Friday 5 April 2013

ကိုရီးယား ကျွန်းဆွယ်ပြသနာ


ကိုရီးယား ကျွန်းဆွယ် အရေး

ကိုးရီးယားကျွန်းဆွယ်မှာစစ်အရိပ်အငွေ့ သန်းလာတယ်။ နစ်ပေါင်း၄၀ အတွင်းအမြင့်ဆုံးတင်းမာမှုဖြစ်လာနေပါတယ်။ စစ်ဖြစ်မှာလား။မဖြစ်ဘူးလား ။ ဘာတွေအကျိုးဆက်တွေဖြစ်လာမှာလဲ။ စတဲ့မေးခွန်းတွေပေါ်ထွက်လာတယ်။
ကိုရီယားကျွန်းဆွယ် ရဲ့ ပထ၀ီိနိင်ငံရေးကို ကြည့်ဖို့ လိုလာတယ်။ ပါဝင်ပတ်သက်နေတဲ့ နိင်ငံတွေရဲ့  အကျိုးစီးပွားတွေကိုကြည့်ရင်

၁။ တရုပ်က မြောက်ကိုရီးယားကျသွားမှာကိုမလိုလားဘူး။မြောက်ကိုရီးယားကို ကြားခံနယ်မြေ Buffer Zone တည်ရှိနေတာကိုသဘောကျတယ်။ မြောက်ကိုးကျသွားခဲ့ရင် အမေရိကန် နဲ့  ထိပ်တိုက်ဖြစ်သွားမှာကိုမလိုလာခြင်ပုံမရှိ။

၂။ ဂျပန်က မြောက်ကိုးရီးယားကျသွားရင် ရေရည်မှာ တောင်ကိုးရီးယားဟာသူအတွက် Potential Competitor ဖြစ်လာမယ်။ စစ်ရေး၊စီးပွားရေး အရ။ဒါကြောင့် မြောက်ကိုးရီးယား က ခြိမ်းခြောက်နေတာမကြိုက်ဘူး။ ဒါပေမဲ့တောင်ကိုရီးယားတက်လာမှာကိုလဲမနစ်သက်နိင်ဘူး။

၃။ အမေရိကန် အတွက်ကတော့ မြောက်ကိုးရီယားဟာသူအတွက်အရောင်းစာရေးကောင်း ( Sale Person) လို တော့ဖြစ်နေတယ်။ မြောက်ကိုးခြိမ်းခြောက်မှုရှိနေတဲ့အတွက်ဂျပန်နဲ့တောင်ကိုရီးယားက အမေရိကန် စီက စစ်လက်နက်အသစ်ဆန်းတွေဝယ်နေရတယ်။ သူတို့ ရဲ့ စစ်ရေး အရလိုအပ်ချက်အပေါ်မှာ အမေရိကန် ကို နိင်ငံရေးမှီခိုနေရတာကို သူကကြိုက်တယ်။

၎။ မြောက်ကိုရီးယားကျသွားရင်အမေ၇ိကန်ဝင်လာမယ်။ ဒီအခါမှာ ရုရှားက သူရဲ့အရှေ့ ဖျား ပင်လယ်ထွက်ပေါက်တခါးဝမှာ အမေရိကန်စစ်သဘောင်္လာရပ်နေတာကိုခံစားနိင်ပုံမရှိပါဘူး။



စစ်ဖြစ်နိင်သလား။

ဖြစ်နိင်ချေတော့ရှိတယ်။ နိင်ငံရေးအရတော့နည်းနေတယ်။ ဒါပေမဲ့ စစ်ကိုဖြစ်စေတဲ့အကြောင်းတွေထဲမှာ လူတွေရဲ့ ရူးသွပ်သွားမှု (Madness) ကလဲ အဓိကအချက်တခုနေနဲ့ထည့်သွင်းစဉ်းစားလေ့ရှိကြတယ်။


ဒီလိုရှုးသွပ်မှုတွေက စစ်ပွဲတွေ၊သွေးထွက်သံယိုမှုတွေကိုဖြစ်စေနိင်တယ်။madness ကြောင့်ဖြစ်လာတဲ့ ပတိပက္ခတွေက တကယ်လွတ်လပ်မှု၊ တရားမျှတမှုနဲ့  ဖွင့်ဖြိုးမှုတွေကိုဆောင်ကျဉ်းနိင်စွမ်းမရှိကြပါ။ )


မြောက်ကိုရီးယားက မြို့ကြီး ၆ မြို့လောက်ကိုနယူးကလီးယားထိပ်ဖူးတွေ တပ်ဆင်ထားတဲ့ဒုံပျံတွေချိန်ရွယ်ပြစ်ခတ်လာနိင်တယ်လို့သုံးသပ်ကြတယ်။ကိုရီးယားနဲ့ဂျပန်ကမြို့ တွေကိုပါ။ အမေရိကန်ကိုတော့ ပြစ်မှတ်လုပ်ထားတာမရှိသေးဘူး။စစ် ဖြစ်လာရင်တော့ ကိုရီယားနဲ့ ဂျပန်က သက်ရောက်မှုတွေရှိလာနိင်တယ်။ ကမ္ဘာစီးပွားရေကိုပါထိခိုက်သွားနိင်တယ်။
ဂျပန်နဲ့  ကိုရီယား ကထုတ်လုပ်မှုတွေပျက်စီးတာကျဆင်းတာတွေကြောင့်သူတို့ကိုမှီခိုနေတဲ့ နိင်ငံတွေ တနွယ်ငင်တစင်ပါ ဆိုးကျိုးသက်ရောက်မှုတွေခံရမဲ့သဘောပေါ့။တကယ်တန်းစစ်ဖြစ်ရင် မြောက်ကိုးရီးယားဟာ အမေရိကန်နဲ့မဟာမိတ်တွေရဲ့ စစ်ရေး ရေးကိုမယှဉ်နိင်သေးဘူး။စစ်ရေစစ်သွေးနဲ့  စစ်လက်နက် ပစ္စည်းတွေဟာ အရည်သွေးညံနေသေးတယ်။ ၀ါဒဖြန့် ချီမှုတွေသာများပြီးတကယ်လေ့ကျင့်မှုနည်းနေတဲ့စစ်တပ်လို့ သုံးသပ်ကြတယ်။ (မြန်မာစစ်တပ်သဘွယ်။ )

မြောက်ကိုရီးယား ကျသွားနိင်တယ်။အမေရိကန် အနေနဲ့က အီရိတ်၊ လစ်ဗျား ၊ အာဖကန်နစ်စတန်မှာတိုက်တုံးကလိုမျိုး ရန်သူရဲ့ တင့်ကားတွေ၊လေယျဉ်ပျံတွေ၊ထောက်ပံရေးတွေကို ဦးစားပေးတိုက်မှမျိုးထက်၊ရန်သူရဲ့ စစ်ဌာနချုပ် (   Nerves System) ကို ပထမဦးစားပေးတိုက်မဲ့အနေထားရှိလာနိင်တယ်။




မြောက်ကိုရီးယားက ဘာကိုလိုခြင်နေတလဲ

မြောက်ကိုရီးယားက စီးပွားရေးပိတ်စို့မှုကိုရပ်ဆိုင်းစေချင်တယ်။ အမေရိကန်က မြောက်ကိုရီယားရဲ့ နယူကလီးယား ထုတ်လုပ်မှုကိုရပ်ဆိုင်းစေချင်တယ်။
မြောက်ကိုရီးယားဟာ အငတ်ပြသနာကိုရင်ဆိုင်နေရတယ်။ဒါပေမဲ့ မြန်မာပြည်လို ပဲ အငတ်ပြသနာကို ခံနိင်ရည်ရှိတယ်။ လူတွေက အုပ်စိုးသူတွေကိုဆန်ကျင်ဖို့ ထက်အငတ်ပြသနာကိုပိုပြီး ခံမယ်ဆိုတဲ့အယူဆလမ်းကြောင်းကိုပိုရောက်နေတယ်။


 နိင်ငံတကာက ရိက္ခာအကူညီတွေလိုနေတယ်။ နယူးကလီးယားတင်မားမှုကိုပြပြီးနိင်ငံရေး အရတောင်းဆိုမှုတခုခုကိုလိုလားနေဟန်ရှိနေပါတယ်။
မြောက်ကိုးဟာ
ဖွင့်ဖြိုးမှုတွေကိုဘာမှလုပ်လို့မရဖြစ်နေတယ်။ သူအမေရိကန်က စီးပွားရေးပိတ်စို့ ထားမှုသက်ရောက်မှုကြီးလာတယ်။ ဒါကြောင့်မြောက်ကိုးရီးယားခေါင်းဆောင်သစ်ဟာ ဒီပြသနာကိုသူဖြေရှင်းနိင်တယ်ဆိုတာကိုပြသဖို့လိုလာတယ်။ တနည်းအားဖြင့် ပါတီနဲ့တပ်အတွင်းမှာသူသြဇာကို ပြနိင်ဖို့ လုပ်လာတာဖြစ်တယ်။
ဒီလုပ်ရပ် က ဆိုးကျိုးသက်ရောက်မှုတွေလဲမြောက်ကိုးရီးယားမှာကြုံတွေလာနိင်တယ်။ပါတီနဲ့တပ် ကွဲလာတာ။ ခေါင်းဆောင်မှုပြောင်းလာနိင်တာမျိုးတွေဖြစ်တယ်။
လောလောဆယ်မှာတော့ တရုပ်ရဲ့သြဇာကမြောက်ကိုးရီးယား၊

 မြန်မာနဲ လာအိုစ်နိင်ငံတွေအပေါ်မှာ သြဇာသက်ရောက်မှုက၉ ၀ ရာခိုင်နှုန်းခန့်အခိုင်အမာရှိနေပါတယ်။
ဒီနိင်ငံသုံးနိင်ငံစလုံးကို ၁၉ ရာစုလောက်ကတည်းက အမေရီကန်က မက်ဆီကိုနိင်ငံကို လုပ်ထားနိင်သလိုလုပ်ထားနိင်တုံးဖြစ်ပါတယ်။

ဒါကြောင့်ဒီစစ်ပွဲဟာ ဖြစ်နိင်ချေနည်းနေသေးတယ်။ဖြစ်နိင်ဖို့  Factor က အထက်မှာတင်ပြခဲ့သလို rational မှမရှိပဲ  Madness မှာပဲရှိနေပါ တယ်။

နောက်ဆုံးအခြေအနေ

ဗြိတိသျသံရုံးက မဆုတ်ခွာသေး။ဆွီဒင်သံရုံကိုဆုတ်ခွာဖို့  မပြောသေးဘူးလို ဆိုတယ်။ ဒါပေမဲ့ရုရှားသံရုံးကိုတော့မြောက်ကိုးရီးယားက ဆုတ်ခွာနိင်ဖို့ ပြင်ဆင်ဖို့ အကြောင်းကြားတယ်လို့ ဆိုပါတယ်။မြောက်ကိုရီးယားနယ်စပ်ကေစုံး စက်မှုဇုံမှာအလုပ်လုပ်နေတဲ့  တောင်ကိုရီးယားက အလုပ်သမား ၅ သောင်းကို မြောက်ကိုရီးယားကထွက်သွားဖို့ ပြောတဲ့အတွက်အလုပ်သမား တွေပြန်လာပါတယ်။
မြောက်ကိုရီယားက ဒုံကျဉ်နစ်ခုကိုအသင့်တပ်ဆင်ထားတယ်။အမေ၇ိကန်က ဒုံခွင်းစနစ်တွေကို ပစ္စဖိတ်သုမုဒရာမှာရှိတဲ့ ဂွမ်ကျွန်းမှာတပ်ဆင်လိုက်ပါတယ်

No comments :