Sunday 7 April 2013

မိထီလာ မီးရှို့  ခံရတဲ့ မူစလင် ပိုင်မြေများကို အစိုးရ က သိမ်းမည်ဟုဆို

ဒီအကြံကြောင့်..ဒီလိုဖန်တီးခဲ့တာလား?
======================
မိတ္ထီလာမြို့အကြမ်းဖက်လူသတ်မီးရှို့လုယက်မှုတွေကိုကြိုတင်
စီမံချက်နဲ့လုပ်ဆောင်ခဲ့တာမဟုတ်ဘူးလို့ဘယ်သူများငြင်းမှာတဲ့
လဲ...အခုမွတ်စလင်(မ်)ပိုင်မီးလောင်အိမ်ယာတွေကိုမြေထိုးစက်
တွေနဲ့ထိုးတော့မယ်...နိုင်ငံတော်ပိုင်သိမ်းတော့မယ်..

“တစ်အိမ်ကို ၅၃သိန်း၎သောင်းတန်ဖိုးရှိတဲ့ အိမ်ပေါင်း 
၁၅၃၄လုံးကိုတည်ဆောက်ပေးမှာဖြစ်ပါတယ်။သံတိုင်၊အုတ်တွေနဲ့ 
တည်ဆောက်ပြီး သွပ်မိုးပါတဲ့ အလျား ၂၄ပေ အနံ ၁၈ပေ
အကျယ်ရှိတဲ့ အိမ်တွေ တည်ဆောက်ပေးမှာပါ။ မွေးစာရင်းရှိတဲ့ 
လူတွေကို ပေးမယ်” ဟု ဦးရဲမြင့် အောင်က ပြောကြားသည်။

မိတ္ထီလာပဋိပက္ခဖြစ်ပွားစဉ်က ပျက်စီးသွားသော ၊ မီးလောင်သွားသော 
အိမ်များကို လုံခြုံရေးများနှင့် စောင့်ကြည့်ထားကြောင်း၊ အိမ်ပိုင်ရှင်များ
 ကို ၎င်းတို့နှင့်သတ်ဆိုင်ရာ နေအိမ်များတွင် ၀င်ရောက်ရှာဖွေရန် ၂ရက် 
ခွင့်ပြုမည်ဖြစ်ကြောင်း၊ မိမိတို့ပိုင်ဆိုင်သော အဖိုးတန်ပစ္စည်းများ 
အပျက်အစီးများကြားထဲတွင် တွေ့ရှိပါက ယူဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ 
ရှာဖွေမှုများပြီးဆုံးပါက ထိုမြေနေရာများကို မြေထိုးစက်များဖြင့် ထိုးကာ အသစ်ပြန်လည်တည်ဆောက်ရန် စီစဉ်မည်ဖြစ်ကြောင်း
 မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်က ထည့်သွင်းပြောကြားသည်။

ဒါဆိုရင်ကိုယ့်မြေကိုယ်မရနိုင်တော့တာသေချာသွားပြီပေါ့..
မြေတွေ၊အိမ်တွေ၊ဘယ်လောက်ပဲပိုင်ခဲ့ပါစေ(၂၄ပေx၁၈ပေ)မြေနေရာပဲ
ရနိုင်တော့မှာပေါ့...
ပြီးတော့..ရှုံးဆုံးခဲ့ရတဲ့ပစ္စည်းတွေ..အသက်တွေ...
ဘယ်လိုပေးဆပ်မှာလဲ?
ကြိုတင်စီမံဆောင်ရွက်ခဲ့တာမဟုတ်ဘူးလို့ဘယ်လိုငြင်းမှာလဲ?
မီထီလာ မူစလင်ရပ်ကွက်မြေတွေကို အစိုးရက သိမ်းတော့မှာဖြစ်ပါတယ်။

“တစ်အိမ်ကို ၅၃သိန်း၎သောင်းတန်ဖိုးရှိတဲ့ အိမ်ပေါင်း
၁၅၃၄လုံးကိုတည်ဆောက်ပေးမှာဖြစ်ပါတယ်။သံတိုင်၊အုတ်တွေနဲ့
တည်ဆောက်ပြီး သွပ်မိုးပါတဲ့ အလျား ၂၄ပေ အနံ ၁၈ပေ
အကျယ်ရှိတဲ့ အိမ်တွေ တည်ဆောက်ပေးမှာပါ။ မွေးစာရင်းရှိတဲ့
လူတွေကို ပေးမယ်” ဟု ဦးရဲမြင့် အောင်က ပြောကြားသည်။

မိတ္ထီလာပဋိပက္ခဖြစ်ပွားစဉ်က ပျက်စီးသွားသော ၊ မီးလောင်သွားသော
အိမ်များကို လုံခြုံရေးများနှင့် စောင့်ကြည့်ထားကြောင်း၊ အိမ်ပိုင်ရှင်များ
ကို ၎င်းတို့နှင့်သတ်ဆိုင်ရာ နေအိမ်များတွင် ၀င်ရောက်ရှာဖွေရန် ၂ရက်
ခွင့်ပြုမည်ဖြစ်ကြောင်း၊ မိမိတို့ပိုင်ဆိုင်သော အဖိုးတန်ပစ္စည်းများ
အပျက်အစီးများကြားထဲတွင် တွေ့ရှိပါက ယူဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း၊
ရှာဖွေမှုများပြီးဆုံးပါက ထိုမြေနေရာများကို မြေထိုးစက်များဖြင့် ထိုးကာ အသစ်ပြန်လည်တည်ဆောက်ရန် စီစဉ်မည်ဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်က ထည့်သွင်းပြောကြားသည်။

3 comments :

Anonymous said...

when did Moe Thee become Muslin?

မျိုးဟန်ထွန်း said...

ဒီသတင်း ထဲမှာ သိမ်းမယ်ဆိုတဲ့ စကားပါသလား ?
မ သေချာ မ ရေ ရာတဲ့ သတင်းကို လျှောက်ခေါင်းစဉ် တပ်ပြီး
ဖွ နေတဲ့ကောင်
အဆင့် တစက်မရှိတဲ့ကောင်

Anonymous said...

Moe Thee lair.
Moe Thee Muslim.