Sunday 21 April 2013

တရုတ်ပြည် အနောက်တောင်ဘက်ကို ယနေ့ (စနေနေ့ ) မှာ ..
6.6-magnitude ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ် ။

အဓီက ကတော့ အဲ့ဒီဘက်မှာ ရှိတဲ့ ကျေးလက်ဒေသနေ ပြည်သူများကို အထိနာစေခဲ့ပါတယ်။ လူဦးရေ ၂၀၀၀ကျော်ကို အရေးပေါ် အနေနဲ့ 
ကယ်ဆယ်နေရပြီး လူဦးရေ ၁၀၀ ကျော် ခန့် အသက်ဆုံးရှုံးခဲ့ ပါတယ်။

သာမန် အနေနဲ့ ငလျင်တစ်ခု ကို ထူးခြားသတင်းအနေ နဲ့  ဖော်ပြတာတော့ မဟုတ်ပါဘူး..။ ဒီသတင်းကို ကြေငြာပေးတဲ့ တရုတ်ပြည် အခြေစိုက်  South Morning China Post  မှ အမျိုးသမီး သတင်းထောက် ကို 
ပညာရှင် စိတ်ဓာတ်ရှိသူ တစ်ယောက်အဖြစ် အသိအမှတ်ပြုခံ ရတဲ့ အကြောင်း ဖြစ်ပါတယ်။

ချန်ရင်း ဆိုတဲ့ သတင်းထောက်မလေးဟာ သူမရဲ့ မင်္ဂလာဆောင်ကို ကျင်းပနေခဲ့ပါတယ်။ ရုတ်တရက် ငလျင် လှုပ်ခတ်မှုကြောင့် မိမိ မင်္ဂလာပွဲလည်း ရပ်နားလိုက်ရပြီး..ချက်ချင်း မင်္ဂလာ ၀တ်စုံတောင် မလဲနိုင်တော့ဘဲ ငလျင်ဒဏ်ခံရတဲ့ နေရာကို သွားရောက် သတင်းယူခဲ့ပါတယ်။

သူမရဲ့  မင်္ဂလာ ၀တ်စုံနဲ့ သတင်းကြေငြာနေပုံဟာ ငလျင်သတင်းကြည့်ရှု့ သူအများစုကို စိတ်ဝင်စားမှု ရရှိခဲ့ ပါတယ်။ သူမ မင်္ဂလာဆောင်ကိုတောင် ဂရုမထားနိုင်တော့ဘဲ သတင်းအတွက် ဦးစားပေးခဲ့တာကို ဒီသတင်း ကြည့်မိသူတိုင်း ချီးကျူးကြပါတယ်။ 

တကယ် ပရော်ဖက်ရှင်နယ် စိတ်ဓာတ်ဆိုတာ စွန့် လွတ် အနစ်နာခံမှု တို့ နဲ့  မိမိ အလုပ်ကို တန်ဖိုးထားတက်သူများဆိုတာ လေ့လာမိနိုင်ပါတယ်။

--- 
ref;dailymail.uk

Freddy ( Stuff Myanmar )

No comments :