Monday 22 April 2013

မီး လောင်ပြန်ပြီ




ယနေ့ ညနေ(၄)နာရီ (၅)မိနစ်ခန့် အချိန်က မန္တလေး ဘူတာကြီးတွင် ရပ်တန့်ထားသော
အိပ်စင်တွဲဆိုင်းတခု မီးလောင်ကျွမ်းမှူ ဖြစ်ပွားခဲ့သည်။ မည်သည့်အတွက်
ကြောင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးဆဲဖြစ်သည်။ "အဲဒီတွဲက
မြစ်ငယ်စက်ရုံကနေ ပို့ထားတာ မကြာသေးဘူး။ အသစ်ကြီးပဲ ရှိသေးတယ်။"ဟု
မီးရထားဝန်ထမ်းတဦးက ဆိုသည်။ ဧပြီလ(၁၉)ရက်နေ့ ည(၁၀)နာရီအချိန်ကလည်း
မန္တလေးဘူတာကြီးအတွင်းတွင်ပင် တွဲပြင်ရုံအနီးတွင် တွဲထိုးထားသော
အိပ်စင်တွဲဆိုင်းပေါ်၌ ပလက်စတစ်ကြွတ်ကြွတ်ကြိုးဖြင့်
ခြင်ဆေးခွေထွန်းညှိရာမှ မီးလောင်ကြွမ်းမှူတခု ဖြစ်ပွားခဲ့သေးသည်။

No comments :