Tuesday 16 April 2013

ဖေစ်ဘုတ်သုံးသူ သတိပြု ဖွယ်

Facebook နှင့် SMS အလွန်အကျွံ အသုံးပြုသူများ ပညာရေးတွင် အားနည်းနိုင်

ဒါကတော့ သိပ်ကို အံအားသင့်စရာတော့ မဟုတ်ပါဘူး။ သိပ္ပံပညာရှင် သုတေသီတွေက ထုတ်ဖေါ်ပြောဆိုလိုက်ပါပြီ။ ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံ အသုံးပြုတာ၊ ချက်တင်းထိုင်တာနဲ့ ဖုန်းနဲ့ မတ်ဆေ့ခ်ျတွေ အလွန်အမင်းပို့တာတွေဟာ ပညာရေးမှာ အားနည်းစေနိုင်တယ် ဆိုတာပါ။
အခြေခံပညာ ကျောင်းသားများနဲ့ ကောလိပ်ကျောင်းသားတွေဟာ ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံ အသုံးပြုလာကြတယ်။ မတ်ဆေ့ခ်ျတွေ တရစပ်ပို့နေကြတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ တချိန်လုံး တင်နေကြတယ်။ ဒါတွေဟာ သူတို့ရဲ့ ပညာရေးကို ထိခိုက်နိုင်ပါတယ်လို့ Mirian Hospital’s Centre of Behavioral and Preventive Medicine ဌာနက ပြောလိုက်ပါတယ်။ ရမှတ်တွေ အလွန်နည်းနေတာကို တွေ့နေရပြီလို့ ဆိုတယ်။
ဒါပေမယ့် ခြွင်းချက် ၂ ခုတော့ ရှိနေပါသတဲ့။ သတင်းစာဖတ်ခြင်းနဲ့ ဂီတတေးသွားတွေကို နားဆင်ခြင်းတွေဟာ ပညာရည် တိုးတက်မှုကို အထောက်အကူ ဖြစ်စေတာပါ။
ဆိုရှယ်မီဒီယာတွေ တချိန်လုံးသုံးနေတဲ့အတွက် အိမ်စာတွေ မလုပ်နိုင်၊ အတန်း ပုံမှန် ပျက်၊ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းလာတယ်။ အိပ်ချိန်နည်းလာတယ်။ အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေလည်း သုံးစွဲလာနိုင်တယ်။ Mirian ဆေးရုံကြီး ပညာရှင်တစ်ဦးဖြစ်တဲ့ သုတေသီ Jennifer L. Walsh က ရှင်းပြခဲ့ပါတယ်။
ကလေးငယ်တွေ၊ ကျောင်းသားတွေရဲ့ ဆိုရှယ်မီဒီယာ အသုံးပြုမှုကို လူကြီးများနဲ့ ဆရာဆရာမများက လမ်းညွှန်ကူညီပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။
မောက္ခပညာရေးမဂ္ဂဇင်း
Source: IANS

No comments :