Monday 22 April 2013

လက်ပတောင်းတောင်သတင်း

လက်ပတောင်းတောင်အကြမ်းဖက်မှု
  စစ်ကိုင်းရဲမှုး သွင်ကို ကို ရဲ့  စာထွက်လာခြင်း
 

အကြောင်းရင်းစင်စစ်များစွာကြောင့်

အခင်းဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီ ကိုးရက်အလိုတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ( အနားယူသွားပြီဟု တရားဝင် ကမ္ဘာသိ လူသိရှင်ကြား ကြေငြာခဲ့သော၊ အာဏာဆုပ်ကိုင် ထားလိုသော၊ ဘုရင်စနစ်ပြန်လည်ကျင့်သုံးရန် အကောင်အထည်ဖေါ်ဆောင်ရန်ကြိုးစားခဲ့သော၊ နိုင်ငံတော်ဘဏ္ဍာအရပ်ရပ်အား ထင်သလို မိမိပိုင်ပြောင်းရွှေ့ခဲ့သော၊ ပြည်သူတစ်ရပ်လုံးအပေါ် စေတနာပျက်ကွက်ခဲ့သော၊ ဆက်ရေးလျှင် တစ်ထောင့်တစ်ညပုံပြင် အညံ့ခံအရှုံးပေးရမည့်သူက ) သည် လက်ရှိပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုအား ခေါ်ယူတွေ့ဆုံပြီး လက်ပံတောင်းတောင် သပိတ်စခန်းကို ပြတ်ပြတ်သားသား ကိုင်တွယ်နှိမ်နင်းပစ်ရန် အမိန့်ပေး ခဲ့ပါသည်။

ယခုကဲ့သို့ လုပ်ဆောင်ရန် အမိန့်ပေးညွှန်ကြားရခြင်းမှာ ကြေးနီထုတ်လုပ်မှုစီမံကိန်းအား အိုင်ဗင်ဟိုကုမ္ပဏီ မှ ဝမ်ပေါင်ကုမ္ပဏီ သို့ လုပ်ငန်းလွှဲပြောင်းစဉ်ကာလက ည ၁၂ နာရီအချိန် လုပ်ငန်းအားလုံးရပ်တန့်ထားရမည်ဟု သတ်မှတ်ထားချိန်တွင် ကြေးနီတန်ချိန် ၃၀၀၄င်း ကြေးနီတန် ၃၀၀ မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု အကျိုးစီးပွားအတွက် ခိုးထုတ်ပေးခဲ့ရခြင်း ဖြစ်သည်။ (ကြေးနီး တူဖော်ရေးလုပ်ငန်းအမြတ်မှ ဗိုလ်ချုပ်မှူးကြီးအတွက်လည်း အချိုးကျရှယ်ယာ ခွဲပေးရသည် ဟု သိရပါသည်။)

တကယ်လို့ စီမံကိန်းရပ်တန့်ရေး တောင်းဆိုမှုပြင်းထန်လာပြီး ဝမ်ပေါင်ကုမ္ပဏီ အကျပ်အတည်း ဆိုက်လျှင် ကြေးနီခိုးထုတ်မှုကိစ္စ၊ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမိသားစုမှ လက်ဆောင်ပဏဏ္ဍာ ရယူထားသည့်ကိစ္စရပ်များသည် ဇယ်ဆက်သလို ပေါ်လာမှာကို စိုးရိမ်ကြောင့်ကြသဖြင့် ယခုလို စောစောစီးစီး နှိမ်နင်းဖြိုခွဲ ပစ်ရန် စီစဉ်ညွှန်ကြားခြင်းဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုလည်း ငြင်းဆန်လို့ မရသော အမိန့်ဖြစ်သည်ကို သိသဖြင့် သူ့တာဝန် မဖြစ်စေရေးအတွက် သမ္မတဦးသိန်းစိန်ထံ ညွှန်ကြားချက်အကြောင်း ခပ်ကြောကြော အသိပေး သလိုလို၊ တရားခံတာဝန်အား သမ္မတ ဦးသိန်းစိန်မှ ယူရမည့်သဘော ပွဲစားဆန်ဆန် ညွှန်ကြားရာ သမ္မတမှ သဘောမတူ၊ မလုပ်ရန်တားမြစ်ခဲ့၏။ ပြည်ထဲရေးဝန်ကြီးက မည်သို့မှ ငြင်းဆန်ရန်မဖြစ်နိုင် ဟု ဆက်လက်တင်ပြသလိုလို အကြပ်ကိုင်ရာ သမ္မတက

“အဲဒါဆိုလည်း မင်းကိုခိုင်းတာ မင်းလုပ်ပေါ့၊ ငါ့ကိုခိုင်းတာမှ မဟုတ်ဘဲ”

ဟုပြောလိုက်သောကြောင့် ပြည်ထဲရေးဝန်ကြီးက သူတစ်ယောက်တည်း ဆက်လုပ်ရန် စီစဉ်ရတော့၏။ ရဲမှူးကြီး သွင်ကိုကို (DSA -27) အား ခေါ်ယူပြီးလျှင် လက်ပံတောင်းတောင် သပိတ်စခန်းကို ဖြိုခွင်း ဖယ်ရှားပစ်ဖို့ ထပ်ဆင့်အမိန့်ပေး၏။

“ဒီ ကိစ္စ မင်းတာဝန်ယူရမှာ ကောင်းကောင်း မွန်မွန် ပြီးသွားရင် မင်းတစ်သက်စာ ကောင်းစားမယ်၊ ဆိုးဆိုးရွားရွား ဖြစ်လာရင်လည်း မင်းပဲခံစားပေတော့”

ဟု အပြတ် အမိန့်ပေးလိုက်ပြီး ၄င်းဒေသသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်မလာမီ အပြီးဆောင်ရွက်ရန် မှာကြားလိုက်၏
ယင်းကိစ္စ အလွယ်တကူ မအောင်မြင်နိုင်မှန်း ရဲမှူးကြီး သွင်ကိုကို သိသည်။ တဖက်မှလည်း အထက်မှ ပေးအပ်သောတာဝန်ကို မဖြစ်မနေ ကျေပွန်အောင် ထမ်းဆောင်ရမည်။ ထို့ကြောင့် အချိန်ရသည့် တစ်ပါတ်တာကာလလုံး သက်သတ်လွတ်စားသည်။ ဥပုသ်စောင့်သည်။
ဖြစ်ရပ်ဆိုးကြီးမဖြစ်ဘဲ အလိုလို ပြီးပြတ်စေကြောင်း တောင်းဆုအခါခါပြုလျှက် ဘုရားရှင်အား အချိန်ရသလို နားပူနားဆာလုပ်ခဲ့သည်။ အမိန့်အတိုင်း လုပ်ဖို့ ချီတုံချတုံ မဝံ့မရဲဖြစ်နေခဲ့သည်။ ဒါတောင် ထိုအချိန်အထိ ယခုအသုံးပြုခဲ့သည့်ဗုံးလက်နက် အသုံးပြုရမည်ကို မသိသေး၊ သာမာန်ကြမ်းကြမ်းတမ်းတမ်းနှိမ်နှင်းရမည်ဟုသာ သိထားသည်။ လိုအပ်လျှင် ပိုမို အကြမ်းဖက် ကိုင်တွယ်ဖြေရှင်းဖို့ အမိန့်သာ ရထား၏။
သပိတ်စခန်းဖြိုခွဲခါနီး အနီးကပ်ဆုံးညအချိန်ကျမှ အမျိုးအမည်မသိ ဗုံးတွေ ရောက်လာခြင်းဖြစ်သည်။ သပိတ်စခန်းဝင်ရောက်စီးနင်းသော ရဲဝန်ထမ်းတွေ ကိုယ်တိုင်ပင် ဗုံးပေါက်ကွဲမှု စွမ်းအားကို မြင်တွေ့ ရသောအခါ ထိတ်လန့်တကြား ခြေမကိုင်မိလက်မကိုင်မိ ဘာလုပ်ရမှန်းမသိဖြစ်ကုန်ကြရသည်ဆို၏။

ယခုအခါ ရဲမှူးကြီး သွင်ကိုကို မှာ အစကတည်းက သာမာန်ဖြိုခွင်းရမည့်အပေါ် စိတ်မကောင်းဖြစ်မှု၊ အေးချမ်းစွာပြီးဆုံးစေလိုမှု၊ တာဝန်နှင့်ဝတ္တရားကြား မိမိသမိုင်းအားနာမည်ပျက်စေနိုင်မှု၊ မိမိ မိသားစု အသက်ထက်ဆုံးနာမည်ဆိုးဖြင့် ဆက်လက်ရှင်သန်ရမည့်ဘ၀၊ စသည့်စသည့် သွေးပျက်လုမတတ် ကြောက်ရွံ့တုန်လှုပ်မှုပေါင်းများစွာဖြင့် စကားပြောသည့်အခါ အသံတွေ တုန်တုန်ယင်ယင် ဖြစ်နေ၏။

စုံစမ်းစစ်ဆေးမှုအပြီး အမှုမှန် ပေါ်ပေါက်လာပါက သူသည် ပြေးမလွတ်သော အဓိက တရားခံစာရင်းမှာ ပါနေတာကို သိထား၏။ အမိန့်အတိုင်းလုပ်ဆောင်မိသဖြင့် ဓားစာခံ ဘဝရောက် သွားရသည့်အဖြစ်ကို နာကျည်းကြေကွဲနေကြောင်း သိရသည်။
မှတ်ချက်၊၊ ကိုဟန်ဝင်းအောင် ဆိုက်မှ တဆင့်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ မုံရွာတိုင်မ်း ၏ အာဘော်မဟုတ်ကြောင်း သိစေအပ်ပါရန်..။
Nayt Thit
မိမိမြေယာ ကာကွယ်ရေး

လက်ပန်တောင်းတောင်ဒေသ မိုးကြိုးပြင် (အလယ်ရွာ) မှ ကိုဝင်းကျော် ပိုင်မြေကို ဦးပိုင်ကုမ္ပဏီမှ ကြေးနီစီမံကိန်းကိုအကြောင်းပြ သိမ်းပိုက်ထားသည်၊၊ ကိုဝင်းကျော် ပိုင်ဆိုင်သည့် မြေယာ (၈) ဧက၊ ကွင်းအမှတ် (၇၈၀) အားလယ်ယာလုပ်ငန်းအတွက် ပြန်လည်၍ ကိုဝင်းကျော်မှ ယနေ့ မနက် (၇း၃၀) နာရီတွင် ထွန်ရှဉ်း (၂၁) စည်း၊ လယ်ယာမြေသိမ်းခံနေရသူ လယ်သမား (၁၅၀) ကျော်ဖြင့် ဝင်ရောက်ထွန်ယက်ရာ၊ ခရိုင်ရဲမှူး ဦးတင်ထွန်း အပါအဝင် လုံထိန်းအင်အား (၁၀၀) ကျော်မှ ရိုင်းပြစွာပြောဆို၍ တားမြစ်ခဲ့၊ စီမံကိန်းနယ်မြေဖြစ်ပြီး၊ ပုဒ်မ (၁၄၄) ထုတ်
ထားသောကြောင့် လက်မခံဟု အာဏာပိုင်များမှ တားမြစ်ခဲ့သည်။

ကိုဝင်းကျော် အပါအဝင်စီမံကိန်းကြောင့် နစ်နာနေသော တောင်သူလယ်သမားများမှ ယခုစီမံကိန်းအတွက် စုံစမ်းရေးကော်မရှင်၏ အကြံပြုခွင့်ပြုချက်တွေအတိုင်း ဦးပိုင်နှင့်
ဝမ်ဘောင်ကုမ္ပဏီတို့ ကြေးနီမံကိန်းစာချုပ် အသစ်ပြပါ၊ မြေပိုသိမ်းပိုက်ထားသည့် (၉၀၂) ဧကလွှဲပေးမည်ပြောထားသည့်အတွက် လွှဲပေးပါ၊ ထိုမြေတွင် မိမိတို့ ပါမပါဖော်ပြပေးပါ၊ ပတ်ဝန်းကျင်မညစ်နွမ်းစေပါဘူးဆိုသော ခွင့်ပြုလက်မှတ် (EIA-HIA-SIA) လက်မှတ်တွေပြပါဟု တောင်းဆိုခဲ့ပြီး၊ မိမိတို့မြေယာသည်လျှော် ကြေးငွေလဲမယူထားပါ၊ စီမံကိန်းနှင့်ပတ်သတ်၍ စုံစမ်းရေးကော်မရှင်၏ တင်ပြချက်တွေကိုလဲ ဘာမှမလုပ်ဆောင်ထားသည့်အတွက် စီမံကိန်းကိုအသိအမှတ်မပြုနိုင်ဟု တောင်သူများမှပြန်လည်၍တောင်းဆိုခဲ့သည်။

တဆက်ထဲမှာ ပင်ဆည်တည်းရွာနေ မရီရီဝင်းပိုင်လယ်ယာ (၁၀-၅၄) ဧက၊ ကွင်းအမှတ် (၇၇၄-ခ) အား ဦးပိုင်ကုမ္ပဏီမှ သိမ်းပိုက်ထားသည်ကို လယ်ယာပိုင်ရှင်မှနွား (၁၀) ရှဉ်းလှည်းအစည်း(၃၀) ဖြင့် ဝင်ရောက်ထွန်ယက်ယာရာ လုံထိန်းအင်အား (၅၀) ကျော်ခန့် လာရောက်တားမြစ်ခဲ့သည်။ ပုဒ်မ (၁၄၄) ထုတ်ထားသောကြောင့် မထွန်ယက်၊ မလာရောက်ရဘူးဆိုလျှင် ခွင့်ပြုမှုမရှိဘဲ ပွင့်လင်းမြင်သာမှု ဘာတခုမှမရှိဘဲ လုပ်နေသည့် ကြေးနီစီမံကိန်းအမည်ခံ မြေသိမ်း၊ ယာဖျက်ကုမ္ပဏီကိုလဲ (၁၄၄) ပုဒ်မအရ ထွက်ခွာခိုင်းပါ။ မိမိတို့ပြည်သူများကို တဖက်သတ်အမိန့်မထုတ်ရန် ကန့်ကွက်ဆန္ဒပြရင်း ဆက်လက်ထွန်ယက်နေသည်။ လုံထိန်းအင်အားများ ထပ်မံရောက်ရှိလာသည့်အတွက် မြေသိမ်းခံအခြားသော တောင်သူလယ်သမားများလဲ နီးစပ်ရာကျေးရွာများမှ အင်အားအလုံးအရင်းဖြင့် (၂၀၀) ကျော်ခန့် လှည်းနွားများဖြင့် ထပ်မံအားဖြည့်ကာ ဦးပိုင်၊ ဝမ်ဘောင် ဖက်စပ်နိုင်ငံတော်အမည်ခံပြီး စစ်ခရိုနီအကျိုးသက်သက်ဖြစ်သော စီမံကိန်းကိုကန့်ကွက်ရင်း မိမိမြေကို မိမိထွန်ယက်နေကြသည်။

၂၃-၄-၂၀၁၃ မနက် (၈း၃၀)
လက်ပန်တောင်းတောင်ဒေသ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီ



ရထား လောက 

လူပျောက်သတင်း
ကူညီပေးကြပါ
ဓါတ်ပုံ ရှင်မိန်းကလေးသည်၁၈.၄.၂၀
၁၃ရက်နေ့တွင် ရန်ကုန်မှမှော်ဘီအပြန်
တွင် ပျောက်ဆုံးနေပါသည် ထို့ ကြောင့်
တွေ့ရှိပါက အမြန်ဆုံးအကြောင်းကြားပေး
ကြပါရန်မေတ္တာရပ်ခံအပ်ပါသည်၎င်းမိန်းကလေးသည် ရန်ကုန် ဆေးဘက်ဆိုင်ရာ
နည်းပညာတက္ကသိုလ်မှ ဒုတိယနှစ်တွင်
တက်ရောက်နေသော ကျောင်းသူဖြစ်ပါ
သည် သူမ၏အမည်မှာနော်မေသူသူဇော်
ဖြစ်ပါသည် လက်ရှိအချိန်တွင် ရဲစခန်း၌
သာလူပျောက်အမှုဖွင့်ထားနိုင်ပါသည်
မည်သို့ဆောင်ရွက်ရမည်ကိုသိရှိပါက
commentရေး၍အကြံပြုပေးကြပါshare
၍လည်းမိမိပတ်ဝန်းကျင်သိအောင်ကူညီပေးကြပါ၎င်းနှင့်အတူပါသွားသောဖုန်း
09421127018 မှာလည်းဆက်သွယ်၍
မရပါ သူမ၏ဖခင်မှာလည်းကျန်းမာရေး
အခြေအနေမကောင်းပါသဖြင့်ဝင်ရောက်
အကူအညီပေးကြပါ
ဆက်သွယ်ရန်
09450041281
ရေတာရှည်ကျေးရွာ မှော်ဘီမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး

http://on.fb.me/17S0AUlကူညီပေးကြပါ
ဓါတ်ပုံ ရှင်မိန်းကလေးသည်၁၈.၄.၂၀
၁၃ရက်နေ့တွင် ရန်ကုန်မှမှော်ဘီအပြန်
တွင် ပျောက်ဆုံးနေပါသည် ထို့ ကြောင့်
တွေ့ရှိပါက အမြန်ဆုံးအကြောင်းကြားပေး
ကြပါရန်မေတ္တာရပ်ခံအပ်ပါသည်၎င်းမိန်းကလေးသည် ရန်ကုန် ဆေးဘက်ဆိုင်ရာ
နည်းပညာတက္ကသိုလ်မှ ဒုတိယနှစ်တွင်
တက်ရောက်နေသော ကျောင်းသူဖြစ်ပါ
သည် သူမ၏အမည်မှာနော်မေသူသူဇော်
ဖြစ်ပါသည် လက်ရှိအချိန်တွင် ရဲစခန်း၌
သာလူပျောက်အမှုဖွင့်ထားနိုင်ပါသည
မည်သို့ဆောင်ရွက်ရမည်ကိုသိရှိပါက
commentရေး၍အကြံပြုပေးကြပါshare
၍လည်းမိမိပတ်ဝန်းကျင်သိအောင်ကူညီပေးကြပါ၎င်းနှင့်အတူပါသွားသောဖုန်း
09421127018 မှာလည်းဆက်သွယ်၍
မရပါ သူမ၏ဖခင်မှာလည်းကျန်းမာရေး
အခြေအနေမကောင်းပါသဖြင့်ဝင်ရောက်အကူအညီပေးကြပါ
ဆက်သွယ်ရန် 09450041281 ရတာရှည်ကျေးရွာ မှော်ဘီမြို့နယ် ရန်ကုန်တိုင်းဒေသကြီး

No comments :