Friday 5 April 2013

ပြည်ပမှာ လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်ရန် လို အပ် ဟု ကို မွန်းအောင် ပြော

"မြန်မာ့ဒီမိုကရေစီအရေး နော်ဝေးမှာ ပြန်လည်လှုပ်ရှားမည်”

လာမဲ့ မေလကစပြီး မြန်မာ့နိုင်ငံရေးအခြေအနေမှန်များ နော်ဝေးပြည်သူများပိုမို သိရှိအောင် လှုံ့ဆော် လုပ်ဆောင်သွားမယ်လို့ နော်ဝေးနိုင်ငံမှာ နေထိုင်နေတဲ့ အဆိုတော် ကိုမွန်းအောင်က ပြောပါတယ်။ သူနဲ့ သူ့မိတ်ဆွေ များနဲ့ အတူ ဒီမိုကရေစီမြတ်နိုးသူတွေ စုစည်းပြီး မြန်မာ့ လက်ရှိနိုင်ငံရေး အခြေအနေမှန်များကို နော်ဝေးမီဒီယာများမှဖြစ်စေ၊ ပြည်သူတွေနဲ့ တိုက်ရိုက်ထိစပ်ပြီးဖြစ်စေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

“ လာမဲ့ မေလ ၄ရက်နဲ့ ၅ ရက်နေ့တွေမှာ သမ္မတကြီး ဦးသိန်းစိန် နိုဘယ်ဆု မရရေး ကင်ပိန်းတခုကို ကျနော်တို့စပြီးလုပ်ရှားမယ်၊ တချိန်ထဲမှာပဲ နော်ဝေးအစိုးရနဲ့ ပြည်သူတွေကို ထိစပ်ပြီး ဒီကနေ့ ဗမာပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေမှန်ကို အသိပေး လှုံ့ဆော်သွားမယ်” လို့ ကိုမွန်းအောင်ကပြောတယ်။ ကိုမွန်းအောင်နဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွသူတွေဟာ လာမဲ့ မေလ ပထမပတ်ကစပြီး အော်စလိုမြို့လည် လူစည်ကားတဲ့ လမ်းမတွေမှာ ပိုစတာတွေ ကိုင် တီရှပ်တွေဝတ်ဆင်ပြီး တော်လှန်ရေးတေးသီချင်းတွေ သီဆိုရင်း စစ်အစိုးရ အသွင်ပြောင်း အာဏာရအစိုးရသစ် နောက်ကွယ်က မြန်မာပြည်ဆိုင်ရာ နိုင်ငံရေးအခြေအနေမှန်တွေကို ပုံနှိပ်ဖော်ပြထားတဲ့ လက်ကမ်းစာစောင်များလည်း ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

“ ကျနော်တို့ တိုက်ပွဲက မပြီးသေးဖူး၊ ပြည်ပမှာ လုပ်ရမဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ရှိနေသေးတယ်၊ ဒီကနေ့ အာဏာယူထားတဲ့ အစိုးရက သန့်ရှင်းတဲ့ အစိုးရမဟုတ်သေးဖူး၊ သူတို့လက်မှာ သွေးတွေစွန်းပေနေတုံးပဲ၊ ပြီးတော့ လွန်ခဲ့တဲ့ အတိတ်က သူတို့မှားခဲ့တာကို ဘာတခုမှ ပြည်သူကို ၀န်ချတောင်းပန်တာ မရှိဖူး၊ ကမ္ဘာအရပ်ရပ်က အစိုးရသစ်ခေါင်းဆောင်တွေဟာ အရင်အစိုးရတုံးက အမှားတွေကို ပြည်သူတွေဆီ ၀န်ချတောင်းပန်တတ်တဲ့ သာဓကတွေရှိတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခု တည်ထောင်ချင်ရင်၊ ပြည်သူတွေနဲ့ ယုံကြည်မှု တည်ဆောက်ချင်ရင် ဒါတွေက မဖြစ်မနေ လုပ်ရမယ်၊ မြန်မာအစိုးရက လူထုအပေါ် မောက်မာနေတုံးပဲ”လို့ ကိုမွန်းအောင်က ဝေဖန်ခဲ့တယ်။ 

နော်ဝေးနိုင်ငံအခြေစိုက် မီဒီယာများကလည်း လက်ရှိမြန်မာ့အရေး ကိစ္စများနဲ့ ပြည်တွင်း ပဋိပက္ခတွေကို နော်ဝေးပြည်သူများ သိရှိအောင်ဖော်ပြမှု အတော်နည်းနေပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ စစ်တွေအရေးအခင်း၊ မိတ္ထီလာအဓိကရုဏ်း၊ လက်ပံတောင်းတောင် တင်းမာမှု သတင်းတွေကို နိုင်ငံတကာမီဒီယာများနဲ့ ဒိန်းမတ်၊ ဆွီဒင် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေက ဖော်ပြခဲ့ပေမဲ့ နော်ဝေးနိုင်ငံမှာတော့ သတင်းစာတစောင်က မထင်မရှား သတင်းတိုလေးအနေနဲ့သာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့သော ဖေဖေါ်ဝါရီလနောက်ဆုံးအပတ် သမ္မတဦးသိန်းစိန်ရဲ့ အော်စလိုခရီးစဉ်အတွင်း မြန်မာ့အရေးတက်ကြွသူများရဲ့ ကန့်ကွက်ဆန္ဒပြမှုကိုလည်း နော်ဝေးမီဒီယာများနဲ့ အော်စလိုအခြေစိုက် DVB သတင်းဌာနက သတင်းထုတ်လွှင့်မှု မရှိပါဘူး။ 
နော်ဝေးနိုင်ငံ မီဒီယာတချို့နဲ့ အစိုးရအပါအ၀င် အဖွဲ့အစည်းတချို့ဟာ မြန်မာ့နိုင်ငံ ပကတိအခြေအနေကို မသိချင်ယောင်နေတယ်လို့် လည်း ကိုမွန်းအောင်က စွတ်စွဲပြောဆိုလိုက်ပါတယ်။ 

“ နော်ဝေးနိုင်ငံဟာ မြန်မာပြည်အရေးမှာ တက်တက်ကြွကြွ အားပေးနေတယ်ဆိုပေမဲ့ ဗမာပြည်မှာ ဖြစ်နေတဲ့ ပကတိအနေအထားမှန် သတင်းတွေကို သူ့ပြည်သူတွေသိအောင် မပြောဘူး၊ ကျနော့်မိတ်ဆွေတချို့ကို ကျနော်ပြန်ပြောပြတော့ သူတို့အဲဒါတွေ မသိကြဘူးလို့ ပြောပြတယ်။ ဒီတော့ ကျနော်တို့ နော်ဝေးမီဒီယာတွေကို သိအောင် ချည်းကပ်ရမယ်၊ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီနေတဲ့ တခြားNGO အဖွဲ့တွေကိုလည်း ဒီထက်ပွင့်လင်းမြင်သာမှု ရှိစေမဲ့ သတင်းထုတ်ပြန်မှုတွေ ဆောင်ရွက်ဖို့ တိုက်တွန်းမယ်။” 

ကိုမွန်းအောင်က ဆက်လက်ပြီး မိမိတို့ဟာ အစိုးရ လုပ်တာမှန်သမျှ မကောင်းမြင်စိတ်နဲ့ ကန့်ကွက်နေတာ မဟုတ်ကြောင်း၊ ဒီကနေ့အစိုးရရဲ့ အပြောင်းအလဲဟာ ဦးနေ၀င်းရဲ့ တပါတီအာဏာရှင် မဆလခေတ်က အခြေအနေနဲ့ အခွင့်အရေးလောက်တောင် မရှိသေးဘူးလို့ ပြောဆိုပါတယ်။ နော်ဝေးနိုင်ငံရဲ့ နွေရာသီ ကာလအတွင်း ယခုလို နိုင်ငံရေးပြန်လည်လှုပ်ရှားမယ့် အစီအစဉ်တွေဟာ အရင်က မြန်မာ့ ဒီမိုကရေစီရေး အတွက် ဦးဆောင်လှုပ်ရှားနေတဲ့ (NBC) နော်ဝေး-မြန်မာကောင်စီ အဖွဲ့နဲ့ ပတ်သက်မှု မရှိသလို သူတို့ရဲ့ အစီအစဉ်လည်း မဟုတ်တဲ့အကြောင်း၊ အဆိုပါ NBC မှ ၀င်ရောက် ပတ်သက်မှုကိုလည်း လက်ခံမှာ မဟုတ်ကြောင်း၊ မြန်မာပြည်သူတွေရဲ့ လိုအင်ဆန္ဒနဲ့ မကိုက်ညီတဲ့အပြင် အာဏာရအစိုးရ စိတ်ကြိုက်ဖြည့်ဆည်း လုပ်ကိုင်နေတဲ့ မည်သည့် NGO အဖွဲ့အစည်းနဲ့မှ မိမိတို့ဟာ ဆက်သွယ်ပူးပေါင်းမှာ မဟုတ်ကြောင်း ကိုမွန်းအောင်က ပြောဆိုခဲ့ပါတယ်။

ကိုညို ( အော်စလို)
"မြန်မာ့ဒီမိုကရေစီအရေး နော်ဝေးမှာ ပြန်လည်လှုပ်ရှားမည်”

လာမဲ့ မေလကစပြီး မြန်မာ့နိုင်ငံရေးအခြေအနေမှန်မျ
ား နော်ဝေးပြည်သူများပိုမို သိရှိအောင် လှုံ့ဆော် လုပ်ဆောင်သွားမယ်လို့ နော်ဝေးနိုင်ငံမှာ နေထိုင်နေတဲ့ အဆိုတော် ကိုမွန်းအောင်က ပြောပါတယ်။ သူနဲ့ သူ့မိတ်ဆွေ များနဲ့ အတူ ဒီမိုကရေစီမြတ်နိုးသူတွေ စုစည်းပြီး မြန်မာ့ လက်ရှိနိုင်ငံရေး အခြေအနေမှန်များကို နော်ဝေးမီဒီယာများမှဖြစ်စေ၊ ပြည်သူတွေနဲ့ တိုက်ရိုက်ထိစပ်ပြီးဖြစ်စေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ လာမဲ့ မေလ ၄ရက်နဲ့ ၅ ရက်နေ့တွေမှာ သမ္မတကြီး ဦးသိန်းစိန် နိုဘယ်ဆု မရရေး ကင်ပိန်းတခုကို ကျနော်တို့စပြီးလုပ်ရှားမယ်၊ တချိန်ထဲမှာပဲ နော်ဝေးအစိုးရနဲ့ ပြည်သူတွေကို ထိစပ်ပြီး ဒီကနေ့ ဗမာပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေမှန်ကို အသိပေး လှုံ့ဆော်သွားမယ်” လို့ ကိုမွန်းအောင်ကပြောတယ်။ ကိုမွန်းအောင်နဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွသူတွေဟာ လာမဲ့ မေလ ပထမပတ်ကစပြီး အော်စလိုမြို့လည် လူစည်ကားတဲ့ လမ်းမတွေမှာ ပိုစတာတွေ ကိုင် တီရှပ်တွေဝတ်ဆင်ပြီး တော်လှန်ရေးတေးသီချင်းတွေ သီဆိုရင်း စစ်အစိုးရ အသွင်ပြောင်း အာဏာရအစိုးရသစ် နောက်ကွယ်က မြန်မာပြည်ဆိုင်ရာ နိုင်ငံရေးအခြေအနေမှန်တွေကို ပုံနှိပ်ဖော်ပြထားတဲ့ လက်ကမ်းစာစောင်များလည်း ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

“ ကျနော်တို့ တိုက်ပွဲက မပြီးသေးဖူး၊ ပြည်ပမှာ လုပ်ရမဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ရှိနေသေးတယ်၊ ဒီကနေ့ အာဏာယူထားတဲ့ အစိုးရက သန့်ရှင်းတဲ့ အစိုးရမဟုတ်သေးဖူး၊ သူတို့လက်မှာ သွေးတွေစွန်းပေနေတုံးပဲ၊ ပြီးတော့ လွန်ခဲ့တဲ့ အတိတ်က သူတို့မှားခဲ့တာကို ဘာတခုမှ ပြည်သူကို ၀န်ချတောင်းပန်တာ မရှိဖူး၊ ကမ္ဘာအရပ်ရပ်က အစိုးရသစ်ခေါင်းဆောင်တွေဟာ အရင်အစိုးရတုံးက အမှားတွေကို ပြည်သူတွေဆီ ၀န်ချတောင်းပန်တတ်တဲ့ သာဓကတွေရှိတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခု တည်ထောင်ချင်ရင်၊ ပြည်သူတွေနဲ့ ယုံကြည်မှု တည်ဆောက်ချင်ရင် ဒါတွေက မဖြစ်မနေ လုပ်ရမယ်၊ မြန်မာအစိုးရက လူထုအပေါ် မောက်မာနေတုံးပဲ”လို့ ကိုမွန်းအောင်က ဝေဖန်ခဲ့တယ်။

နော်ဝေးနိုင်ငံအခြေစိုက် မီဒီယာများကလည်း လက်ရှိမြန်မာ့အရေး ကိစ္စများနဲ့ ပြည်တွင်း ပဋိပက္ခတွေကို နော်ဝေးပြည်သူများ သိရှိအောင်ဖော်ပြမှု အတော်နည်းနေပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ စစ်တွေအရေးအခင်း၊ မိတ္ထီလာအဓိကရုဏ်း၊ လက်ပံတောင်းတောင် တင်းမာမှု သတင်းတွေကို နိုင်ငံတကာမီဒီယာများနဲ့ ဒိန်းမတ်၊ ဆွီဒင် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေက ဖော်ပြခဲ့ပေမဲ့ နော်ဝေးနိုင်ငံမှာတော့ သတင်းစာတစောင်က မထင်မရှား သတင်းတိုလေးအနေနဲ့သာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့သော ဖေဖေါ်ဝါရီလနောက်ဆုံးအပတ် သမ္မတဦးသိန်းစိန်ရဲ့ အော်စလိုခရီးစဉ်အတွင်း မြန်မာ့အရေးတက်ကြွသူများရဲ့ ကန့်ကွက်ဆန္ဒပြမှုကိုလည်း နော်ဝေးမီဒီယာများနဲ့ အော်စလိုအခြေစိုက် DVB သတင်းဌာနက သတင်းထုတ်လွှင့်မှု မရှိပါဘူး။
နော်ဝေးနိုင်ငံ မီဒီယာတချို့နဲ့ အစိုးရအပါအ၀င် အဖွဲ့အစည်းတချို့ဟာ မြန်မာ့နိုင်ငံ ပကတိအခြေအနေကို မသိချင်ယောင်နေတယ်လို့် လည်း ကိုမွန်းအောင်က စွတ်စွဲပြောဆိုလိုက်ပါတယ်။

“ နော်ဝေးနိုင်ငံဟာ မြန်မာပြည်အရေးမှာ တက်တက်ကြွကြွ အားပေးနေတယ်ဆိုပေမဲ့ ဗမာပြည်မှာ ဖြစ်နေတဲ့ ပကတိအနေအထားမှန် သတင်းတွေကို သူ့ပြည်သူတွေသိအောင် မပြောဘူး၊ ကျနော့်မိတ်ဆွေတချို့ကို ကျနော်ပြန်ပြောပြတော့ သူတို့အဲဒါတွေ မသိကြဘူးလို့ ပြောပြတယ်။ ဒီတော့ ကျနော်တို့ နော်ဝေးမီဒီယာတွေကို သိအောင် ချည်းကပ်ရမယ်၊ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီနေတဲ့ တခြားNGO အဖွဲ့တွေကိုလည်း ဒီထက်ပွင့်လင်းမြင်သာမှု ရှိစေမဲ့ သတင်းထုတ်ပြန်မှုတွေ ဆောင်ရွက်ဖို့ တိုက်တွန်းမယ်။”

ကိုမွန်းအောင်က ဆက်လက်ပြီး မိမိတို့ဟာ အစိုးရ လုပ်တာမှန်သမျှ မကောင်းမြင်စိတ်နဲ့ ကန့်ကွက်နေတာ မဟုတ်ကြောင်း၊ ဒီကနေ့အစိုးရရဲ့ အပြောင်းအလဲဟာ ဦးနေ၀င်းရဲ့ တပါတီအာဏာရှင် မဆလခေတ်က အခြေအနေနဲ့ အခွင့်အရေးလောက်တောင် မရှိသေးဘူးလို့ ပြောဆိုပါတယ်။ နော်ဝေးနိုင်ငံရဲ့ နွေရာသီ ကာလအတွင်း ယခုလို နိုင်ငံရေးပြန်လည်လှုပ်ရှားမယ့် အစီအစဉ်တွေဟာ အရင်က မြန်မာ့ ဒီမိုကရေစီရေး အတွက် ဦးဆောင်လှုပ်ရှားနေတဲ့ (NBC) နော်ဝေး-မြန်မာကောင်စီ အဖွဲ့နဲ့ ပတ်သက်မှု မရှိသလို သူတို့ရဲ့ အစီအစဉ်လည်း မဟုတ်တဲ့အကြောင်း၊ အဆိုပါ NBC မှ ၀င်ရောက် ပတ်သက်မှုကိုလည်း လက်ခံမှာ မဟုတ်ကြောင်း၊ မြန်မာပြည်သူတွေရဲ့ လိုအင်ဆန္ဒနဲ့ မကိုက်ညီတဲ့အပြင် အာဏာရအစိုးရ စိတ်ကြိုက်ဖြည့်ဆည်း လုပ်ကိုင်နေတဲ့ မည်သည့် NGO အဖွဲ့အစည်းနဲ့မှ မိမိတို့ဟာ ဆက်သွယ်ပူးပေါင်းမှာ မဟုတ်ကြောင်း ကိုမွန်းအောင်က ပြောဆိုခဲ့ပါတယ်။

ကိုညို ( အော်စလို)

1 comment :

Anonymous said...

tha taung sarr
pite san ya ag haung ohm mal so par tot
haung haung
nar low ma sarr