Friday 5 April 2013

ပြည်သူတွေရဲ့ရင်ဖွင့်သံ

ဒီနေ့ ညနေပိုင်း DVB ကြည့်မိတော့ ကြားမိလိုက်ရဲ့
ကြံ့ ဖွတ် ပါတီ ဘာလုပ်တဲ့ ပွဲလည်းတော့မသိဘူး အဲဒီ ပွဲမှာ ဦးအောင်သောင်း က

တိုင်းပြည်ကို ဆူဆူပူပူဖြစ်အောင်လုပ်နေတာ ကွန်မြူနစ်တွေ သွေးထိုးပေးထားတဲ့ လက်ကျန် ကွန်မြူနစ်တွေတဲ့ဗျာ

ဟိုတလောကလည်း တရုပ်သတင်းတခုမှာ မြန်မာပြည် တွင်း တရုပ်company များ၏ လုပ်ဆောင်မှု့များနှင့ပါတ်သက်ပြီး ဝေဖန် ကန့် ကွက်နေကြသူများမှာ မြန်မာပြည် ကွန်မြူနစ်လက်ကျန်များ၏သွေးထိုးလှုံ့ဆော်မှု့များသာဖြစ်ကြောင်းပြောသွား တယ်

ဒီ၂ ခုဆက်စပ်ကြည့်ရင် စဉ်းစားစရာတွေ အတော်ထွက်လာပြီ

၈၈ ပြီးတဲ့ နောက် သတင်းစာရှင်းလင်းပွဲ အကြိမ် ပေါင်း ၁၀၉ ၁၁၀ အကြိမ်လောက်လုပ်ခဲ့ မောင်ခင်ညွန့် ရဲ့ ထောက်လှမ်းရေး တွေ ဇတ်လမ်းရေး သရုပ်ဖေါ် ခဲ့ တဲ့
ကွန်မြူ နစ် တစေ ဇတ်လမ်းဟောင်းကြီး ပြန်အသက်သွင်း ဇတ်ရုပ်သစ်တမျိုးထုတ်ဖို့ ကြံပြန်ပြီလား
ဒါဆိုလည်း ၉၆၉ တွေ ၈၈ တွေ ပွင့်လင်း တွေ နိင်ကျဉ်း နိင်ချုပ် ဒီချုပ်မကျန် သဘာဝ ရော ပရဟိတ ရော အားလုံး မွှေနှောက် အနှစ်အသားထုတ်လိုက်တော့ မြန်မာပြည် က ကွန်မြူနစ်လက်ကျန်တွေ တဲ့ အလွယ်တကူ တံဆိပ်မကပ် စမ်းပါနဲ့ တော်တော်များများရှင်နေပြီးသားပါဗျာ
ပြည်သူတွေကလည်း ရိုးရိုး လေးကြည့်တော့မြင်ပြီးသားပါ
၂၀၁၅ အတွက် အကောက်ကြံ ခလောက်ဆန်နေကြတာတွေ
ကိုယ်ပိုင်ထင်နေတဲ့ အရင်းအမြစ်အာဏာ လက်ကျန် ဘဏ္ဏာလက်ကျန် မပျက်သုန်းရေးတွေ
အစ ရှိတဲ့ အတ္တအက်ျုးစီးပွား ကာကွယ်ရေး စီမံချက်တွေပေါ့

ဦးနေဝင် မချည်နိင်ခဲ့တဲ့ တပ်မတော်
ဦးပိုင်နဲ့ ကြားခံပြီး ဒေါ်လာနဲ့ ချည်ထားတယ်လို့  ပြည်သူ တွေ ခံစား သိရှ နေကြပါတယ်ဗျိာ

No comments :