Wednesday 10 April 2013

တနေ့ တာ အနိမ့် ဆုံးလုပ်ခ သတ်မှတ် ရေး

တနေ့တာ လုပ်ခ အနိမ့်ဆုံး အမြန် သတ်မှတ်ရေး အတွက်အရေးဆိုသင့်
အောက်ခြေ နေ့စား အလုပ်သမား၊ စက်ရုံအလုပ်သမား များအတွက် တနေ့တာရသင့်ငွေကို အုပ်ချုပ် သူတို့အနနှင့် သတ်မှတ်ပေးသင့်ပေသည်။ ဤသို့သတ်မှတ်ပေးမှသာ အောက်ခြေလူတန်းစားအလုပ် သမားများ ကိုကာကွယ် ထောက်ကူရာကျပေလိမ့်မည်။ ဤသို့သတ်မှတ်ရာတွင် ညှိနှိုင်းပါဝင်သင့်သူများ ပါဝင်သင့် သော်လည်း “ မြန်မာနိုင်ငံတွင် အနည်းဆုံး အခကြေးငွေ ဥပဒေကို မတ်လ ၂၂ ရက်နေ့တွင် သတ်မှတ် ပြဌာန်းလိုက်သော်လည်း အလုပ်သမားထုမျှော်လင့်နေသော အနည်းဆုံး လုပ်ခသတ်မှတ်ချက်ကား ထည့်သွင်း ဖေါ်ပြထားခြင်းမရှိ သေးသဖြင့် အလုပ်သမားများအတွက် အခက်အခဲများ ကြုံတွေ့ နိုင်ကြောင်း အလုပ် သမားများနှင့် အလုပ်သမား အရေးဆောင်ရွက်နေသူများက ပြောပြသည်။” ဟု The voice weekly က အောင်မြင့်ထွန်း သတင်း ဆောင်းပါးမှာ ဖတ်ရပါတယ်။
“ကြန့်ကြာနေတာနဲ့ အမျှ အလုပ်သမားထု အုံကြွမှုဖြစ်လာ နိုင်တယ်။” ဟု အလုပ်သမားအရေး ဆောင် ရွက်နေသူ ရှေ့နေ ဦးဌေးက ဆိုသည်။
ထိုဆောင်းပါး၌ “ အနည်းဆုံး အခကြေးငွေဥပဒေတည်ရန် နည်းဥကဒေထွက်ရန်လိုအပ်နေသေးပြီး ဥပဒေအာဏာတည်ပါကလည်း အနည်းဆုံးလုပ်ခသတ်မှတ်ရန် လုပ်သား၊ အလုပ်ရှင်၊ အစိုးရ၊ လုပ်ခ သတ် မှတ်ရေး ဆိုင်ရာကျွမ်းကျင်ပညာရှင်များ ဦးရည်ဆတူ ပါဝင်သော အမျိုးသားကောင်စီကို ဖွဲ့စည်းရမည် ဖြစ်သည်။” ဟုဆိုပြန်ပါသည်။ ဤသို့ ဆတူ ဆိုသည့်တိုင် အလုပ်သမားကိုယ်စားလှယ်မှာ လေးယောက် တယောက်သာ ဖြစ်နေပါသည်။ အလုပ်သမားကိုယ်စားလှယ် ရွေးချယ်မည့်ပုံကိုလည်း မသိရပါ။ ပညာရှင် ဆိုသူများကို အလုပ်သမားတွေက ငှါးထားသူမဟုတ်သောကြောင့် အားကိုးနိုင်ဖို့ ခက်ပါသည်။ မည်သို့ပင် ဆိုစေ အလုပ်သမားတို့လိုအပ်သော အခြေခံကြမ်းခင်း လုပ်ခကို ရနိုင်ရန် ခက်ခဲနေမည်မှာ ပေါ်လွင်ပါသည်။
နည်းဥပဒေထွက်ရန် သုံးလစောင့်ရမည်၊အမျိုးသားကောင်စီ ကို တိုင်းနှင့် ပြည်နယ်အဆင့်ဆင့်ဖွဲ့ စည်းပြီးမှ အနိမ့်ဆုံးလုပ်ခကို သတ်မှတ်ပါလိမ့်မည်။ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသက်နိုင်ဦးက “ နည်းဥပဒေထွက်ဖို့ သုံးလစောင့်ရမယ်၊ အနိမ့်ဆုံး လုပ်ခ ထွက်မယ့်အချိန်တော့ ပြောလို့မရသေးဘူး။” ဟုဆိုသည်။
ဆိုလိုသည်မှာ လုပ်ခလစာကို ကြီးကြပ်မည့်၊ ညှိနှိုင်းမည့် ယန္ဒယားကို တည်ဆောက်နေခြင်း ၊ စည်းဝေးနေခြင်းဖြင့် အချိန်တွေကြာ၊ အလုပ်သမားတွေကို ရေရှည် ချွေးသိပ်ထားပါလိမ့်မည်။ ရလာမည့်ရ လာဒ်မှာလည်း အာဏာပိုင်တို့နှင့် အလွမ်းသင့်သော စီးပွါးရေးလုပ်ငန်းရှင်တို့ အခွင့်သာ အမြတ်ထွက်ရေးကို ဦးစားပေး မည်အနေအထားဖြစ်နေရာ အလုပ်သမားတို့အတွက် အနိမ့်ဆုံးလုပ်ခံလစာကိုမိမိတို့ သမဂ္ဂများ၊ အဖွဲ့အစည်းများအတွင်း “ယေဘုယျ” အခြေခံ နေ့စားလုပ်ခ နှင့် လစာတို့ကို တွက်ဆ ညှိနှိုင်း ဖေါ်ထုတ် တောင်း တိုက်ပွဲဝင်မှသာလျှင် ဖိနှိပ်ခံ၊ သွေးစုတ်ခံ နင်းပြားတို့အတွက် အသက်ရှုချောင်စရာ လမ်းပေါ် လာနိုင်ပါသည်။
စစ်အာဏာရှင်တို့ ကြီးစိုးပြီး၊ လက်ပါးစေလက်ဝေခံ စီးပွါးရေး ကုမ္ပဏီတို့ လက်ဝါးစောင်းထက် သွေးစုတ်အားကောင်းနေချိန်၊ ဆင်းရဲသား ပြည်သူတို့အတွက် ကူကယ်မည့်သူဝေးနေချိန်တွင် လုံလောက် သောလုပ်ခလာစာကို စေတနာမေတ္တာအလျှောက် သတ်မှတ်ပေးလာမည်မဟုတ်ပေ။ ထိုကြောင့် အလုပ်သ မားသမဂ္ဂ၊ လုပ်သမားအဖွဲ့အစည်းများ၊ လက်လုပ်လက်စား အလုပ်သမားများ၊ လယ်ယာမြေအလုပ်သမား များက မိမိတို့ ဘ၀ရှင်သန်ရေးအတွက် ယေဘုယျ အနိမ့်ဆုံးလုပ်ခကို သတ်မှတ်တောင်းဆိုသင့်ပါသည်။ ကိုယ့် ဘာ သာတိုက်ပွဲဝင်မှသာ ကိုယ့်အခွင့် အရေးကို ရနိုင်ပါမည်။ အုပ်ချုပ်သူတို့၏ အကြောင်းပြချက်နှင့် သနားဂရုဏာတို့ကို မျှော်လင့်နေ၍ မဖြစ်ပါကြောင်း။
အခွင့်အရေးကိုတိုက်ယူကြ။
အဖိနှီပ်ခံတို့ ညီညွတ်ကြ။
ဦးအေးဆောင်
ဧပြီ ၁၁၊ ၂၀၁၃။

No comments :