Thursday 11 April 2013

အမေရိကန် ကိုတင်ပို့  ဆန်များ ခဲဓါတ်များနေ ခြင်း

အမေရိကန် တင်သွင်းတဲ့ ဆန်တွေမှာ ခဲ ဓါတ် ပါဝင်မှုများ ဗွီအိုအေ (မြန်မာပိုင်း)

11.04.2013
အမေရိကန်ကိုတင်သွင်းတဲ့ တချို့နိုင်ငံတွေက ဆန်တွေမှာ မွေးကင်းစတွေနဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေးအန္တရာယ်ရှိနိုင်တဲ့ပမာဏ ခဲတွေ ပါဝင်နေတာကို သိပ္ပံပညာရှင်တဖွဲ့ရဲ့ စမ်းသပ်မှုတခုက တွေ့ရှိခဲ့ပါတယ်၊ အမေရိကန်ကိုသွင်းတဲ့ အာရှ၊ ဥရောပနဲ့ တောင်အမေရိကနိုင်ငံတွေက ဆန်တွေကို သိပ္ပံပညာရှင်တွေ စမ်းသပ် စစ်ဆေးတာမှာ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံက တင်သွင်းတဲ့ဆန်တွေမှာ ခဲ ပမာဏအများဆုံးပါဝင်တယ်လို့ ပြောပါတယ်၊

ဆန် ၁ ကီလိုဂရမ်မှာ ခဲ ၆ မီလီဂရမ်ကနေ ၁၂ မီလီဂရမ်အထိ ပါဝင်နေတာကို ပျှမ်းမျှတွေ့ရှိခဲ့ပါတယ်၊ တချို့ ကလေးအစားအစာတွေထဲမှာဆိုရင် ခဲပါဝင်မှုပမာဏ အမြင့်ဆုံးဖြစ်နေတာကို တွေ့ခဲ့ကြပါတယ်၊ အဲဒီလို ဆန်ကနေလုပ်တဲ့အစားအသောက်တွေကို မွေးကင်းစတွေနဲ့ ကလေးတွေကိုနေ့စဉ် စားမိရင် အမေရိကန် အစားအသောက်နဲ့ ဆေးဝါးဌာနက လုံခြုံတယ်လို့ သတ်မှတ်ထားတဲ့ ပမာဏထက် အဆပေါင်း 30 ကနေ 60 ပိုများလိမ့်မယ်လို့ ဦးဆောင်လေ့လာသူက ပြောပါတယ်။

ဆန်ကိုအဓိကပိုစားတဲ့ အာရှကလေးငယ်တွေနဲ့ မွေးကင်းစတွေမှာ အန္တရာယ် ၂ ဆပိုများတယ်လို့လဲ သူက ပြောပါတယ်၊ ထိုင်း၊ India၊ အီတလီ၊ ဘူတန်နဲ့ Czech သမ္မတနိုင်ငံတွေက ဆန်နမူနာတွေထဲမှာလဲ ခဲပါဝင်မှု ပမာဏ သိသိသာသာ များနေတာ တွေ့တယ်လို့ သုတေသီတွေက ပြောပါတယ်။
ပါကစ္စတန်၊ Brazil နဲ့ တခြားနိုင်ငံတွေကဆန်တွေကိုလဲ ဆက်လက် စစ်ဆေးနေကြပါတယ်၊ အမေရိကန်မှာ စုစုပေါင်း ဆန်စားသုံးမှုရဲ့ ၇ ရာခိုင်နှုန်းကပဲ နိုင်ငံခြားက တင်သွင်းတဲ့ ဆန်တွေဖြစ်ပေမဲ့ ပြည်ပကဆန်တင်သွင်းမှု ပိုများလာတာနဲ့အတူ ဒီဆန်တွေကို ဆူပါမားကက်တွေ၊ စားသောက်ဆိုင်တွေနဲ့ တချို့ကုန်စုံဆိုင်တွေမှာ ရောင်းချနေကြပါတယ်

No comments :