Tuesday 23 April 2013

နယူးယောက် ကန့် ကွက်ပွဲ သတင်း












ဦးသိန်းစိန် ငြိမ်းချမ်းရေးဆု ရရှိခြင်းအပေါ် ဆန့်ကျင်ဆန္ဒပြပွဲ (နယူးယောက်)

ြ့


မန်မာသမ္မတ ဦးသိန်းစိန်အား International Crisis Group (ICG) မှ ဧပြီလ ၂၂ ရက်နေ့ ညနေတွင် ငြိမ်းချမ်းရေးဆုတခု ချီးမြှင့်ခဲ့ရာ ဆန့်ကျင်ဆန္ဒပြပွဲ ကျင်းပရာ လူ ၂၀ကျော် တက်ရောက်ကြောင်းသိရပါတယ်။
ဆန့်ကျင်ဆန္ဒပြပွဲ ကျင်းပရာနေရာကတော့ The Pierre Hotel - 2 East 61st Street New York NY 10065 (at the intersection of Fifth Avenue in Manhattan, New York City, facing Central Park) - N/R/Q train 5 Ave/59 St Station ဖြစ်ပြီး ဧပြီလ ၂၂ ရက်၊ ၂၀၁၃ ခုနှစ် အချိန်ကတော့ ညနေ ၅း၃၀ အတိမှ ၇း၀၀ နာရီမှာ ပြုလုပ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ဒီ ဆန့်ကျင်ဆန္ဒပြပွဲ ဟာ အရေးပေါ်ဆန္ဒပြပွဲ လို့ ခေါ်ဆိုပြီး
သမ္မတ ဦးသိန်းစိန် အစိုးရ အောက် မြန်မာနိုင်ငံ၏ မငြိမ်းချမ်းသေးသော လက်ရှိအခြေအနေများကြောင့် မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ငြိမ်းချမ်းရေးဆု နဲ့ မထိုက်တန်ကြောင်းး မရထိုက်ကြောင်းကို နယူးယောက်မြို့နေ မြန်မာနိုင်ငံသားများ နှင့် နိုင်ငံခြားသားများ စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

"စစ်ရာဇဝတ်သမား တစ်ဦး ငြိမ်းချမ်းရေးဆု ဘာကြောင့်ရရှိရတာလဲ" "ဗိုလ်ချုပ်သိန်းစိန် အုပ်ချုပ်တဲ့စစ်ကွတ်ကဲမှုအောက်မှာ ဩဂုတ်လ ၂၀၀၁က စစ်သားတွေက ကျမ နန်းမို အား မတရားပြုကျင့်ခံခဲ့ကြတယ်" "အပြည်ပြည်ဆိုင်ရာ အရှုတ်အထွေးဖြေရှင်းတဲ့ အဖွဲ့ကြီးက မြန်မာပြည်ကို အရှုတ်အထွေးတွေဖြစ်အောင် လုပ်နေပြီ" စတဲ့ မြန်မာလိုအဓိပ္ပါယ်ရှိတဲ့ အင်္ဂလိပ်လို ဆိုင်းဘုတ်များကိုင်ထားပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

International Crisis Group (ICG) ပေးအပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆုရဲ့ မူလအဓိပ္ပါယ်ဟာ လူသန်းပေါင်းများစွာ၏ ဘဝများကို ပြောင်းလဲသွားစေနိုင်ပြီး စစ်ပွဲကင်းမဲ့သော ကမ္ဘာဆီသို့ မျှော်မြင်နိုင်သူ ပုဂ္ဂိုလ်များ အား ရည်ရွယ်ဂုဏ်ပြု ချီးမြောက်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၃ International Crisis Group (ICG) ပေးအပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆု ကို မြန်မာသမ္မတ ဦးသိန်းစိန်အား ဆုချီးမြှင့်ခြင်းကတော့ လက်ရှိ မြန်မာနိုင်ငံမှာ စစ်ပွဲများဆက်လက်ဖြစ်ပေါ်နေကာ လူသန်းပေါင်းများစွာဟာ စိုးရိမ်သောကနှင့် နေထိုင်နေကြရဆဲဖြစ်တာမို့ လက်ရှိပစယက္ခ အခြေအနေနှင့် ကွဲလွဲကာ ဆက်ကျင်ဖက် ဖြစ်နေလျက်ရှိကြောင်း ဆန္ဒပြကြသူတွေရဲ့ ဖိတ်စာမှာရော ကိုင်ဆောင်ထားတဲ့ အင်္ဂလိပ်လို ဆိုင်းဘုတ်များကရော အလွန်မြင်သာ ထင်ရှားစေပါတယ်။ ဆိုလိုတာကတော့ မြန်မာသမ္မတ ဦးသိန်းစိန် (ဘောင်းဘီချွတ် ဗိုလ်ချုပ်သိန်းစိန်) ဟာ ငြိမ်းချမ်းရေး နဲ့ မထိုက်တန်သူ လို့ ရှင်းလင်းစွာ အသိပေး ဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ ပိုပြီးထူးခြားထင်ရှားတာကတော့ မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ဗိုလ်ချုပ်သိန်းစိန်အဖြစ် တာဝန်ထမ်းဆောင်စဉ်က စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့သူ စစ်ရာဇဝတ်ကောင် အဖြစ် နိုင်ငံတကာစစ်ခုံရုံး တင်ရန်အထောက်အထားသတင်း အဖြစ် ဩဂုတ်လ ၂၀၀၁က ရှမ်းအမျိုးသမီး နန်းမို အား မြန်မာစစ်တပ်မှ မတရားပြုကျင့်ခံခဲ့ရကြောင်း အကြောင်းပါပိုစတာကို ဆန္ဒပြကြသူတွေက ကိုင်ဆောင်ခဲ့ကြခြင်းဖြစ်ပါတယ်။

မြန်မာပြည်လက်ရှိအခြေအနေ အရပ်ရပ်ဟာ အောက်ပါအချက်အလက်များအတိုင်းး ဖြစ်နေလျှက်ရှိပါတယ်။

• ကချင်ပြည်နယ်ဒေသတွင် ငြိမ်းချမ်းရေးရယူထားခဲ့သော်လည်း ယခုချိန်ထိမငြိမ်းချမ်းပဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း။
• ရှမ်းပြည်နယ်ဒေသတွင် တိုက်ပွဲများ၊ အဓမ္မပြုမှုများ ဆက်လက်ဖြစ်ပွားနေပြီး ဒုက္ခသည် အများအပြား နယ်စပ်ဒေသသို့ တိမ်းရှောင်ရောက်ရှိနေခြင်း
• မိတ္ထီလာနှင့် ရခိုင်ပြည်နယ်တို့တွင် လူမျိုးစုများကြား ပြင်းထန်သော ဖြစ်ရပ်များကို ငြိမ်းချမ်းစေရန် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်မှု မရှိခြင်း။
• မြန်မာနိုင်ငံအလယ်ပိုင်းနှင့် နိုင်ငံအဝှမ်းရှိ တောင်သူလယ်သမားများ ပိုင်ဆိုင်သော လယ်ယာမြေများကို အဓမသိမ်းယူခြင်းများ ဆက်လက်ဖြစ်ပေါ်နေပါသည်။

ICG မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် သိန်းစိန်အစိုးရ၏ ပြောင်းလဲရေး လုပ်ဆောင် ချက်များသည် အံမခန်း မြန်ဆန်ပြီး ကြီးကြီးမားမား ဆန့်ကျင်မှုများမရှိကြောင်း ရေးသားထား သော်လည်း သမ္မတသိန်းစိန်နှင့် သူ၏အစိုးရအဖွဲ့အနေဖြင့် စစ်ပွဲများ ရပ်တန့်သွားအောင် ထိရောက်စွာ ကိုင်တွယ်နိုင်မှုမရှိပဲ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူမျာအား အင်အားသုံးက အကြမ်းဖက်နှိမ်နှင်းခဲ့မှုများ၊ နိုင်ငံရေးအကျဉ်းသားများ အကုန်လွတ်မြောက်မှု မရှိဘဲ ပြည်သူလူထုများအား ဆက်လက် ဖမ်းဆီးမှုများကို ယခုအချိန်အထိ ဆက်လက် ဖြစ်ပွားကျူးလွန်နေဆဲပင် ဖြစ်ပါတယ် လို့ ဆန္ဒပြပွဲဖိတ်စာမှာ ဖော်ပြထားပါတယ်။

နယူးယောက်မြို့နေ မြန်မာနိုင်ငံသားများစုပေါင်းပြီး မြန်မာနိုင်ငံရဲ့ မငြိမ်းချမ်းသေးသော လက်ရှိအခြေအနေများကို ထုတ်ဖေါ် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

မြန်မာပြည် အမြန်ဆုံး ငြိမ်းချမ်းပါစေ။ မြန်မာပြည်သူပြည်သားအားလုံး လွတ်လပ်ရေး ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေး အသီးအပွင့်များကို ခံစားကြရပါစေ။ စစ်အာဏာရှင်တွေရဲ့ ဘေးဘယာမှ ကင်းဝေးကြပါစေ။

No comments :