Wednesday 10 April 2013
ပြည်တွင်း ပြည်ပ သတင်းများ
***တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားနယ်စပ်ကြားဒေသတစ်ခုဖြစ်တဲ့...ပန်မွန်ဂျူးနဲ့ ဖာဂျူး ( 파주 ) ဒေသအနီးမှာ.....ယနေ့ ....ဒေသစံတော်ချိန်..ညနေ (၃း၅၀).မှာစတင်တိုက်ပွဲများဖြစ်ပွားနေပြီး...မြောက်ကိုရီးယားဘက်မှလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်လျှက်ရှိကြောင်းသတင်းရရှိပါသည်။ယခုအချိန်ထိတိုင်အောင်..နူကလီးယား..ထိပ်ဖူးတပ်ဒုံးကျည်ဖြင့်ပစ်ခတ်မှုများ...မတွေ့ ရသေးကြောင်း...အမေရိကန်လေတပ်စခန်းမှပေးပို့ လာသည့်သတင်းများအရသိရှိရသည်။....စစ်ရေးအခြေနေကို..ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ဖြေရှင်းလျှက်ရှိပြီး...ပင်တဂွန်နှင့်တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဋ္ဌာနတို့ ပူးတွဲအစည်းဝေး...အရေးပေါ်ကျင်းပဖွယ်ရှိကြောင်းသတင်းရရှိသည်။***
***တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားနယ်စပ်ကြားဒေသတစ်ခုဖြစ်တဲ့
.ပန်မွန်ဂျူးနဲ့ ဖာဂျူး ( 파주 ) ဒေသအနီးမှာ.....ယနေ့ ....ဒေသစံတော်ချိန်..ညနေ (၃း၅၀).မှာစတင်တိုက်ပွဲများဖြစ်ပွားနေပြီး...မြောက်ကိုရီးယားဘက်မှလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်လျှက်ရှိကြောင်းသတင်းရရှိပါသည်။ယခုအချိန်ထိတိုင်အောင်..နူကလီးယား..ထိပ်ဖူးတပ်ဒုံးကျည်ဖြင့်ပစ်ခတ်မှုများ...မတွေ့ ရသေးကြောင်း...အမေရိကန်လေတပ်စခန်းမှပေးပို့ လာသည့်သတင်းများအရသိရှိရသည်။....စစ်ရေးအခြေနေကို..ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ဖြေရှင်းလျှက်ရှိပြီး...ပင်တဂွန်နှင့်တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဋ္ဌာနတို့ ပူးတွဲအစည်းဝေး...အရေးပေါ်ကျင်းပဖွယ်ရှိကြောင်းသတင်းရရှိသည်။
အမေရိကန် စစ်သား-စက်ရုပ်ဝတ်ဆုံ
အမေရိကန် ကြည်းတပ် အသုံးပြုဖို့အတွက် ရည်ရွယ်လို့ ကုမ္မဏီ တစ်ခု က ထုတ်လုပ်ဖန်တီးပေးခဲ့တဲ့ ဝတ်စုံ ဖြစ်ပါတယ်။ 
Exoskeleton (XOS2) လို့ အမည်ရပါတယ်။ ယင်း အဝတ်ကို ဝတ်ဆင် လိုက်ပြီဆိုရင် သာမန် လူထပ် ၁၇ ဆ ပိုမို သန်မာမယ်လို့ ဆို ပါ တယ်။ ပေါင် ၂၀၀ အလေးချိန်ကို အလွယ်တကူ မနိုင်ပြီး သာမန် လူအတိုင်း သယ်နိုင်၊ သွားနိုင်ပါတယ်။ တောင်ပေါ် တက်၊ တောင်အောက် ဆင်း၊ ခရီးကြမ်း မျိုးစုံကို အလွယ်တကူ သွားလာနိုင်မှာ ဖြစ်ပါတယ်။ 
ပေါင် ၂၀၀ အထက်မက အလေးချိန်ကို အကြိမ်ပေါင်း တစ်ရာကျော်မကလည်း သယ်နိုင်ပါတယ်။ ဒီအတွက် ဝတ်ဆုံက သူ့ပါသူ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဈေးလည်း မနည်းပါဘူး။ Research မှာတင် ကုန်ကျစရိတ်အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီ အကုန်ခံထားပြီး Set တစ်ခုတိုင်းစီအတွက် တန်ဖိုးကတော့ အမေရကန်ဒေါ်လာ သန်းနဲ့ချီမှာ ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: techblog
ရိုးရာလေး နည်းပညာ 
--
http://www.yoyarlay.com/science-tech/134-inventions/35121-exoskeleton-xos2
မြန်မာ့ဆန် ဂျပန်က စတင်ဝယ်ယူနေ 
မကြာခင်ကာလမှာ မြန်မာနိုင်ငံက ဆန်တန်ချိန် ၅၀၀၀ ကို ဂျပန်နိုင်ငံက ၀ယ်ယူဖို့ ပြင်ဆင်နေတယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဒီနေ့မှာရေးသားပါတယ်။
ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံက ဆန်ကိုဝယ်ယူဖို့ နှစ်ပေါင်း ၄၅ နှစ်ကျော်မှာ ပထမဆုံးအကြိမ် သဘောတူလိုက်တာ ဖြစ်ပါတယ်။
အခု ဂျပန်က၀ယ်ယူမယ့် ဆန်အမျိုးအစားကတော့ ဆန်ကျိုး တမတ်သား ၂၅%  အမျိုးစားဆန်ဖြစ်ပြီး သိပ်မကြာခင်ကာလမှာ တန်ချိန်ငါးထောင်ကို ၀ယ်ယူမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့သတင်းပတ်ကတည်းက ပြောဆိုနေကြတာပါ။
ဂျပန်ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ အားပြုဆောင်ရွက်လာခဲ့သလို ဆန်ထုတ်လုပ်ရေးမှာလည်း ဆန်ကြိတ်ခွဲသန့်စင်စက်ရုံ ၄ ခုကို ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်တွေမှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ အဲဒီစက်ရုံတစ်ရုံစီကနေ နှစ်စဉ်ဆန်တန်ချိန် ၄ သိန်း ကြိတ်ခွဲထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ဆန်တန်ချိန် ၁ ဒဿမ ၂ သန်း ပြည်ပကို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
Han Win Aung
၁၀-၄-၂၀၁၃
လက်ပန်တောင်းတောင်ဒေသလယ်ယာမြေကာ
ကွယ်ရေးလှုပ်မှု 
ရှားမှုကိုတုံရွာ(အလယ်တော)၌ဆောင
်ရွက်ခဲ့ပါသည်၊လယ်သမားများအနေ
ဖြင့်မိမိလယ်ယာမြေများကိုဦးပို
င်ကုမ္ပဏီကိုမရောင်းချမလွဲပြောင်းပါဟုသော
သဘောထားကိုသိစေရန်ဆိုင်းဘုတ်တင်
အခမ်းအနားနှင့်ဆန္ဒပြုလက်မှတ်
ထိုးပွဲကိုစုဝေးပြုလုပ်ခဲ့ပါသည်၊၊ဆည်တည်းရွာနေဒေါ်မြင့်မြင့်ရင်နှင့်ဒေါ်ခင်စိုး
မြင့်တို့၏လျှော်ကြေး(သို့)ရောင်းချထားခြင်းမရှိသောမြေကွက်ပေါ်၌ဦးပိုင်ကုမ္ပ
ဏီမှကြေးနီစီမံကိန်းအတွက်မတရားသိမ်းပိုက်ပြီးအုတ်ခဲများပုံထားပါသည်၊
ထိုအုတ်ပုံများအားပြန်လည်ဖယ်ရှားပေးရန်ဆားလင်းကြီးအာဏာပိုင်များထံ
၃-၄-၂၀၁၃ရက်နေ့ကတင်ပြထားပြီးယနေ့တွင်ရွာသားများမှဆားလင်းကြီး
မြို့နယ်အုပ်ချူပ်ရေးမှုဦးကျော်သောင်းအားသွားရောက်မေးမြန်းခဲ့ပါသည်၊
ဦးကျော်သောင်းမှနိုင်ငံတော်စီမံကိန်းဖြစ်ခြင်း၊ပုဒ်မ(၁၄၄)ထုတ်ပြန်ထားခြင်း
တို့ကြောင့်မရွေ့ပေးနိုင်ကြောင်းဖြေကြားခဲ့ပါသည်၊၊ရွာသားများမှတာဝန်ယူ
မှုရှိရန်နှင့်တရားဝင်စာတင်ထားသည့်အတွက်ရုံးလုပ်ထုံးလုပ်နည်းများနှင့်
အညီအကြောင်းပြန်ပေးရန်တင်ပြခဲ့ပါသည်၊၊လက်ပန်တောင်းတောင်ဒေသ
လယ်သမားများအနေဖြင့်ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေးတောင်းဆိုမှုကို
အရှိန်ကြာမြင့်စွာကန့်ကွက်လာရာမှအာဏာပိုင်များအနေဖြင့်၊နည်းမျိုးစုံ
သုံးပြီးဖြိုခွဲလာမည်ကိုစနစ်တကျကာကွယ်သွားနိုင်ရန်အသိပညာပေးမှုများ
ကိုဆောင်ရွက်နေကြပါသည်၊လယ်သမားများအနေဖြင့်တရားမျှတရေးအ
တွက်ဆက်လက်တောင်းဆိုရပ်တည်သွားမည်ဖြစ်သည်၊၊
၁၀-၄-၂၀၁၃
လက်ပန်တောင်းတောင်ဒေသပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကော်မတီ
ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်း၊ ရှမ်းမြောက်တွင် မြေပြို
ခိုင်ခိုင် | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁၀ ရက် ၂၀၁၃ ခုနှစ် 
ရန်ကုန်(မဇ္ဈိမ)။      ။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း(ပလောင်) ဒေသတွင် သဘာဝဓာတ်ငွေ့နှင့်
ရေနံပိုက်လိုင်းများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဆိုးရွားလာနိုင်ကြောင်း နမ့်ဆန်ဒေသခံ တဦးမဖြူက ပြောသည်။
၎င်းက “ ကျွန်မတို့ နမ့်ဆန်မှာ မိုးရာသီတိုင်း မြေပြိုတယ်။ မြေသားတွေလဲ မကောင်းတော့ဘူး။ အထွက်နှုန်းလဲ သိသာတယ် လျော့သွားတယ် ” ဟုဆိုသည်။
အဆိုပါ သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှု အတွက် ကုမ္ပဏီဘက်မှ မည်သို့ ဆောင်ရွက် ပေးမည် ဆိုသည်ကို မသိရှိရကြောင်း မဖြူကပြောသည်။
တအာင်းကျောင်းသားနှင့် လူငယ်များ အဖွဲ့မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) မိုင်မျိုးအောင်က ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသခံ (၈၀၀၀) ကျော်မှာ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများမှ အနံ့ဆိုးများကြောင့် အခက်အခဲများ ရှိနေပြီး သောက်သုံးရေများမှာ မသန့်ရှင်းတော့ကြောင်း မဇ္ဈိမသို့
ပြောသည်။
မိုင်မျိုးအောင်က “တချို့နေရာတွေမှာတော့ ရေတွေက သုံးမရဘူး အနံ့ဆိုးတွေ ထွက်နေတယ်။ မိုးရာသီမှာ ဆိုရင် မြေပြိုတာ ဖြစ်တတ်တယ်။ ရေတိုက်စားတဲ့ နေရာတွေ များတယ်” ဟု ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဒေသခံများ၏ လယ်ယာမြေများသာမက သစ်တောများ၊ မြစ်ချောင်းများပါ ပျက်စီးနေရကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ခံ မိုင်လမိုင်းက ပြောသည်။
 ၎င်းက“ ကျွန်တော်တို့ လေ့လာချက်တွေအရ မြေယာတွေကော သဘာဝ ပတ်ဝန်းကျင်ပါ ပျက်စီးနေပါတယ်။
ချောင်းရေတွေ ခန်းသွားတယ်။ မှောင်ခိုဒေသလို ဖြစ်လာတယ်။ မှောင်ခိုဇုန်တွေ ဖြစ်လာတယ်။ မူးယစ်ဆေးဝါး
တွေ ရောင်းဝယ်နေကြတယ်။ စစ်တပ်တွေကလည်း မသိသလိုပဲ မျက်ကွယ် ပြုနေကြတယ် ” ဟု ဆိုသည်။  
၂၀၁၂ခုနှစ် ဖေဖော်ဝါရီ ၂၈ရက်နေ့ နမ့်ခမ်းမြို့ အနီးတွင် ဓာတ်ငွေ့ ပိုက်လိုင်း စမ်းသပ်ရေလွှတ် ကြည့်စဉ်
ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး၊ မတ်လ ၂၃ရက်နေ့တွင်လည်း နမ္မတူမြို့အနီးတွင် ဓာတ်ငွေ့ပိုက်လိုင်း ထပ်မံ တူးနေစဉ် ပေါက်ကွဲမှု ထပ်ဖြစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ထိုပေါက်ကွဲမှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် လုပ်ဆောင်မထားမှုမှာ သိသာ လာကြောင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များကို အမှန်တကယ် တင်ပို့ချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားမည်ကို
ဒေသခံများက အထူးစိုးရိမ်နေကြကြောင်း တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့မှ အလုပ်မှုဆောင် အဖွဲ့ဝင် မလွေးကွယ်က ရှင်းပြသည်။
ပိုက်လိုင်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ (EIA) နှင့် လူမှုဝန်းကျင် ထိခိုက်မှု ဆိုင်ရာ လေ့လာချက် (SIA) များ လုပ်ပေးဖို့ တောင်းဆိုထားကြောင်း ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီမှ ကိုအိုလာက ဆိုသည်။
ကုမ္ပဏီမှ တာဝန်ရှိသော ကိစ္စများ မှန်သမျှကို တာဝန်ယူရန် လိုအပ်ကြောင်း ရိုးရိုးသားသား နေရမည်ဟု ဦးအုန်းက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ခမ်း၊ မန်တုံ၊ နောင်ချို မြို့နယ်များတွင် သစ်တော
ပြုန်းတီးမှုများ ဖြစ်ပေါ်နေပြီး စမ်းချောင်းများမှ ရေမစီးဆင်းနိုင်တော့ခြင်းကြောင့် သောက်သုံးရေ အခက်အခဲများ ရှိနေကြောင်း၊ တအာင်း လူမျိုးများ၏ အသက်မွေး ဝမ်းကျောင်း ဖြစ်သော လက်ဖက်ခြံများ လယ်ယာမြေများမှာ တူးမြောင်းဖောက်လုပ်ခြင်း လမ်းများဖောက်လုပ်ခြင်း တို့ကြောင့် မြေယာများ ပျက်စီးကြရကြောင်း နှင့် အသက်မွေး ဝမ်းကျောင်းမှု ထိခိုက်ကာ သစ်တောပြုန်းတီးမှုများကြောင့် ဂေဟစနစ် ပျက်စီးသွားနိုင်ကြောင်း ဒေသခံများက ပြောသည်။
မျိုးချစ်တစ်ယောက်က ပို့ပေးထားလို့ ရှယ်ပေးလိုက်ပါတယ်...
“ဆရာတော် ဦးဥတ္တမ ဘယ်ထောက်ထိ ဆွမ်းဘုန်းပေးနိုင်သလဲ”  
Aung Tin 
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ထင်ရှားသော ဆရာတော်ဦးဥတ္တမအား စာရေးဆရာကြီး ရွှေဥဒေါင်းသည် တစ်နေ့သ၌ ဆွမ်းဖိတ်ကျွေးခဲ့၏။ “(၁) ကြက်တစ်ကောင်ရို့စ် (ပြုတ်ကြော်)၊ (၂) အရည်ခပ်များများနှင့် ဘဲတစ်ကောင်စွပ်ပြုတ်၊ (၃) ၀မ်းဘဲဥခြောက်လုံး ဟတ်ဘွိုင်၊ (၄) ၀က်အူချောင်းကင် ၂၅ကျပ်သား၊ (၅) ငါးကြင်းသားကျပ်၊ (၆) နွားနို့ငါးဆယ်သားတို့ကို အသင့်ပြင်ထားပြီးလျှင် မိတ်ဆွေကိုခင်မောင်တင့်အားလည်း ထမင်းစားဖိတ်ထား၏။ ၎င်းနံနက်တွင် ကျွန်ုပ်တို့အတွက် အထူးတလည် မစီမံဘဲ ကိုခင်မောင်တင့်သည် အနီးတွင်ထိုင်လျက် စောင့်ကြည့်နေကြ၏။ ဆရာတော်သည် တစ်ကောင်လုံးပေါင်းပြီး ၀မ်းဘဲဥပုံ ပန်းကန်ပြားကြီးတွင် ထည့်ထားသော စွပ်ပြုတ်ရည်ထဲမှ တစ်ဝက်ခန့်မျှသော အရည်များကို သောက်ချလိုက်ပြီးနောက် ဘဲသားကိုဖဲ့၍ ဘုဉ်းပေး၏။ ရင်အုပ်နှင့်ပေါင်များ ကုန်သည့်နောက် တောင်ပံရိုးစသည်များကို ကိုက်လိုက်သေး၏။
၎င်းနောက် ရို့စ်လုပ်ထားသော ကြက်ကောင်ကို လှမ်းကိုင်၍ ဘဲကောင်ရောက်နှင့်သော နေရာသို့ ပို့လိုက်၏။ ကြွင်းကျန်သော ဘဲရိုးနှင့်ကြက်ရိုးများမှာ အညီအမျှလောက်ရှိ၍ မည်သည့်အရိုးတွင်မှ အသားထူထူကပ်လျက် မရှိတော့ချေ။ ကြက်ကောင်ကုန်သည့်နောက် တစ်ဝက်ခန့် ကျန်သေးသော ဘဲစွပ်ပြုတ်ရည်ထဲမှ နောက်ထပ် တစ်ဝက်သောက်ပြန်၏။ အနီးမှ ထိုင်ကြည့်နေကြသော ကျွန်ုပ်တို့သုံးယောက်သည် တစ်ယောက်မျက်နှာကို တစ်ယောက် လှမ်းကြည့်နေကြလေပြီ။
၎င်းနောက် ဆရာတော်သည် ဘဲဥဟတ်ဘွိုင်ခြောက်လုံးနှင့် ၀က်အူချောင်းကို ဘုဉ်းပေးရင်း ကျန်နေသေးသော ဘဲစွပ်ပြုတ်ရည်ထဲမှ တစ်ချက်တစ်ချက်တွင် တစ်ဇွန်းနှစ်ဇွန်း ခပ်၍ သောက်၏။ ၎င်းတို့ ကျွတ်သောအခါ ငါးကြင်းသားကြော်ကို လှမ်းကိုင်၍ အာခြောက်သောအခါတွင် စွပ်ပြုတ်ရည်ဖြင့် ကျိုက်ချ၏။ ငါးကြော်လည်း ကုန်၍ စွပ်ပြုတ်ရည်လည်း ပြောင်လေပြီ။ ဤတွင်မှ ဆရာတော်သည် နွားနို့ငါးဆယ်သားကို စကားတပြောပြောနှင့် တဖြည်းဖြည်း ကျိုက်၍ ကျိုက်၍ ချလေရာ ကျွန်ုပ်မှာ ဆရာတော်ဘုဉ်းပေးပြီးအောင် စောင့်၍ မကြည့်နိုင်တော့ဘဲ ဖိတ်ခေါ်ထားမိသော ဧည့်သည်နှင့် ကျွန်ုပ်တို့အတွက် ဘဲကင်တစ်ကောင် ပြေးဝယ်ရပါတော့သည်။
(စာရေးသူ နန္ဒာမိုးကြယ်၏ သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက် {၁၀၀} စာအုပ်ထဲမှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည် . . . စာအုပ်စင်ကဏ္ဍ)
အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေသော ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့အစည်းမှခေါင်းဆောင်တစ်ဦးဖြစ်သည့် ဌေးကြွယ်သည် မတ်လ၊ ၂၀ ရက်က အမေရီကန်ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ IRI ရုံးတွင် International Republican Institute ဥက္ကဋ္ဌ Lorne W. Craner နှင့် IRI Asia Programအဖွဲ့နှင့်တွေ့ဆုံခဲ့ရာ  ဌေးကြွယ်က လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအတွက်  အရည်အသွေးမြှင့်တင်ရေး နည်းပညာနှင့်သင်တန်းများ အကူအညီပေးရေးတို့ကို အဓိကထားဆွေးနွေးပြောကြားခဲ့သည်။
 ကိုဌေးကြွယ် ဆွေးနွေး 
အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေသော ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့အစည်းမှခေါင်းဆောင်တစ်ဦးဖြစ်သည့် ဌေးကြွယ်သည် မတ်လ၊ ၂၀ ရက်က အမေရီကန်ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ IRI ရုံးတွင် International Republican Institute ဥက္ကဋ္ဌ Lorne W. Craner နှင့် IRI Asia Programအဖွဲ့နှင့်တွေ့ဆုံခဲ့ရာ ဌေးကြွယ်က လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအတွက် အရည်အသွေးမြှင့်တင်ရေး နည်းပညာနှင့်သင်တန်းများ အကူအညီပေးရေးတို့ကို အဓိကထားဆွေးနွေးပြောကြားခဲ့သည်။
ဦးခင်ညွန့် ဖမ်းဆီး ထောင်ချခဲ့ တဲ့ "တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"
by Thein Win
"သံဃာ့ဂိုဏ်း မသင့်စေဖို့ "
မိမိသည် နိုင်ငံရေး ဘုန်းကြီးလည်း မဟုတ်ပါ နိုင်ငံရေး ပိုစ့်များလည်း မရေးပါ
သို့ သော် ရေးချိန်တန်လာသောကြောင့် ရေးလိုက်ပါသည်
"အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ"
သံဃာတော်များအတွက် ပရိယတ္တိသာသနာနှင့်ဆိုင်သော ကျမ်းစာအားလုံး
ရေးသားတော်မူခဲ့သည် ။ သုတ္တန်ဘာသာ ဋီကာ တအုပ်သာ ရေးဖို့ ကျန်ခဲ့သည်
ရုပ်ပုံ ရှင်ကျင့်ဝတ်မှ စ၍ အခြေပြုသဒ္ဒါ နာမ်ဂိုဏ်းစဉ် အာချာတ်ဂိုဏ်းစဉ် မှသည်
အဆင့်မြင့်မားလွန်းသော စာပေများ သံဃာထု အားလုံး အသုံးပြုကြရသည်
လူများအတွက် ရတနာဂုဏ်ရည် ကိုယ်ကျင့်အဘိဓမ္မာ မှသည် အဆင့်မြင့် ပုဂ္ဂိုလ်
ဖြစ်နိုင်သည့်အထိ ကျမ်းစာပေါင်း များစွာ ရေးသားတော်မူသည်
သာသနာတော်ဝယ် နေလိုလလို ထွန်းထောက်တော်မူခဲ့၍ ၂၁ ရာစု ဗုဒ္ဓဃောသ ဟုပင်
နာမည်တွင်ခဲ့ နာမည်တင်နေဆဲဖြစ်သော ဆရာတော်ဖြစ်ပါသည်
"တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"
 အမရပူရ မဟာဂန္ဓာရုံဆရာတော်၏ တပည့်အရင်း တပါးဖြစ်တော်မူသည်။
သက်တော် ၂၇ သိက္ခာ ၀ါတော် ၇ ၀ါမျှဖြင့် တိပိဋကဓရ ဖြစ်တော်မူခဲ့၍
တိပိဋကဓရ ဖြစ်သည်နှစ်တွင် ရန်ကုန်မြို့  ကမ္ဘာအေး မဟာဂန္ဓာရုံ ကျောင်းတိုက်ကို
တည်ထောင်တော်မူသည်တစ်ကြိမ်ပို့ ချလျှင် တစ်နာရီခွဲ ဖြင့် တစ်နေ့ လျှင် စာဝါ ၇ ၀ါ ၈ ၀ါမျှ
ပို့ ချတော်မူခဲ့သည်
 မန္တလေးမြို့တွင် သံဃာတော်များကို စစ်တပ်မှ ပစ်ခတ်၍ မန္တလေးသံဃာထုမှ ဗိုလ်ချုပ်မှုးကြီးစောမောင် ဦးဆောင်သော န၀တ အစိုးရအား သပိတ်မှောက် သံဃာကံပြုတော်မူကြသည်
 သာသနာအတွက် အသက်စွန့် လှူထားတော်မူသော တိပိဋကဓရ ဆရာတော်သည်
သပိတ်မှောက်ကံဆောင်သော သတင်းကို ကြားသောအခါ မိမိတပည့်များအား
သြ၀ါဒပေးတော်မူသည်
 သံဃာဆိုတာ ညီညွတ်ရသည် .. သံဃာအဆက်ဆက် ညီညွတ်ခဲ့၍ ယနေ့ တိုင်အောင်
သာသနာတော်တည်နေခြင်းဖြစ်သည်မန္တလေးသံဃာက အစိုးရကို သပိတ်မှောက် ကံဆောင်၍ ရန်ကုန်သံဃာက သပိတ်မမှောက်ခဲ့သော်သံဃာညီညွတ်ရေး ပျက်ပြားလိမ့်မည် သံဃာညီညွတ်ရေးကို ရှေးရှု၍ သာသနာအတွက် တာဝန်ကျေရမည်ဟု မိန်တော်မူသည်
အင်းစိန်ရွာမ တိုက်အုပ်ဆရာတော် ။ ရွှေဘုန်းပွင့်ဆရာတော် ။ ကျောက်ကုန်းမေဒိနီ ဆရာတော်စသောထင်ရှားသောဆရာတော်များကို ပင့်ဖိတ်၍ ဆရာတော်က ဥက္ကဌ ။ အင်းစိန်ရွာမ တိုက်အုပ်ဆရာတော်ကအတွင်းရေးမှုး တာဝန်ယူကာ စစ်အစိုရအား သပိတ်မှောက်ကံပြုကြောင်း လက်မှတ်ရေးထိုး ပေးပို့ ခဲ့သည်
 တပည့် စာချဘုန်းတော်ကြီးများကို စေလွှတ်၍ ၆ ထပ်ကြီး ဘုရားတွင် အစိုးရအား
သပိတ်မှောက်ကံ ပြုစေတော်မူသည်
ဒီသံဃာ သပိတ်မှောက်လျှင် ကိုးကွယ်စရာ သံဃာများစွာရှိသည်ဟု သဘောထားသော
စစ်အစိုးရသည် ထိုသို့  သပိတ်မှောက်ကံပြုခံရသည်ကို အစပိုင်းတွင် မမှုခဲ့ပါ
နိုင်ငံတော် လမ်းဖွင့်ပွဲစသော ပွဲလမ်းများတွင် သံဃာများကိုပင့်သည် ။ မက်မောလောက်အောင်
TV အောက်စက်မှ အစ လှူသည် .. သို့ သော် ငယ်ဖြူသံဃာများ ကြွရောက်တော်မမူကြ
တောထွက်သံဃာများသာ ကြွရောက်တော်မူကြသည် အစိုးရပြုလုပ်သော သံဃာ့ အခန်းအနားများတွင် သံဃာ့ထိုင်ခုံနေရာများစွာ လွပ်လပ်နေသည် ထို့ ထက်ဆိုးသည်ကား စစ်တပ် မိသားစုဝင်များ ကွန်လွန်သော် အသုဘသို့ ကြွရောက်ခါ ရေစက်ချ သရဏဂုံတင်ပေးမည့်  သံဃာတော်မရှိဖြစ်ရသည် မိမိတို့  တိပိဋက မဟာဂန္ဓာရုံကျောင်းသည်   ချော်တွင်းကုန်း ကပစ ၁၀၆ စစ်တပ်နှင့် နီး၍ထိုသတင်းများကို သိခဲ့ရသည်
 မိသားစုဝင်သေလို့ မှ အသုဘ ရေစက်ချ သရဏဂုံတင်ပေးမည့် ဘုန်းကြီးမရှိသော် မျက်ရည်ကျကြရသောအောက်ခြေ စစ်တပ်မိသားစုနှင့် အထက်အရာရှိများမှ တဆင့် ထိပ်ပိုင်းခေါင်းဆောင်များပြဿနာ တက်ရတော့မည့်အခြေအနေတွင် န၀တ အစိုးရမှ အမိန့် ထုတ်သည်
 သပိတ်လှန်မပေးလျှင် ပြင်းထန်စွာအရေးယူမည်ဟု ဆရာတော့်ထံ စာပို့ သည်
မြန်မာ့အသံမှ တနာရီခြားတစ်ခါ ထိုအမိန့် ကို အသံလွှင့်သည်
အမိန့် ကြေငြာစာ ထုတ်လွှင့်ပြီးချိန်အတွင်း စစ်ချီတေး စစ်သည်တေးများ
အဆက်မပြတ်ထုတ်လွှင့်ခဲ့သည်
 ဆရာတော်က  သပိတ်လှန်လက်မှတ်ထိုးမပေးလိုသော်လည်း အစိုးရအကြောင်းကို
သိတော်မူသော ဆရာတော်၏ ဆရာ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက် သံတော်ဆင့်
ဆရာတော်မှ ဖျောင်းဖျပြောဆို လက်မှတ်ထိုးစေတော်မူသည်
ဆရာ့စကားကို မပယ်ရှားလို၍ သပိတ်လှန်ကြောင်း လက်မှတ်ထိုးပေးခဲ့ရသည်
ထိုညက မှတ်မှတ်ရရ မိုးကြိုး ၁၂ ကြိမ်ကျော်မျှ ပစ်သံကြားရသည်
 န၀တ အစိုးရ သတ်မှတ်ချိန် အတိုင်မီ သပိတ်လှန်လက်မှတ် ထိုးပေးခဲ့သော်လည်း
စစ်အစိုးရမှ အာဃာတတရား ကြီးမားစွာဖြင့် လက်မှတ်ထိုးပြီး နောက်တစ်နေ့ 
သံဃာတော်များ ဆွမ်းခံကြွတော်မူကြချိန် ဆရာတော်အား ဖမ်းခေါ်သွားကြသည်
ဆရာတော် ဘယ်ဆီဘယ်ဝယ်သို့ ရောက်သည်ဟု သတင်မကြား
တလလောက်ကြာမှ မြစ်ကြီးနားထောင်သို့ ပိုဆောင်ခံရကြောင်း သိကြရသည်
 မြစ်ကြီးနားထောင်မပို့ ခင် စစ်ခုံရုံးသို့ ပိုသည် .. ဆရာတော်အား စစ်ဆေးမည့်
ဗိုလ်မှုးကြီးအား အခြားဗိုလ်မှုးတစ်ဦးမှ  မင်းစစ်ဆေးရမဲ့သူက တခြားသူမဟုတ်ဘူး
တိပိဋကဓရ ဆရာတော်ဖြစ်သည်ဟု ပြောဆိုပြီး စာရေးဆရာ ကုသလဗုဒ္ဓိ ကောင်းကြွယ်ရေးသားသော
တိပိဋကဓရ ဆရာတော်ကြီးငါးပါး စာအုပ်ကိုပေးခဲ့သည်
ထို စစ်ဆေးရန်တာဝန်ကျ ဗိုလ်မှုးကြီးလည်း ထိုတာဝန်ကို ရှောင်လွှဲခဲ့သည်
ထိုခေတ်ထိုအခါက သတင်းစာများတွင် ဘယ်ရဟန်းသည် ဘယ်နေရာမှာ အရက်မူးနေသည်
ဘယ်မိန်ကလေးကို ဆွဲလားရမ်းလားလုပ်သည်ဟု သတင်းစာများတွင် ဓာတ်ပုံများဖြင့်
သတင်းများစွာ လွှင့်ခဲ့သည်
 ဗိုလ်ချုပ်မှုးကြီးစောမောင် မြစ်ကြီးနားဘက်သို့  ခရီးစဉ်ထွက်သောအခါ
တိပိဋကဓရ ဆရာတော်ဖြစ်လျှက် နိုင်ငံရေးလုပ်သော ဘုန်းကြီးများလည်းရှိဟု
သတင်းစာတွင် 8 point စာလုံးမဲကြီးများဖြင့် ရေးသားခဲ့သည်ကို
သတိထား သတိရ သူများ ရှာဖွေကြပါကုန်
 တိပိဋကဓရ ဆရာတော်သည် သံဃာညီညွတ်ရေး နှင့် သာသနာ့အရေးကိုသာ
ကြည့်၍ န၀တ အစိုးရအား သပိတ်မှောက်ကံပြုခဲ့ခြင်းသာ ဖြစ်သည်
နိုင်ငံရေးလုပ်သော ဘုန်းကြီးလည်း မဟုတ်ပါ
၂၀၀၇ စက်တင်ဘာတွင် လမ်းပေါ်ထွက်၍ မေတ္တာပို့ ကြသော
သံဃာတော်များမှာ အစိုးရမှ ယာယီ သင်္ကန်းပတ်ပေးသော အတုအယောင်များမှလွဲ၍
စာသင်သား သံဃာတော် အစစ်အမှန်များသာဖြစ်သည်
ယာယီ အတုအယောင်များသည်လည်း မိဘ ဆွေမျိုး အသက်စည်းစိမ် အိုးအိမ်ကို
ကြောက်လန့်၍သာ လုပ်ကြရသည်ဟု ယူဆမိသည်
"သီလကြီးလေးပါး လုံခြုံလျှင်"
သီလကြီးလေးပါးလုံခြုံလျှင် သံဃာစစ် သံဃာမှန်သာ ဖြစ်သည်
သံဃာဟူသည် ဘယ်ခေတ် ဘယ်အခါကမှ အတုအယောင် မရှိခဲ့ပါပေ
သံဃာတော် အဆက်ဆက်သည် ဒကာ ဒကာမ တို့ အပေါ်ဝယ်
တာဝန်ကျေခဲ့ကြသည်ချည်းဖြစ်သည်
ကိုယ်တိုင် ပရိယတ် ပဋိပတ် သာသနာ့တာဝန်များ ကျေပွန်တော်မူကြရုံသာ မက
ဒကာ ဒကာမတို့ အား သံသရာဝယ် အထက်တန်း ဘ၀များသို့ တိုင်အောင်
တဆင့်တက်၍ နိဗ္ဗာန်တိုင်အောင် ပို့ ဆောင်ပေးတော်မူကြသည်
သတ္တိ ဗျတ္တိရှိ၍ ထက်မြက်သော .. အတိုက်အခံ လုပ်သည်ဟု
အစိုးရမှ ယူဆသော သံဃာတော်များမှာ အကြောင်းတစ်မျိုးမျိုးဖြင့်
ဖိနှိပ်၍ လူဝတ်လဲ ခံခဲ့ရသည်ချည်းဖြစ်သည်
ဟိုးယခင် ခေတ်အခါက သာသနာတော်သန့် ရှင်းရေး အမည်တပ်လျက်
ထူးကြီးဆရာတော် ။ ဦးစံတင့် စတုနိကာယကောဝိဒ စသော ပုဂ္ဂိုလ်များ
လူဝတ်လဲခံခဲ့ရသည်ကို ကြည့်လျှင် သိနိုင်ပေသည် ။
နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများသည်လည်း
ထိုအကြောင်းကို သိ၍ ထိုသို့ ပြုလုပ်ခံခဲ့ရလျှင်
သက်တော် ရွယ်တော်နှင့် မိမိတို့ ကိုယ်ကျင့်သိက္ခာကို ငဲ့ကွက်တော်မူကြရသောကြောင့်
ရေငုံ နှုတ်ပိတ်သာ နေတော်မူကြရကုန်သည် ။
 ယခု အခါ သံဃာတု သံဃာယောင်ဟူသော စကားလုံးများ ကျယ်လောင်စွာ
သုံးလာကြသည် မြန်မာနိုင်ငံဝယ် သံဃာဦးရေ အရမ်းများနေသည်သံဃာအတွက် ခေါင်းခဲရ၍ နောင်တချိန် 
သာသနာတော်သန့် ရှင်းရေး အမည်ပေးကာ နှိပ်ကွက်ဖို့  အစပျိုးခြင်းလားဟု
ထင်မိပါသည်
"အထူးသတိပေးချက်"
 သံဃာတော်များ ညီညွတ်တော်မူကြသည်မှာ ဘုရားရှင်၏
ဝိနည်း ဥပဒေတော် ပယ်နှုတ်စရာ ပြင်ဆင်စရာ ရှိသည်ဟု
ပြောစရာ မလိုလောက်အောင် ဥပဒေတိကျမှန်ကန်ခဲ့၍ ဖြစ်သည်
 အကယ်၍များ မြန်မာနိုင်ငံသည် မှန်ကန်၍ အများလက်ခံသော
စစ်မှန်သော ဥပဒေပေါ်ပေါက်လာပါက စီးပွါးရေး ခိုင်မာဖွံ့ ဖြိုးလာပေမည်
ထိုအခါ သာသနာဘောင်ဝယ် အချောင်နေသည်ဟု ယူဆသူတို့ က ယူဆနေကြသော
သံဃာတော်များလည်း ယခုလောက် များတော့မည် မဟုတ်ပါ
တာဝန်ကိုယ်စီ ကျေပွန်ကြဖို့  အရေးကြီးသည် ။
ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည် သောနုတ္ထိုရ် မုဆိုးအား
အသေသတ်နိုင်ပါသော်လည်း မုဆိုးခြုံထားသော သင်္ကန်းကို
မြင်ရသောအခါ ဘုရား ပစ္စေက ဗုဒ္ဓါတို့ ၏ အသုံးအဆောင်ကို ငါ့အားလာပြပေသည်
ငါသည်လည်း ပါရမီဖြည့်နေသော ယောင်္ကျားကောင်း ယောင်္ကျားမြတ်ဖြစ်သည်
သူ့ အသက်ကို မသေစေကောင်းဟု သာကြည်စွာ လွှတ်ပေးရုံမက
ဆင်စွယ် တစ်စုံ ..။ မုဆိုးအတွက် ၇ရက်အတွင်း ပြည်တော်ပြန်ရောက်စေရန်
ပရိတ်အရံအတားများ ဖြင့် ချီးမြှောက်တော်မူခဲ့သည်
 သြကာသပင်ဖြောင့်အောင် မရသော တချို့ သော လူတန်းစားများသည်
သာသနာတော်၏ ဂုဏ်ကျေးဇူး သံဃာတော်တို့ ၏ ဂုဏ်ကျေးဇူးဆိုသည်ကို သိဖို့ 
အင်မတန်မှ ခက်ခဲလေသည် ။
 မိမိဘ၀ကို မိမိမတူးဖြိုမှီ အသိနောက်မကျသေးခင် မပြစ်မှားသင့်သော
သူများအား မပြစ်မှား မိစေဖို့  စေတနာဖြင့်ရေးသားရပါသည်
 သာသနာတော်အတွက် အန္တရာယ် ကျရောက်မည့် အခါတိုင်း
သံဃာတော်သည် ကြောင့်ကြမဲ့ နေတော်မမူကြပါပေ
 မိမိရေးသားသောစာသည်  မည်သူ့ ပုဂ္ဂိုလ် အဖွဲ့ အစည်းကိုမျှ ရည်ရွယ်၍ရေးသားသည် မဟုတ်ပါ
 နိုင်ငံရေးဆိုသည်ကိုလည်း စိတ်မ၀င်းစား ..
မပျက်စီးသင့်သောသူများ ဘ၀သံသရာ မပျက်စီးစေဖို့ 
သံဃာ့ဂိုဏ်း မသင့်စေဖို့  မိမိကိုယ်ကိုယ် မိမိပြန်လည်၍ တူးဖြိုဖျက်ဆီးသူများ
မဖြစ်စေဖို့  သာသနာအရှည်ခံ့၍ တည်တံ့စေဖို့ သာ ရည်ရွယ်ပါသည်
 သစ္စာစကား မှန်ကန်ပါက အမိမြန်ပြည် အေးချမ်းသာယာ၍
သာသနာတော်သည် နေလို လလို ထွန်းလင်းတောက်ပပါစေသတည်း ။
 အမြဲတမ်း ဘေးမသန်းပဲ အေးချမ်းသာယာ သံသရာဝယ်
 ချမ်းသာပျော်ရွှင်စွာ ဘ၀ခရီးကိုဖြတ် နိဗ္ဗာန်အထိ တက်လှမ်းနိုင်ကြပါစေ ။
 ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ
(ဆရာတော် ကြီး ပျံလွန်တော်မူတဲ့ အချိန် မှာ ဦးခင်ညွန့် အကျယ်ချုပ် ဘ၀နဲ့ သွားကန်တော့သည်ဟုသိရသည် ။ သို့သော် အချိန်နှောင်းခဲ့ပြီ  )
ဦးခင်ညွန့် ဖမ်းဆီး ထောင်ချခဲ့ တဲ့ "တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"
by Thein Win
"သံဃာ့ဂိုဏ်း မသင့်စေ နဲ့  ဥင်္ိးခင်ညွန့်  "
သံဃာတွေကိုဖမ်းဆီးနိပ်စက်သူ 
စာတတ်ပေတတ်သံဃာတော်ကြီးများကို
ဖမ်းဆီးနှိပ်စက်ခဲ့သူ။ 
သာသာနာတော်ကို ညိုးနွမ်းအောင်လုပ်သူ
ကံဆောင်သပိတ်မှောက်ခြင်းခံရသူ    
မိမိသည် နိုင်ငံရေး ဘုန်းကြီးလည်း မဟုတ်ပါ နိုင်ငံရေး ပိုစ့်များလည်း မရေးပါ
သို့ သော် ရေးချိန်တန်လာသောကြောင့် ရေးလိုက်ပါသည်
"အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ"
သံဃာတော်များအတွက် ပရိယတ္တိသာသနာနှင့်ဆိုင်သော ကျမ်းစာအားလုံး
ရေးသားတော်မူခဲ့သည် ။ သုတ္တန်ဘာသာ ဋီကာ တအုပ်သာ ရေးဖို့ ကျန်ခဲ့သည်
ရုပ်ပုံ ရှင်ကျင့်ဝတ်မှ စ၍ အခြေပြုသဒ္ဒါ နာမ်ဂိုဏ်းစဉ် အာချာတ်ဂိုဏ်းစဉ် မှသည်
အဆင့်မြင့်မားလွန်းသော စာပေများ သံဃာထု အားလုံး အသုံးပြုကြရသည်
လူများအတွက် ရတနာဂုဏ်ရည် ကိုယ်ကျင့်အဘိဓမ္မာ မှသည် အဆင့်မြင့် ပုဂ္ဂိုလ်
ဖြစ်နိုင်သည့်အထိ ကျမ်းစာပေါင်း များစွာ ရေးသားတော်မူသည်
သာသနာတော်ဝယ် နေလိုလလို ထွန်းထောက်တော်မူခဲ့၍ ၂၁ ရာစု ဗုဒ္ဓဃောသ ဟုပင်
နာမည်တွင်ခဲ့ နာမည်တင်နေဆဲဖြစ်သော ဆရာတော်ဖြစ်ပါသည်
"တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"
အမရပူရ မဟာဂန္ဓာရုံဆရာတော်၏ တပည့်အရင်း တပါးဖြစ်တော်မူသည်။
သက်တော် ၂၇ သိက္ခာ ၀ါတော် ၇ ၀ါမျှဖြင့် တိပိဋကဓရ ဖြစ်တော်မူခဲ့၍
တိပိဋကဓရ ဖြစ်သည်နှစ်တွင် ရန်ကုန်မြို့  ကမ္ဘာအေး မဟာဂန္ဓာရုံ ကျောင်းတိုက်ကို
တည်ထောင်တော်မူသည်တစ်ကြိမ်ပို့ ချလျှင် တစ်နာရီခွဲ ဖြင့် တစ်နေ့ လျှင် စာဝါ ၇ ၀ါ ၈ ၀ါမျှ
ပို့ ချတော်မူခဲ့သည်
မန္တလေးမြို့တွင် သံဃာတော်များကို စစ်တပ်မှ ပစ်ခတ်၍ မန္တလေးသံဃာထုမှ ဗိုလ်ချုပ်မှုးကြီးစောမောင် ဦးဆောင်သော န၀တ အစိုးရအား သပိတ်မှောက် သံဃာကံပြုတော်မူကြသည်
သာသနာအတွက် အသက်စွန့် လှူထားတော်မူသော တိပိဋကဓရ ဆရာတော်သည်
သပိတ်မှောက်ကံဆောင်သော သတင်းကို ကြားသောအခါ မိမိတပည့်များအား
သြ၀ါဒပေးတော်မူသည်
သံဃာဆိုတာ ညီညွတ်ရသည် .. သံဃာအဆက်ဆက် ညီညွတ်ခဲ့၍ ယနေ့ တိုင်အောင်
သာသနာတော်တည်နေခြင်းဖြစ်သည်မန္တေ
လးသံဃာက အစိုးရကို သပိတ်မှောက် ကံဆောင်၍ ရန်ကုန်သံဃာက သပိတ်မမှောက်ခဲ့သော်သံဃာညီညွတ်ရေး ပျက်ပြားလိမ့်မည် သံဃာညီညွတ်ရေးကို ရှေးရှု၍ သာသနာအတွက် တာဝန်ကျေရမည်ဟု မိန်တော်မူသည်
အင်းစိန်ရွာမ တိုက်အုပ်ဆရာတော် ။ ရွှေဘုန်းပွင့်ဆရာတော် ။ ကျောက်ကုန်းမေဒိနီ ဆရာတော်စသောထင်ရှားသောဆရာတော်မျ
ားကို ပင့်ဖိတ်၍ ဆရာတော်က ဥက္ကဌ ။ အင်းစိန်ရွာမ တိုက်အုပ်ဆရာတော်ကအတွင်းရေးမှုး တာဝန်ယူကာ စစ်အစိုရအား သပိတ်မှောက်ကံပြုကြောင်း လက်မှတ်ရေးထိုး ပေးပို့ ခဲ့သည်
တပည့် စာချဘုန်းတော်ကြီးများကို စေလွှတ်၍ ၆ ထပ်ကြီး ဘုရားတွင် အစိုးရအား
သပိတ်မှောက်ကံ ပြုစေတော်မူသည်
ဒီသံဃာ သပိတ်မှောက်လျှင် ကိုးကွယ်စရာ သံဃာများစွာရှိသည်ဟု သဘောထားသော
စစ်အစိုးရသည် ထိုသို့  သပိတ်မှောက်ကံပြုခံရသည်ကို အစပိုင်းတွင် မမှုခဲ့ပါ
နိုင်ငံတော် လမ်းဖွင့်ပွဲစသော ပွဲလမ်းများတွင် သံဃာများကိုပင့်သည် ။ မက်မောလောက်အောင်
TV အောက်စက်မှ အစ လှူသည် .. သို့ သော် ငယ်ဖြူသံဃာများ ကြွရောက်တော်မမူကြ
တောထွက်သံဃာများသာ ကြွရောက်တော်မူကြသည် အစိုးရပြုလုပ်သော သံဃာ့ အခန်းအနားများတွင် သံဃာ့ထိုင်ခုံနေရာများစွာ လွပ်လပ်နေသည် ထို့ ထက်ဆိုးသည်ကား စစ်တပ် မိသားစုဝင်များ ကွန်လွန်သော် အသုဘသို့ ကြွရောက်ခါ ရေစက်ချ သရဏဂုံတင်ပေးမည့် သံဃာတော်မရှိဖြစ်ရသည် မိမိတို့  တိပိဋက မဟာဂန္ဓာရုံကျောင်းသည် ချော်တွင်းကုန်း ကပစ ၁၀၆ စစ်တပ်နှင့် နီး၍ထိုသတင်းများကို သိခဲ့ရသည်
မိသားစုဝင်သေလို့ မှ အသုဘ ရေစက်ချ သရဏဂုံတင်ပေးမည့် ဘုန်းကြီးမရှိသော် မျက်ရည်ကျကြရသောအောက်ခြေ စစ်တပ်မိသားစုနှင့် အထက်အရာရှိများမှ တဆင့် ထိပ်ပိုင်းခေါင်းဆောင်များပြဿနာ
တက်ရတော့မည့်အခြေအနေတွင် န၀တ အစိုးရမှ အမိန့် ထုတ်သည်
သပိတ်လှန်မပေးလျှင် ပြင်းထန်စွာအရေးယူမည်ဟု ဆရာတော့်ထံ စာပို့ သည်
မြန်မာ့အသံမှ တနာရီခြားတစ်ခါ ထိုအမိန့် ကို အသံလွှင့်သည်
အမိန့် ကြေငြာစာ ထုတ်လွှင့်ပြီးချိန်အတွင်း စစ်ချီတေး စစ်သည်တေးများ
အဆက်မပြတ်ထုတ်လွှင့်ခဲ့သည်
ဆရာတော်က သပိတ်လှန်လက်မှတ်ထိုးမပေးလိုသော
်လည်း အစိုးရအကြောင်းကို
သိတော်မူသော ဆရာတော်၏ ဆရာ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက် သံတော်ဆင့်
ဆရာတော်မှ ဖျောင်းဖျပြောဆို လက်မှတ်ထိုးစေတော်မူသည်
ဆရာ့စကားကို မပယ်ရှားလို၍ သပိတ်လှန်ကြောင်း လက်မှတ်ထိုးပေးခဲ့ရသည်
ထိုညက မှတ်မှတ်ရရ မိုးကြိုး ၁၂ ကြိမ်ကျော်မျှ ပစ်သံကြားရသည်
န၀တ အစိုးရ သတ်မှတ်ချိန် အတိုင်မီ သပိတ်လှန်လက်မှတ် ထိုးပေးခဲ့သော်လည်း
စစ်အစိုးရမှ အာဃာတတရား ကြီးမားစွာဖြင့် လက်မှတ်ထိုးပြီး နောက်တစ်နေ့ 
သံဃာတော်များ ဆွမ်းခံကြွတော်မူကြချိန် ဆရာတော်အား ဖမ်းခေါ်သွားကြသည်
ဆရာတော် ဘယ်ဆီဘယ်ဝယ်သို့ ရောက်သည်ဟု သတင်မကြား
တလလောက်ကြာမှ မြစ်ကြီးနားထောင်သို့ ပိုဆောင်ခံရကြောင်း သိကြရသည်
မြစ်ကြီးနားထောင်မပို့ ခင် စစ်ခုံရုံးသို့ ပိုသည် .. ဆရာတော်အား စစ်ဆေးမည့်
ဗိုလ်မှုးကြီးအား အခြားဗိုလ်မှုးတစ်ဦးမှ မင်းစစ်ဆေးရမဲ့သူက တခြားသူမဟုတ်ဘူး
တိပိဋကဓရ ဆရာတော်ဖြစ်သည်ဟု ပြောဆိုပြီး စာရေးဆရာ ကုသလဗုဒ္ဓိ ကောင်းကြွယ်ရေးသားသော
တိပိဋကဓရ ဆရာတော်ကြီးငါးပါး စာအုပ်ကိုပေးခဲ့သည်
ထို စစ်ဆေးရန်တာဝန်ကျ ဗိုလ်မှုးကြီးလည်း ထိုတာဝန်ကို ရှောင်လွှဲခဲ့သည်
ထိုခေတ်ထိုအခါက သတင်းစာများတွင် ဘယ်ရဟန်းသည် ဘယ်နေရာမှာ အရက်မူးနေသည်
ဘယ်မိန်ကလေးကို ဆွဲလားရမ်းလားလုပ်သည်ဟု သတင်းစာများတွင် ဓာတ်ပုံများဖြင့်
သတင်းများစွာ လွှင့်ခဲ့သည်
ဗိုလ်ချုပ်မှုးကြီးစောမောင် မြစ်ကြီးနားဘက်သို့  ခရီးစဉ်ထွက်သောအခါ
တိပိဋကဓရ ဆရာတော်ဖြစ်လျှက် နိုင်ငံရေးလုပ်သော ဘုန်းကြီးများလည်းရှိဟု
သတင်းစာတွင် 8 point စာလုံးမဲကြီးများဖြင့် ရေးသားခဲ့သည်ကို
သတိထား သတိရ သူများ ရှာဖွေကြပါကုန်
တိပိဋကဓရ ဆရာတော်သည် သံဃာညီညွတ်ရေး နှင့် သာသနာ့အရေးကိုသာ
ကြည့်၍ န၀တ အစိုးရအား သပိတ်မှောက်ကံပြုခဲ့ခြင်းသာ ဖြစ်သည်
နိုင်ငံရေးလုပ်သော ဘုန်းကြီးလည်း မဟုတ်ပါ
၂၀၀၇ စက်တင်ဘာတွင် လမ်းပေါ်ထွက်၍ မေတ္တာပို့ ကြသော
သံဃာတော်များမှာ အစိုးရမှ ယာယီ သင်္ကန်းပတ်ပေးသော အတုအယောင်များမှလွဲ၍
စာသင်သား သံဃာတော် အစစ်အမှန်များသာဖြစ်သည်
ယာယီ အတုအယောင်များသည်လည်း မိဘ ဆွေမျိုး အသက်စည်းစိမ် အိုးအိမ်ကို
ကြောက်လန့်၍သာ လုပ်ကြရသည်ဟု ယူဆမိသည်
"သီလကြီးလေးပါး လုံခြုံလျှင်"
သီလကြီးလေးပါးလုံခြုံလျှင် သံဃာစစ် သံဃာမှန်သာ ဖြစ်သည်
သံဃာဟူသည် ဘယ်ခေတ် ဘယ်အခါကမှ အတုအယောင် မရှိခဲ့ပါပေ
သံဃာတော် အဆက်ဆက်သည် ဒကာ ဒကာမ တို့ အပေါ်ဝယ်
တာဝန်ကျေခဲ့ကြသည်ချည်းဖြစ်သည်
ကိုယ်တိုင် ပရိယတ် ပဋိပတ် သာသနာ့တာဝန်များ ကျေပွန်တော်မူကြရုံသာ မက
ဒကာ ဒကာမတို့ အား သံသရာဝယ် အထက်တန်း ဘ၀များသို့ တိုင်အောင်
တဆင့်တက်၍ နိဗ္ဗာန်တိုင်အောင် ပို့ ဆောင်ပေးတော်မူကြသည်
သတ္တိ ဗျတ္တိရှိ၍ ထက်မြက်သော .. အတိုက်အခံ လုပ်သည်ဟု
အစိုးရမှ ယူဆသော သံဃာတော်များမှာ အကြောင်းတစ်မျိုးမျိုးဖြင့်
ဖိနှိပ်၍ လူဝတ်လဲ ခံခဲ့ရသည်ချည်းဖြစ်သည်
ဟိုးယခင် ခေတ်အခါက သာသနာတော်သန့် ရှင်းရေး အမည်တပ်လျက်
ထူးကြီးဆရာတော် ။ ဦးစံတင့် စတုနိကာယကောဝိဒ စသော ပုဂ္ဂိုလ်များ
လူဝတ်လဲခံခဲ့ရသည်ကို ကြည့်လျှင် သိနိုင်ပေသည် ။
နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများသည်လည်း
ထိုအကြောင်းကို သိ၍ ထိုသို့ ပြုလုပ်ခံခဲ့ရလျှင်
သက်တော် ရွယ်တော်နှင့် မိမိတို့ ကိုယ်ကျင့်သိက္ခာကို ငဲ့ကွက်တော်မူကြရသောကြောင့်
ရေငုံ နှုတ်ပိတ်သာ နေတော်မူကြရကုန်သည် ။
ယခု အခါ သံဃာတု သံဃာယောင်ဟူသော စကားလုံးများ ကျယ်လောင်စွာ
သုံးလာကြသည် မြန်မာနိုင်ငံဝယ် သံဃာဦးရေ အရမ်းများနေသည်သံဃာအတွက် ခေါင်းခဲရ၍ နောင်တချိန်
သာသနာတော်သန့် ရှင်းရေး အမည်ပေးကာ နှိပ်ကွက်ဖို့  အစပျိုးခြင်းလားဟု
ထင်မိပါသည်
"အထူးသတိပေးချက်"
သံဃာတော်များ ညီညွတ်တော်မူကြသည်မှာ ဘုရားရှင်၏
ဝိနည်း ဥပဒေတော် ပယ်နှုတ်စရာ ပြင်ဆင်စရာ ရှိသည်ဟု
ပြောစရာ မလိုလောက်အောင် ဥပဒေတိကျမှန်ကန်ခဲ့၍ ဖြစ်သည်
အကယ်၍များ မြန်မာနိုင်ငံသည် မှန်ကန်၍ အများလက်ခံသော
စစ်မှန်သော ဥပဒေပေါ်ပေါက်လာပါက စီးပွါးရေး ခိုင်မာဖွံ့ ဖြိုးလာပေမည်
ထိုအခါ သာသနာဘောင်ဝယ် အချောင်နေသည်ဟု ယူဆသူတို့ က ယူဆနေကြသော
သံဃာတော်များလည်း ယခုလောက် များတော့မည် မဟုတ်ပါ
ဥပဒေ မှန်ကန်ဖို့ နှင့် နိုင်ငံတော် ဖွံ့ ဖြိုးတိုးတက်ဖို့ သာ လိုပေသည်
တာဝန်ကိုယ်စီ ကျေပွန်ကြဖို့  အရေးကြီးသည် ။
ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည် သောနုတ္ထိုရ် မုဆိုးအား
အသေသတ်နိုင်ပါသော်လည်း မုဆိုးခြုံထားသော သင်္ကန်းကို
မြင်ရသောအခါ ဘုရား ပစ္စေက ဗုဒ္ဓါတို့ ၏ အသုံးအဆောင်ကို ငါ့အားလာပြပေသည်
ဒီလို အ၀တ်မျိုး ဘ၀သံသရာတွင် တွေ့ ကြုံရဖို့  အလွန်ခဲယဉ်းသည်
ငါသည်လည်း ပါရမီဖြည့်နေသော ယောင်္ကျားကောင်း ယောင်္ကျားမြတ်ဖြစ်သည်
သူ့ အသက်ကို မသေစေကောင်းဟု သာကြည်စွာ လွှတ်ပေးရုံမက
ဆင်စွယ် တစ်စုံ ..။ မုဆိုးအတွက် ၇ရက်အတွင်း ပြည်တော်ပြန်ရောက်စေရန်
ပရိတ်အရံအတားများ ဖြင့် ချီးမြှောက်တော်မူခဲ့သည်
သြကာသပင်ဖြောင့်အောင် မရသော တချို့ သော လူတန်းစားများသည်
သာသနာတော်၏ ဂုဏ်ကျေးဇူး သံဃာတော်တို့ ၏ ဂုဏ်ကျေးဇူးဆိုသည်ကို သိဖို့ 
အင်မတန်မှ ခက်ခဲလေသည် ။
မိမိဘ၀ကို မိမိမတူးဖြိုမှီ အသိနောက်မကျသေးခင် မပြစ်မှားသင့်သော
သူများအား မပြစ်မှား မိစေဖို့  စေတနာဖြင့်ရေးသားရပါသည်
သာသနာတော်အတွက် အန္တရာယ် ကျရောက်မည့် အခါတိုင်း
သံဃာတော်သည် ကြောင့်ကြမဲ့ နေတော်မမူကြပါပေ
မိမိရေးသားသောစာသည် မည်သူ့ ပုဂ္ဂိုလ် အဖွဲ့ အစည်းကိုမျှ ရည်ရွယ်၍ရေးသားသည် မဟုတ်ပါ
နိုင်ငံရေးဆိုသည်ကိုလည်း စိတ်မ၀င်းစား ..
မပျက်စီးသင့်သောသူများ ဘ၀သံသရာ မပျက်စီးစေဖို့ 
သံဃာ့ဂိုဏ်း မသင့်စေဖို့  မိမိကိုယ်ကိုယ် မိမိပြန်လည်၍ တူးဖြိုဖျက်ဆီးသူများ
မဖြစ်စေဖို့  သာသနာအရှည်ခံ့၍ တည်တံ့စေဖို့ သာ ရည်ရွယ်ပါသည်
သစ္စာစကား မှန်ကန်ပါက အမိမြန်ပြည် အေးချမ်းသာယာ၍
သာသနာတော်သည် နေလို လလို ထွန်းလင်းတောက်ပပါစေသတည်း ။
အမြဲတမ်း ဘေးမသန်းပဲ အေးချမ်းသာယာ သံသရာဝယ်
ချမ်းသာပျော်ရွှင်စွာ ဘ၀ခရီးကိုဖြတ် နိဗ္ဗာန်အထိ တက်လှမ်းနိုင်ကြပါစေ ။
ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ
(ဆရာတော် ကြီး ပျံလွန်တော်မူတဲ့ အချိန် မှာ ဦးခင်ညွန့် အကျယ်ချုပ် ဘ၀နဲ့ သွားကန်တော့သည်ဟုသိရသည် ။ သို့သော် အချိန်နှောင်းခဲ့ပြီ )
ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဧပြီလ ၁၁ ရက်နေ့ ဆော်ဒီသို့ ထွက်ခွာမည်
==========================
April 9, 2013
ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီသည် ဆော်ဒီ အာရေးဗီးယား ဂျီဒက်တွင် ကျင်းပမည့် အိုအိုင်စီ မြန်မာ့အရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဧပြီလ ၁၁ ရက်နေ့တွင် ဒက္ကားမြို့ကနေ ထွက်ခွာမည်ဟု သိရသည်။
အိုအိုင်စီ၏ နိုင်ငံခြား ၀န်ကြီး အဆင့် မြန်မာ့အရေး ဆွေးနွေးပွဲကို ဧပြီလ ၁၄ ရက်နေ့တွင် ဂျီဒက်မြို့တွင် ပြုလုပ်မည်ဟု ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင် အသစ် ဖြစ်ပေါ်ခဲ့သော ဗုဒ္ဓဘာသာ အစွန်းရောက်များ ၏ တိုက်ခိုက်မူများကြောင့် မွတ်ဆလင် ဘာသာဝင်များ သေဆုံးခဲ့ရမူများ၊ ဗလီဝတ်ပြုကျောင်းများနှင့် စာသင်ကျောင်းများ မီးရှို့ခံရမူများ၊ မွတ်ဆလင် ဘာသာဝင်များ၏ နေအိမ်များ ဖျက်ဆီး တိုက်ခိုက်ခံရမူများကို ဆွေးနွေးမည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။
အိုအိုင်စီ အတွင်းရေးမှူး Ekmeleddin Ihsanoglu က လာမည့် အစည်းအဝေးတွင် ရိုဟင်ဂျာ များ၏ ပြဿနာကို ဖြေရှင်းနိုင်ရေးကို ဆွေးနွေးမည်ဟု ပြောကြောင်း ကျေညာချက်တွင် ဖေါ်ပြထားသည်။
များမကြာမှီက ဆော်ဒီအာရေးဗီးယား ဂျီဒက်တွင် ပြုလုပ်သော အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများ ဆက်သွယ်ရေးမှူးများ အစည်းအဝေးတွင် အိုအိုင်စီ အတွင်းရေးမှူးက ကျေညာချက် ၂ ခုကို ထုတ်ပြန်ခဲ့ရာ တစ်ခုမှာ အိုအိုင်စီ အနေဖြင့် မြန်မာနိုင်ငံရှိ မွတ်ဆလင်များအတွက် ရပ်တည် ကူညီ သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကိစ္စအတွက် လိုအပ်သလို အရေးယူ ဆောင်ရွက်သွားရန် အဆင်သင့် ရှိကြောင်း ပြောဆိုသည်။
ဒုတိယ အချက်မှာ ဗုဒ္ဓဘာသာ အစွန်းရောက်သမားများ၏ ဘာသာရေးမုန်းတီးမူ လူပ်ရှားမူကို ရပ်တန့်ရန်နှင့် မူဆလင်များကို လူမျိုးရေးအရ သုတ်သင်ချေမူန်းများကို အမြန်ဆုံး ရပ်တန့်ရန် မြန်မာ အစိုးရအား အလေးအနက် တောင်းဆိုကြောင်း ပြောဆိုသည်။
၎င်းပြင် အဆိုပါ ပြဿနာများ ရပ်တန့်ရေး အတွက် နိုင်ငံတကာ အဆင့် စည်းဝေးပွဲများတွင် အဖြေ ရရှိရန် ဆောင်ရွက် ကြိုးပမ်းသွားမည်ဟု ဆိုသည်။
The Atlantic News
969: The Strange Numerological Basis for Burma's Religious Violence
Buddhist nationalists have been terrorizing the country's Muslims in recent weeks, and the attacks may get even worse.
More
Burma Royinga village banner.jpg
An ethnic Rakhine man holds homemade weapons as he walks in front of houses that were burnt during fighting between Buddhist Rakhine and Muslim Rohingya communities in Sittwe on June 10, 2012. (Reuters)
With the gradual arrival of the hot season to Lower Burma, Rangoon has become a ghost town during the day. The city comes alive in the evening, when residents re-occupy public spaces, drinking tea at roadside stalls, and shopping at informal markets. In the city's Muslim quarters, however, people have been staying out much later than usual lately - all night, in fact - to stave off potential attacks from Buddhist extremists bent on upsetting Burma's fragile religious balance.
အရည်ကို ဒီလင့်မှာဖတ်ပါ  ကျနော်တို့  တင်ပြ တယ်။ ကိုယ်ဖါသာကိုယ်ဆုံးဖြတ်ပါ။ 
http://www.theatlantic.com/international/archive/2013/04/969-the-strange-numerological-basis-for-burmas-religious-violence/274816/
တောင်နှင့်မြောက်ကိုရီးယား စစ်ဖြစ်ရန် တာစူနေသော်လည်း မြန်မာလုပ် သားများ ပြန်ခေါ်၊ မခေါ် အဖြေမပေါ်သေး
တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ တင်းမာမှုများဖြစ်နေသော် လည်း မြန်မာလုပ်သားများအား ပြန်ခေါ်ရန် အကြောင်းကြားမှု မရှိ သေးေ ကြာင်း အစိုးရ ပြည်ပအလုပ် အကိုင်အေဂျင်စီမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။
”သက်ဆိုင်ရာနိုင်ငံက ကျွန်တော် တို့လုံခြုံရေး တာဝန်မယူတော့ပါဘူး ဆိုရင် ပြန်ခေါ်မှာပေါ့။ အခုတော့ ဘာမှမကြားသေးပါဘူး”ဟု ဦးဝင်းမြင့် က ဧပြီလ ၈ ရက်တွင် ပြောသည်။လက်ရှိတွင် အလုပ်သမားများ ကို ကိုရီးယားသို့ဆက်လက်ပို့ဆောင် နေပြီး၊ ဧပြီလ ၈ ရက်နှင့် ၉ ရက်နေ့ များတွင် အလုပ်သမား ၅ဝ ဦးခန့် စီ ဆက်လက်ထွက်ခွာသွားပြီ ဖြစ် ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံသည် မတ်လနောက်ဆုံးပတ်မှစ၍ အမေရိ ကန်နှင့် တောင်ကိုရီးယားနိုင်ငံသို့ ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ ပြီး ကိုရီးယားကျွန်းဆွယ်တွင် တင်း မာမှုများတိုးလာခဲ့သည်။ တောင် ကိုရီး ယားနိုင်ငံတွင်EPS စနစ်ဖြင့် လုပ်ကိုင်သော မြန်မာအလုပ်သမား ၇ဝဝဝ ခန့်ရှိသောကြောင့် အလုပ် သမားများ၏ မိသားစုများက စိတ်ပူ ကာ မေြး မန်းစုံစမ်းမှုများရှိကြောင်း လည်း ဦးဝင်းမြင့်က ပြောသည်။ ”ကိုရီးယားလူ့စွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးရေးဌာနက အရာရှိက တော့ ဒီလိုမျိုးတင်း မာမှုက ဖြစ်နေ ကျပဲမို့ စိုးရိမ်စရာ မရှိပါဘူး ဆိုပြီး ပြောတယ်။ ဒီကလူတွေကတော့ စိုးရိမ် တာပေါ့”ဟုဦးဝင်းမြင့်ကပြောသည်။ တောင်ကိုရီးယား တွင် အလုပ် သွားရောက်လုပ်ကိုင်နေသောမြန်မာ အလုပ်သမားတစ်ဦး၏ မိသားစုဝင် တစ်ဦးကလည်း လက်ရှိတွင် အခြေ အနေတည်ငြိမ် လျက် ရှိပြီး ထူးခြား ချက်မရှိသေးဘဲ ပုံမှန်အလုပ်ဆင်း လျက်ပင်ရှိကြောင်း ပြောသည်။ကိုရီးယားသို့ အလုပ်သမားပို့ ဆောင်မှုကို သင်္ကြန်တွင်းရပ် နားထား မည်ဖြစ်ပြီး သင်္ကြန်အပြီးတွင်မူ အလုပ် သမားများကို ဆက်လက်ပို့ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားတွင် မြန်မာ အလုပ်သမား တစ်သောင်းကျော်နှင့် ကျောင်းသား နှစ်ရာကျော်ရှိကြောင်း၊ နိုင်ငံခြားသားနှင့် လက်ထပ်ထား သော အမျိုးသမီးပါ ပေါင်းလျှင် တစ် သောင်းကျော်ရှိသောကြောင့် တောင် ကိုရီးယားအစိုးရတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံသံအမတ်တို့ ဆွေးနွေး ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ၏ အကျိုးကို ကာကွယ်ပေးသွားမည်ဟု သံရုံးဒုတိယအတွင်းဝန်ဒေါ်သင်းသင်း မြတ်ပြောကြားချက်ကို ပြည်ပ အခြေ စိုက် မြန်မာသတင်းအေဂျင်စီတစ်ခု တွင်ဖော်ပြထားသည်။
မေဇင်ဝင်း
တောင်နှင့်မြောက်ကိုရီးယား စစ်ဖြစ်ရန် တာစူနေသော်လည်း မြန်မာလုပ် သားများ ပြန်ခေါ်၊ မခေါ် အဖြေမပေါ်သေး
တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ တင်းမာမှုများဖြစ်နေသော် လည်း မြန်မာလုပ်သားများအား ပြန်ခေါ်ရန် အကြောင်းကြားမှု မရှိ သေးေ ကြာင်း အစိုးရ ပြည်ပအလုပ် အကိုင်အေဂျင်စီမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။
”သက်ဆိုင်ရာနိုင်ငံက ကျွန်တော် တို့လုံခြုံရေး တာဝန်မယူတော့ပါဘူး ဆိုရင် ပြန်ခေါ်မှာပေါ့။ အခုတော့ ဘာမှမကြားသေးပါဘူး”ဟု ဦးဝင်းမြင့် က ဧပြီလ ၈ ရက်တွင် ပြောသည်။လက်ရှိတွင် အလုပ်သမားများ ကို ကိုရီးယားသို့ဆက်လက်ပို့ဆောင် နေပြီး၊ ဧပြီလ ၈ ရက်နှင့် ၉ ရက်နေ့ များတွင် အလုပ်သမား ၅ဝ ဦးခန့် စီ ဆက်လက်ထွက်ခွာသွားပြီ ဖြစ် ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံသည် မတ်လနောက်ဆုံးပတ်မှစ၍ အမေရိ ကန်နှင့် တောင်ကိုရီးယားနိုင်ငံသို့ ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ ပြီး ကိုရီးယားကျွန်းဆွယ်တွင် တင်း မာမှုများတိုးလာခဲ့သည်။ တောင် ကိုရီး ယားနိုင်ငံတွင်EPS စနစ်ဖြင့် လုပ်ကိုင်သော မြန်မာအလုပ်သမား ၇ဝဝဝ ခန့်ရှိသောကြောင့် အလုပ် သမားများ၏ မိသားစုများက စိတ်ပူ ကာ မေြး မန်းစုံစမ်းမှုများရှိကြောင်း လည်း ဦးဝင်းမြင့်က ပြောသည်။ ”ကိုရီးယားလူ့စွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးရေးဌာနက အရာရှိက တော့ ဒီလိုမျိုးတင်း မာမှုက ဖြစ်နေ ကျပဲမို့ စိုးရိမ်စရာ မရှိပါဘူး ဆိုပြီး ပြောတယ်။ ဒီကလူတွေကတော့ စိုးရိမ် တာပေါ့”ဟုဦးဝင်းမြင့်ကပြောသည်။
တောင်ကိုရီးယား တွင် အလုပ် သွားရောက်လုပ်ကိုင်နေသောမြန်မာ အလုပ်သမားတစ်ဦး၏ မိသားစုဝင် တစ်ဦးကလည်း လက်ရှိတွင် အခြေ အနေတည်ငြိမ် လျက် ရှိပြီး ထူးခြား ချက်မရှိသေးဘဲ ပုံမှန်အလုပ်ဆင်း လျက်ပင်ရှိကြောင်း ပြောသည်။ကိုရီးယားသို့ အလုပ်သမားပို့ ဆောင်မှုကို သင်္ကြန်တွင်းရပ် နားထား မည်ဖြစ်ပြီး သင်္ကြန်အပြီးတွင်မူ အလုပ် သမားများကို ဆက်လက်ပို့ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားတွင် မြန်မာ အလုပ်သမား တစ်သောင်းကျော်နှင့် ကျောင်းသား နှစ်ရာကျော်ရှိကြောင်း၊ နိုင်ငံခြားသားနှင့် လက်ထပ်ထား သော အမျိုးသမီးပါ ပေါင်းလျှင် တစ် သောင်းကျော်ရှိသောကြောင့် တောင် ကိုရီးယားအစိုးရတာဝန်ရှိသူများန
ှင့် မြန်မာနိုင်ငံသံအမတ်တို့ ဆွေးနွေး ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ၏ အကျိုးကို ကာကွယ်ပေးသွားမည်ဟု သံရုံးဒုတိယအတွင်းဝန်ဒေါ်သင်းသင်း မြတ်ပြောကြားချက်ကို ပြည်ပ အခြေ စိုက် မြန်မာသတင်းအေဂျင်စီတစ်ခု တွင်ဖော်ပြထားသည်။
မေဇင်ဝင်းPhoto
2 comments :
Anonymous said...
မှန်နေတာပဲ
Anonymous said...
Muslim Moe Thee trying to destroy the Buddish country Myanmar.