရုပ်ဆိုးတဲ့မြင်ကွင်းတွေပဲ”ဟု ၄င်းက ပြောသည်။ တရားလွှ တ်တော်ရှေ့နေ ဦးကိုနီ ကလည်း တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အရေးယူ သည့်အဖွဲ့အစည်းသည်လည်း အဓိကကျကြောင်း၊ လူတစ် ဦးကို အရေးယူတော့မည်ဆိုပါက မည် သည့်ပုဒ်မနှင့်အရေးယူမည်ကို ဦးစွာ စဉ်းစားရ မည်ဖြစ်ပြီးထိထိရောက်ရောက် အရေးယူမည်ဆို ပါက ကျူးလွန် သူ၏ မျက်နှာကိုမကြည့်ဘဲ သူတို့ ၏လုပ်ရပ်ကိုသာကြည့်၍ အရေးယူရမည်ဖြစ် ကြောင်း ပြောသည်။ ”ဘာအကြောင်းမှမရှိဘဲ သက်သက်မဲ့လုပ် တာဆိုရင် ဒါတိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင်လုပ်တာပဲ။ အဲဒီတော့  ဘယ်သူ့ သားသမီးဆိုတာ မကြည့်နဲ့။ ဘယ်သူ့သားသမီး ဆိုတာ ကြည့်လိုက်ရင် ပုဒ်မက သေးသွားတာပဲ” ဟု ဦးကိုနီက ပြောသည်။သာမန်နာကျင်စေမှု ပုဒ်မ-၃၂၃၊ လက်နက် နှင့် နာကျင်စေမှု ပုဒ်မ-၃၂၄၊ အပြင်းအထန် နာ ကျင်စေမှု ပုဒ်မ ၃၂၅ တို့သည် အာမခံပေးခွင့် ရှိသောအမှုများ ဖြစ်ပြီး ထက်မြသည့် လက်နက်တစ်ခုခု ဖြင့် အပြင်းအထန်နာ ကျင်စေမှု ပုဒ်မ ၃၂၆ သည်အာမခံပေးခွင့်မရှိသော အမှု ဖြစ်ကြောင်း၊ သို့သော်ကျူးလွန်သူသည် ဖျားနာ နေခြင်း၊ အမျိုးသမီးဖြစ်ခြင်း စသည်တို့ပေါ် မူတည်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၈ အရ အာမခံပေးနိုင်ကြောင်း သိရသည်။မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှု များသည် အများပြည်သူ   အေးချမ်းသာယာရေးကို အနှောင့်အယှက်ဖြစ်ပါက အရေးပေါ်စီမံမှုဥပဒေ ပုဒ်မ ၅(ည)ဖြင့် စွဲနိုင်ကြောင်း ၄င်းက ပြောသည်။ ”၂ဝ၁ဝ လောက်အ ထိ နိုင်ငံရေးလုပ်ရင် စကားတစ်ခုပြောလိုက်လို့ မှားတယ်ဆိုရင် ၅(ည)နဲ့ အရေးယူ လိုက် တယ်။ အရေးယူချင်တဲ့ကိစ္စဆို ပုဒ်မ လေးငါးခြောက်ခုနဲ့ အရေးယူခဲ့တာတွေ ရှိတာပဲ။ ဆိုလိုတာက တရားစွဲတဲ့အဖွဲ့ အစည်း၊အုပ်ချုပ်တဲ့အာဏာပိုင်တွေက ဒီပြဿနာကိုမလို လားဘူး၊ မဖြစ်စေချင်ဘူးဆို ရင် ထိရောက်တဲ့ ပုဒ်မ၊ ထိုက်တန်တဲ့ပုဒ်မနဲ့ အရေးယူ၊ တရားရုံး ကလည်း ထိထိရောက်ရောက် အပြစ်ပေး၊ အဲဒီ လိုလုပ်ရင် ဒါတွေလျော့ပါးသွားမှာ ပဲ” ဟု ဦးကိုနီ က ပြောသည်။ လိုအပ်ပါကအဆိုပါအမှုများအ တွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းသင့်ကြောင်းလည်း အထက်ပါပုဂ္ဂိုလ်များက ပြောသည်။
”လက်ရှိ တည်ဆဲဥပဒေတွေက သိပ်ပြီး တော့ ကြာနေပြီ။ သိပ်ကြာ မြင့်တဲ့ကာလက ပြဋ္ဌာန်းထားတာဆိုတော့ အရာရာကို ခြုံငုံမိ အောင်တော့မရှိ ဘူး။ ကျိုးကြောင်းခိုင်လုံမှု မရှိဘဲ အုပ်စုဖွဲ့ရမ်းကားတာတို့၊ ကားမှန်ဖျက်ဆီးတာတို့၊ လူတွေကိုလိုက်ရိုက်တာတို့နဲ့ပတ်သက်ပြီး သီး သန့်ဥပဒေမရှိ ဘူး။ ဥပဒေတစ်ခု ပြဋ္ဌာန်းသင့် တယ်” ဟု တရားလွှတ်တော်ရှေ့နေဦးကိုနီက ပြောကြားခဲ့သည်။ယခင်လအတွင်းက ပြည်သူ့ရင်ပြင် Happy Zone အပန်းဖြေကစားကွင်းတွင် လူငယ်တစ်စု က အသက် ၃ဝ ကျော်အရွယ် အမျိုးသားတစ်ဦးကို ရန်စ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး ယခုလ ၁၁ ရက်နေ့ တွင်လည်း အရာရှိကြီးအချို့၏သားများ ပါဝင် သည့်လူငယ်တစ်စုက ကင်ဒိုဓားနှင့် သံပိုက်လုံး များဖြင့် ရုပ်ရှင်သရုပ်ဆောင် သျှိုင်းနှင့်ဝင်ရောက်   ဖြန်ဖြေသူ မင်းသတ္တိတို့အား ရိုက်နှက်ခဲ့သည်ဟု သျှိုင်းကဆိုကြောင်း ဧပြီ ၂၂ ရက်ထုတ် The Voice Daily တွင် ဖော်ပြထားသည်။
မေဇင်ဝင်း

"ကျနော့် မျက်စိနဲ့ ကိုတွေ့တာ။ လူနှစ်ယောက်က သေနှင့် နေပြီ။ ကျနော် ရှေ့မှာဘဲ နောက် ငါးယောက် ကို သတ်လိုက်တယ်။"

သူဟာ မွတ်စလင် တွေကို ကာကွယ်ဖို့ လုပ်ပါ သေးတယ်။ ဒါပေမယ့် ဒီလူအုပ် ကြီးက သူ့ကို ခြိမ်းခြောက် တယ်လို့ ပြောပါတယ်။ အဲဒီ နောက်မှာတော့ မန္တလေး တိုင်းမှူး ဗိုလ်မှူး ရဲမြင့်ကို ဖုန်းခေါ်ပြီး အဖြစ် အပျက် တွေကို တင်ပြ ပါတယ်။ “သူက ရဲတွေကို အရေးယူ လုပ်ဆောင် ကြဖို့ အမိန့် ပေးထား ပြီးပြီလို့ ပြောပါတယ်။ ဒါပေမယ့် ဘာမှ လုပ်ကိုင် ဆောင်ရွက်တာ မရှိဘူး” လို့ ဦးဝင်းထိန်က ပြောပါတယ်။ 

ပြည်မြို့တွင် ချိန်းတွေ့နေသည့် သမီးရည်းစား စုံတွဲအား လူ ၃ ဦးမှ ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိရာ တပ်မတော်သားများဖြစ်နေ

ယမန်နေ့ည ၉ နာရီခန့်က ပြည်မြို့ ဆင်စုရပ်ကွက်အနီး ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေးတံတားအောက်) တွင် ချိန်းတွေ့နေသည့် သမီးရည်းစား စုံတွဲအား လူ ၃ ဦးမှ ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိရာ တပ်မတော်သားများဖြစ်နေကြောင်း သိရသည်။

ဧရာဝတီမှ စုံစမ်းသိရှိရသလောက် ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲမှ အသက် ၂၁ နှစ်အရွယ် အမျိုးသား သေဆုံးခဲ့ရပြီး အသတ်ခံရသော်လည်း မသေဘဲ လွတ်မြောက်လာသူ အမျိုးသမီး၏ အကူအညီ တောင်းခံရမှုကြောင့် အရပ်သားများက ကျူးလွန်သူများကို ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ကျူးလွန်သူ ၂ ဦးကို လက်ရဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

“အင်္ကျီချွတ်နဲ့ လူသုံးယောက် ပထမတခါ မီးခြစ်လာငှားတယ်။ နောက်တခါ ကျတော့ ဘာမှမပြောဘဲ ကျမကို နောက်ကျော ကနေ သိုင်းဖက်၊ လည်းပင်းညှစ်ပြီး အနိုင်ကျင့်တော့တာပဲ။ မျက်နှာနဲ့ ခေါင်းကို လက်သီးနဲ့ ထိုးတယ်။ ပြီးတော့ ကျမပေါင်ကို ဖိထိုင်ပြီး လည်ပင်းညှစ်တော့ ကျမလည်း အသတ်ရှုကျပ်လို့ အသက်မရှုတော့ဘဲ သေချင်ယောင်ဆောင် လိုက်တယ်။ သေပြီထင်လို့ ကျမ ပိုက်ဆံအိတ်နဲ့ လက်စွပ်ကို ဖြုတ်ယူသွားတယ်။ အခြေအနေကြည့်ပြီး View Point က ဆိုင်ကယ်အပ် လက်ခံတဲ့ အန်တီကြီးကို အရင်ဆုံး အကူအညီတောင်းခဲ့ရတာပါ” ဟု ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသော အမျိုးသမီးဖြစ်သူက ဧရာဝတီသို့ပြောသည်။

ဆင်စုရပ်ကွက်တွင် နေထိုင်သူများက သွေးသန်ရဲရဲဖြင့် ရောက်လာသည့် မိန်းခလေး၏ ငိုယို အကူအညီတောင်းမှုကြောင့် ဆေးရုံပို့ခဲ့ပြီး ကျူးလွန် သူများအား ၀ိုင်းဝန်းရှာဖွေစဉ် ကိုင်းတောထဲမှ တက်လာသူ ၂ ဦးကို တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် ဧရာဝတီမြစ်ကမ်းစပ်တွင် လည်ပင်းနှင့် မျက်နှာတွင် အညိုအမည်း ဒဏ်ရာများနှင့် သေဆုံးနေသည့် အမျိုးသားဖြစ်သူကို တွေ့ရှိရပြီး ဆေးရုံသို့ ထပ်မံ ပို့ဆောင်ခဲ့ကြောင်း လိုက်လံ ကူညီသူ တဦးဖြစ်သည့် ကိုထိုက်က ရှင်းပြသည်။

လက်ရဖမ်းဆီးမိသူ နှစ်ဦးသည် ပြည်မြို့ အခြေစိုက် ခရလ ၇၅ မှ တပ်သားများ ဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာ နေရာနှင့် မနီးမဝေး ရန်ကုန် – ပြည် ကားလမ်းပေါ်တွင် ဒုရဲအုပ် စန်းဦးထံ အရပ်သားများမှ အပ်နှံခဲ့ပြီး ၎င်းမှ ထပ်မံ၍ ခရလ ၇၅ မှ ဗိုလ်ကြီး မင်းသူအောင်ထံ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ပ/ ၂၉၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ နှင့် ၃၂၅ အရ အမှုဖွှင့်ထားကာ ကျူးလွန်သူ ၃ ဦးအနက် ထွက်ပြေး လွတ်မြောက်သွားသူ မည်သူမည်ဝါ ဖြစ်သည်ကို စစ်ဆေးလျှက်ရှိကြောင်း ပြည်မြို့နယ် ရဲမှူး ဦးမြင့်ဦးကပြောသည်။

“ကောင်လေးက သေသွားတော့ ပုဒ်မ ၃၀၂ လူသတ်မှုပေါ့၊ နောက်တခုက ၃၂၅၊ လောလောဆယ် အမှု နှစ်ခုနဲ့ ဖွင့်ထားတယ်။ တခြား ပုဒ်မတွေလည်း ထပ်တိုးလာစရာ ရှိနိုင်ပါသေးတယ်။ တရားခံတွေ လက်ရဖမ်းဆီးမိခဲ့တာ ဆိုတော့ ထိထိရောက်ရောက် အရေးယူသွားမှာပါ” ဟု ရဲမှူးက ဆက်လက်ပြောကြားသည်။

ကျူးလွန်သူများအား ဒုရဲအုပ် စန်းဦးလက်သို့ အရပ်သားများ လွှဲပြောင်းပေးစဉ် လူစုခွဲကြရန်နှင့် ၎င်းက “မဖြစ်စလောက် ပြဿနာကို ဘာလို့ ဒီလောက် လူစုနေကြတာလဲ” ဟုပြောဆိုခဲ့ခြင်းနှင့် ဗိုလ်ကြီးမင်းသူအောင်ထံ ထပ်ဆင့် လွှဲပြောင်း ပေးခဲ့သည်အပေါ် မကျေနပ်ကြသော အရပ်သား ၅၀ ခန့်တို့သည် ပြည်မြို့အမှတ် ၂ ရဲစခန်းကို သွားရောက် စုံစမ်း မေးမြန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကျူးလွန်သူများသည် တပ်မတော်သားများ ဖြစ်သောကြောင့် တပ်ဥပဒေနှင့်အညီ ဗိုလ်ကြီး မင်းသူအောင်ကို လွှဲပြောင်း ပေးအပ်ရခြင်းဖြစ်ပြီး ၎င်းကျူးလွန်သူများသည် လက်ရှိ တပ်အချုပ်ထဲတွင် ရှိကြောင်း၊ ဒုရဲအုပ် စန်းဦးအနေဖြင့် ကျူးလွန်သူ တပ်သားများကို တပ်ကို လွှဲပြောင်း ပေးပိုင်ခွင့် ရှိကြောင်း၊ ရဲအရေးပိုင်၍ အမှုဖွင့်ထားကာ ထိုသူများကို အရပ်ဘက်သို့ လွှဲပြောင်းစေပြီး တရားစွဲသွားမည်ဖြစ်ကြောင်း၊ ဒုရဲအုပ် စန်းဦး၏ ပြောစကားအပေါ် စိတ်မခုကြစေရန်နှင့် ၎င်း၏ ပြောဆိုမှုအပေါ် သင်ခန်းစာအဖြစ် မှတ်ယူသွားမည်ဖြစ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမြင့်ဦးက အရပ်သားများအား ပြန်လည် ပြောဆိုခဲ့သည်။

အကြမ်းဖက် လုယက်ခံခဲ့ရသည့် အမျိုးသမီးကို ပြည်မြို့ ဆေးရုံပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ – ကောင်းမြတ်မင်း / ဧရာဝတီ)

Credit to-Irrawaddy News
ပည်မြို့တွင် ချိန်းတွေ့နေသည့် သမီးရည်းစား စုံတွဲအား လူ ၃ ဦးမှ ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိရာ တပ်မတော်သားများဖြစ်နေ

No comments :