Tuesday 2 April 2013

မြောက်ကိုးအရေး အမေရိကန် နိင်ငံခြားရေးဝန်ကြီး သတင်းစာရှင်းလင်းပွဲ လုပ်

မြောက်ကိုရီးယား ခြိမ်းခြောက်မှု အမေရိကန်လုံးဝ လက်မခံနိုင် 
Wednesday, April 03,2013

မြောက်ကိုရီးယားရဲ့ စစ်ရေး ခြိမ်းခြောက်မှုတွေကနေ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ် တောင်ကိုရီးယားနိုင်ငံကို အကာအကွယ်ပေးသွားမယ်။ မြောက်ကိုရီးယားနိုင် ငံ ကို နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့နိုင်ငံ အဖြစ်မခံနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြား
ရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။
 
တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စုအပေါ် စစ်ရေးအရ အရေးယူမယ် ဆိုပြီး မြောက်ကိုရီးယားရဲ့ လတ်တလော ခြိမ်းခြောက်မှုတွေဟာ ရန်စတဲ့ သဘောမှာ ရှိပြီး၊ အန္တရာယ်လည်း များသလို အဆင်ခြင်မဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့ တောင်ကိုရီး ယား နိုင်ငံခြားရေးဝန်ကြီး ယွန် ဗြောင်စီ (Yun Byung-se) နဲ့ ၀ါရှင်တန်မှာ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်လင်းပွဲမှာ မစ္စတာ ကယ်ရီ က ပြောသွားပါတယ်။
 
အမေရိကန် ပြည်ထောင်စုအနေနဲ့ မိမိအကျိုးစီးပွားကို အကာအကွယ်ပေးဖို့ အပြည့်အ၀ ပြင်ဆင်ပြီးသား ဖြစ်သလို၊ အကာအကွယ် ပေးနိုင်တဲ့ အခြေအနေမှာ ရှိတယ်၊ မြောက်ကိုရီးယားကလည်း ဒါကို သိပြီးဖြစ်တယ်လို့ မစ္စတာ ကယ်ရီ က ပြောပါတယ်။  မြောက်ကိုရီးယားနိုင်ငံကနေ လက်နက်တွေ ထပ်ပြီး ထုတ်လုပ်ဖို့နဲ့
နိုင်ငံရဲ့ လျှပ်စစ်မီး လိုအပ်ချက်ကို ဖြေရှင်းဖို့အတွက် ရပ်ထားတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုကို အမြန်ဆုံး ပြန်လည်ပတ်မယ်လို့ ပြောသွားပြီး နာရီပိုင်းအကြာမှာပဲ အခုလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်တာပါ။
 
မြောက်ကိုရီးယား အစိုးရက ယူရေနီယံ သတ္တုသန့်စင်တဲ့ စက်ရုံနဲ့  လက်နက် ထုတ်လုပ် ရာမှာ အသုံးပြုလို့ရမယ့် ပလူတိုနီယံ ထုတ်လုပ်နိုင်တဲ့ ၅ မီဂါဝပ်အား ရှိတဲ့  ဓာတ်ပေါင်းဖို ကို အရင်စ လည်ပတ်မယ်လို့ ပြောပါတယ်။ 
VOA

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Yun Byung-Se တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (၂ ဧပြီ ၂၀၁၃)

ဦးခင်ရွှေ ၏ဖွင့်ဟ ၀န်ခံချက်

 အန်ကယ်သိမ်းတာ မဟုတ်ပါဘူး၊ အစိုးရကသိမ်းတာပါ။ အစိုးရလူကြီးမင်းထဲမှာ တော့ အန်ကယ် ခမည်းခမက်ကြီးက ပါတယ်လေ။ အန်ကယ် က လွှတ်တော် ကိုယ်စားလှယ် လေ။ သည်တော့ နိုင်ငံတော် တည်ဆောက်ရေးကို အန်ကယ်လဲ လုပ်ခွင့်ရှိပါတယ်။ အခါအခွင့် သင့်တုံး။ အခွင့်အရေးလေး ပေးတုံး အန်ကယ်က အနစ်နာခံ ပြီးတော့ နိုင်ငံတော် အတွက် လုပ်နေတာပါ။ အန်ကယ် မှာ လယ်ကို သိမ်းပိုင်ခွင့် မရှိပါဘူး။ နိုင်ငံတော်က သိမ်းခိုင်းလို့သိမ်းရတာပါ။ နိုင်ငံတော် က နိုင်ငံတော် ပြန်တမ်း မှာ ထုတ်ပြန်ဖို့ မေ့လျော့ သွားဟန်တူပါတယ်။ အန်ကယ်ကို လဲ ဘယ်လို သိမ်းပါ ဘယ်လောက်သိမ်းပါ ဘယ်လို အစီအမံ နဲ့ ဘယ်ဥပဒေ အတိုင်းသိမ်းပါလို့ နိုင်ငံတော် ကြီးက ညွှန်ကြားမူ မရှိတာနဲ့ အဆင်ပြေသလို သိမ်းမိ ရင်း လက်လွန်ခြေလွန် ဖြစ်ခဲ့တာပါ ။ အဲ --ခံပြောမဲ့သူကလည်း မရှိဘူးလေ။ အဲဒါ နဲပဲ အန်ကယ်က ရွှေဖော့ရိုးနဲ့ ဆုံးမပါ ဆိုတဲ့ ထုံးကို နှလုံးမူ ပြီးတော့လေ လည် မျို ကို တက်နင်းမိတော့ တာပါ။ အဲဒါ ကို လယ်သမားတွေ က ဘာမှ မသိပါဘူး။ မသိသလိုနေလိုက်ရင်လည်း ပြီးတာပါပဲ ။ အဲဒါ ကို နေမျိုးဝေ ဆိုတဲ့ သူပုန် က လယ်သမားတွေကို မြှောက်ပေးနေလို့ လယ်သမားတွေ သူပုန်ထနေကြတာပါ။ အခု အန်ကယ့် ကို အနု ကြမ်း စီးခံနေရပါပြီ။ နေမျိုဝေ ကို တရားစွဲ ထားတဲ့ အတွက် နေမျိုးဝေက တရာခံ ဖြစ်နေပါပြီ ။ ရဲက မဖမ်းရဲ နိုင်ငံတော်ကြီး က လှည့်မကြည့်ရဲတာ နဲ့ အန်ကယ်ကိုယ်တိုင် ကြိုး နဲ့ ချည်ပြီး ဖမ်းဖို့ သတင်းထုတ်ပြန်ခဲ့ ရတာပါ။ အခု လည်း အဲဒီ သူပုန် နေပြည်တော် တက် ပြီး လွှတ်တော် ထဲ ဘာဝင်လုပ်လဲ မသိတော့ပါ။ နိုင်ငံတော် မှာ လည်း တရားဥပဒေ စိုးမိုးမူ မရှိ တော့ ဘူးနဲ့ တူပါရဲ့ ။ လယ်သမားတွေ က အနည်းအကျဉ်းတော့ နစ်နာတာပေါ့။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော် ကြီး ကောင်းစား ဖို့ ဆိုရင် ၀ိုင်းဝန်းပြီး အနစ်နာခံရမယ်မဟုတ်လား။ အန်ကယ်တောင် အနစ်နာခံပြီး စက်မူဇုံတွေ တည်ဆောက်ပေးနေတာ ။ သူတို့က စိုက်ပျိုးမြေတွေအသိမ်းခံရုံပဲ ။လယ်မရှိရင် အိပ်နေလို့ရတယ်။ အန်ကယ်ကသာ နေ့မအား ညမနား နိုင်ပဲ နိုင်ငံတော် ကြီး အတွက် လုပ်ပေးနေရတာ။ နိုင်ငံတော် ကို အုပ်ချုပ်တဲ့ လူကြီးတွေ အတွက်လည်း အန်ကယ်တာဝန်ပဲပေါ့။ သူတို့က ဘယ်လိုလုပ်ရမယ် ဆိုတာ နားမလည်ဘူးလေ။ အလုပ်လုပ်ရင် အမှားတော့ ရှိတတ်တာပါပဲလေ။ လူ့သဘာဝပဲ မဟုတ်လား။ အသံချဲ့ စက်နဲ့ အော်ပြီးမောင်းထုတ်တာ အန်ကယ် မဟုတ်ပါဘူး။ ရ၀တ တို့ မ၀တ တို့ ပါ ၊ အဲဒါ က အုပ်ချူပ်ရေးရာ အဖွဲ့ တွေ လေ၊ အဲသည် အဖွဲ့အစည်းတွေက နိုင်ငံတော် က ခိုင်းလို့ တာဝန်အရ လုပ်ရတာပါ။ ဇေကမ္ဘာ ပိုင်မြေတွေ ဖြစ်လာတာတော့ နိုင်ငံ တော် ကြီး က အန်ကယ့် ရဲ့ စွမ်းဆောင်ရည်ကို ချီးမြှောက်လို့ ရထားတာပါ။ တစ်ခုပဲ ပြောစရာရှိပါတယ် ။ နိုင်ငံတော် ကြီး က သည်လောက် ကြီးမားတဲ့ စီမံကိန်းကြီး ကို နိုင်ငံတော်ပြန်တမ်း မှာ ထုတ်ပြန်မူမရှိတာရယ်။ အစိုးရအဖွဲရုံးတွေ မှာ အမိန်ထုတ် ပေးခြင်းမရှိတာရယ်ပါ။ ဆောက်လုပ်ရေးဝန်ကြီး ဌာန ရဲ့  အိုးအိမ်ဌာနခွဲက ဂရံထုတ်ပေးတာပေါ့။ အဲဒါ အစိုးရက ခိုင်းလို့ နိုင်ငံတော်က ခိုင်းလို့ ထုပ်ပေးတာဖြစ်မှာပေါ့ ။ အန်ကယ်နဲ့ မဆိုင်ဘူးလေ။ နောက်ပြီး တစ်ဧကကို ငွေ တစ်သောင်းကျပ်လောက်တော့ ရော်ကြေး ပေးမလို့ပါ ။အန်ကယ်လဲ နိုင်ငံတော် အတွက် အနစ်နာခံပြီး လုပ်နေရလို့ ငွေ မလည်တာရယ်၊ နိင်ငံတော်ကသိမ်းတာပဲ ဒီလောက်တော့ လယ်သမားတွေ လည်း တိုင်းပြည်အတွက် အနစ်နာ ခံသင့်တယ် ထင်ပြီး မပေးဖြစ်ခဲ့တာပါ။နောက်တစ်ခုက အိမ်ယာကွက် အဖြစ် ပေ၄၀ ပေ၆၀ အကွက်ရိုက်ပြီးပေးမလို့ ဆုံးဖြတ်ခဲ့ပါသေးတယ်။ မပေးဖြစ်ခဲ့တာ တစ်ခြားမဟုတ်ပါ ။လယ်သမားတွေ က လာမှ မတောင်း ပဲ ဘယ်သူကို ပေးရမယ်ဆိုတာ တိတိကျကျ မသိပဲ ဘယ်လိုပေးမလဲ။ သိမ်းထားတဲ့ စာရင်းကလည်း အတိအကျမှ မရှိတာ ။ ပေးမိရင် စားရင်းတွေ လွဲမှားကုန်မှာပေါ့။ ဟုတ်တယ်မဟုတ်လား။ တိုင်းဒေ သကြီး အစိုးရအဖွဲ့ က အန်ကယ် ကို လယ်စိုက်ဖို့ ခွင့် ပြုပေးခဲ့တယ်လေ ။ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဆိုတာ နိုင်ငံတော် ပဲလေ၊ နိုင်ငံတော်က ခိုင်းလို့ လုပ်ရတာပဲ ။အန်ကယ်က လုပ်ချင်လွန်းလို့ မဟုတ်ရပါ။ လယ်သမားတွေ လယ်စိုက်ရင် အကြွေး တက် တယ် ဆိုတာနဲ့  လယ်သမားတွေ ကို ၀န်ထုတ်ဝန်ပိုး မဖြစ်စေရအောင် အန်ကယ်ကိုယ်တိုယ် လယ်စိုက်ခဲ့တာပါ။ အဲဒါ ကို ဟို သူပုန်ပေါက်စ နေမျိုးဝေက ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေ ကို ဖောက်ဖျက်တယ် ဆိုလား၊ ပုဒ်မ ၄ ပုဒ်မ ၅ ချွင်းချက် ပုဒ်မ ၁၀ ကို ဖောက်ဖျက်တယ် ဆိုပြီး အန်ကယ်ကို တိုက်ခိုက်နေတာပါ။ သီးစားချ ထားရေး ဥပဒေ တွေ နည်းဥပဒေ တွေ အန်ကယ် ဘယ်သိပါ့မလဲ။ အဲဒီ ဥပဒေတွေ က အလုပ်မရှိတဲ့ ကောင်တွေ ကျက်မှတ် ပြီး တောင်ပြော မြောက်ပြော ပြောနေကြတာပါ။ ကိုယ်တိုင်လည်းမလုပ်တတ် ။သူများလုပ်တာကျတော့ ဥပဒေတွေ နဲ့  လျောက်ပြော ပြီး အပုတ်ချ နေတာပါ။ အော် တိုးနိုင်မန်းဆိုတာ အန်ကယ် သမက်လေ ၊သူရရွှေမန်းရဲ့သားပေါ့ ။ နိုင်ငံတော် တည်ဆောက်ရေးကို အန်ကယ်ရယ် သမက်ဖြစ်သူရယ် ခမည်းခမက်ကြီးရယ် သားအရင်းဖြစ်တဲ့ ဇေသီဟ တို့က နေ့မနား ညမအား ဆောင်ရွက်နေတာပါ။ သည်လောက်လုပ်နေတဲ့ ကြားက အပြစ်ပြောခံရတယ် ။ အုပ်ချူပ်ရေးရာ အဆင့်ဆင့် က နိုင်ငံတော်ကြီးအတွက် လုပ်နေတာပါ။ အန်ကယ်အတွက်မှ မဟုတ်ပဲ ။ အုပ်ချူပ်သူ အဆင့်ဆင့် က လုပ်သင့်တာ ကို လုပ်တယ် မလုပ်သင့်တာ မလုပ်ဘူး ။အဲဒါ ကို နေမျိုးဝေ ဆိုတဲ့ သူပုန်က မလုပ်သင့်တာကို လုပ်လို့ အဂတိလိုက်စားတယ် လို့ ဆိုတော့ အန်ကယ် ဘယ်လိုပြောရမယ်မှန်းတောင် မသိပါဘူး။ အန်ကယ် က နိုင်ငံတော် နဲ့ ပြည်သူလူ ထု သဘောကြ လို့ ရွေးချယ် တင်မြှောက်လိုက်တဲ့  လွှတ်တော် ကိုယ်စာလှယ်ဆို တိုင်းသိ ပြည်သိ နိုင်ငံသိပါကွယ်။ လွှတ်တော် ဥက္ကဌ လုပ်နေ တဲ့ ခမည်းခမက်ကြီးကလည်း ပြည်သူ့လူထု က ရွေးကောက် တင်မြှောက် ထားတာလေ။ ဘယ်လိုပဲ ဖြစ် ဖြစ် အန်ကယ် မှာ အပြစ်မရှိပါဘူး ။ သူပုန်ဗိုလ် နေမျိုးဝေနဲ့ လယ်သမားတွေ သာ အန်ကယ် ပိုင်မြေတွေကို အခု အနုကြမ်း စီးထားတာလေ အန်ကယ် က ဥစ္စာ ပစ္စည်းကို မမက်မောပါဘူး သေရင်ထားခဲ့ရမယ်မဟုတ်လား။ လယ်သမားတွေက သာ ကိုယ်သေ ရင် ထာခဲ့ ရမဲ့ လယ်တွေကို မက်မောနေကြတာပါ။ ပြန်ရောင်းစားပြီး ဆိုင်းပုဒ် ထောင်တာက ဥပဒေ ချိုးဖောက်တာမဟုတ်ပါဘူး ။ အန်ကယ် မှာ ပိုက်ဆံမရှိလို့ပါ။ နိုင်ငံတော်အတွက် အနစ်နာခံလုပ်နေရတာကိုး။ ဆိုင်ပုဒ် မထောင်ပေးရင်းလဲ ၀ယ်တဲ့သုက မယုံလို့ ငွေ ကို အပြည့် အ၀ ချေပေးဘူးလေ။ အဲသလို လုပ်ရုံလေး နဲ့  ဥပဒေ ချိုးဖောက်တာ ဆို တော့ အန်ကယ် ဘယ်လိုပဲလုပ်နေ နေ အပြစ်ပြောနေကြမှာပါ။ လန ၃၉ ဆိုလား ဘာလား ။အဆောက် အဦးဆောက်လုပ်ခွင့်မရပဲ ဆောက်မိတာ အန်ကယ် တစ်ကယ်မသိလို့ပါ။ သိရင် လန၃၉ ရအောင် အရင်လျောက်ထားတာပေါ။ မသိလိုက်လို့ အပြောခံ တာ ပါ။ အဲသလိုကြီး ဥပဒေ တွေ ဘာတွေနဲ့ ပြောမဲ့လူ ရှိတယ်လို့မှ မသိပဲ။ သိများ သိခဲ့ရင် အခုလောက်ကြီး မလုပ်မိပါဘူး ။စနစ်တကျ သိမ်းလိုက်မှာ ။အခုတော့ အဆင်ပြေသလို ရောကြိတ်လိုက်ရတာပေါ့လေ။ တရားရုံးတော် မှာ စက်မူဇုံ တည်ထောက်ခွင့် ရှိမရှိရယ် ။လယ်ယာမြေ သိမ်းယူ ခွင့် စတဲ့ ခွင့်ပြုမိန့် ရှိမရှိရယ် အဲသည့် ခွင့်ပြုမိန့်တွေ မပြနိုင်တာကတော့ အန်ကယ်မှာ တာဝန်ရှိပါတယ် ။ ဒါပေမဲ့ပေါ့လေ အဲဒါ ကြီးက နိုင်ငံတော် ရဲ့  လျို့ဝှက်ချက်ဥပဒေ ဆိုလား ဘာလားပဲ ။ အဲသည့် ဥပဒေ ကြီးက ပြလို့မရဘူးဆိုပဲ။။ အန်ကယ်မှာတော့ မရှိတာ အမှန်ပါ။ အဲဒါ ကိုပဲ အပြစ်ပြောနေကြတာပါ။ အန်ကယ်က စပါး မျိုးအောင်တယ်မအောင်ဘူး ဘယ်သိပါ့မလဲ။ လယ်သမားမှ မဟုတ်တာ၊ နိုင်ငံတော် ကြီးက လယ်စိုက်ဖို့ပေးလို့ စိုက်ပေးရတာပါ။ စပါးစေ့ ကျဲရင် စပါးပင်ပေါက်တယ်လောက်ပဲ သိတာပါ ။ အဲဒါ ကို လည်း အပြစ်ကြီးတစ်ခုလို လယ်သမားနဲ အပြိုင် လယ်လု တယ် ဆိုပြီးတော့ပေါ့။ အဲသလို လူတွေ ရှိနေလို့ မြန်မာပြည်ဆင်းရဲတာ။ မြန်မာလူမျိုးတွေ မကြီးပွားတာ။ ငတ်နေကြတာလေ။ အပြစ်ပဲ တင်ချင်ကြတယ် ကိုယ်က ဖြစ်အောင်တော့မလုပ်နိုင်ဘူး လုပ်နိုင်တဲ့သူကို လဲ ဝေဖန်ချင်ကြတယ်။

 ခင်ရွှေ

ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း
****************************

ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆီးချိုတင်မက သွေးချိုလည်း ပျောက် ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။

ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။

ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။

"လက်နက်စွန့်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ဘူး" (၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျနော်တို့ လုံးဝ လက်မခံဘူး)
============================================
ဗိုလ်ချုပ်ဆေထင်သည် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် SSPA/SSA ၏ အထင်ကရခေါင်းဆောင် ဖြစ်သည်။ မကြာသေးမီက လားရှိုးမြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသည့်  ဗိုလ်ချုပ်ဆေထင်ကို အလွတ်သတင်းထောက် ဂျွန်ချစ်ငြိမ်း(တောင်ကြီး)က တွေ့ဆုံပြီး ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ၊ မူးယစ်ဆေးဝါး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အကြောင်းအရာတို့ကို မေးမြန်းထားသည်။
  
မေး ။ ။  ဗိုလ်ချုပ်ဆေထင် ဒီဆွေးနွေးပွဲတက်ရောက်ရခြင်း အကြောင်းရင်းကို ပြောပြပေးပါ။

ဖြေ။    ။ လာတက်ရတာကတော့ ရှင်းနေတာပဲလေ၊ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်တာပေါ့၊ ဒီပွဲကနေတဆင့် မြန်မာတပြည်လုံး ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ သွားကြနိုင်မယ်လို့ ယုံကြည်လို့ လာတက်တာပါ။

မေး။  ။  ဒီပွဲ မတိုင်မီ ရှေ့တရက်ကလည်း ၀န်ကြီးဦးအောင်မင်းတို့အဖွဲ့ နဲ့ တွေ့ဆုံရာမှာ ဘာတွေဆွေးနွေးဖြစ်ခဲ့သလဲ။

ဖြေ။     ။  ကြိုကြား အပစ်အခတ်ဖြစ်နေတာတွေပေါ့၊ ဒါနဲ့ ပတ်သက်ပြီး နှစ်ဘက်တပ်တွေအရေး  ပြောခဲ့တယ်၊ ပြေလည်ပါတယ်။

မေး။  ။  အစိုးရနဲ့  ငြိမ်းချမ်းရေးသဘောတူချက် တခုက  လက်နက် စွန့်၊ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ဖို့ပေါ့ဗျာ..၊ အဲဒါကို ဘယ်လိုသဘောရပါသလဲ။  

 ဖြေ။   ။ လက်နက်စွန့်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးပါတီ ထူထောင်ပြီး လုပ် ဆိုတာ  လွှတ်တော်ထဲမှာ နိုင်ငံရေး လုပ်ဖို့ဖြစ်တယ်၊ ဒီအတွက်က ၂၀၀၈ အခြေခံ ဥပဒေနဲ့ ဖွဲ့ထားတဲ့ လွှတ်တော်၊ မိုးထဲလေထဲ   နာဂစ်မုန်တိုင်း ကာလမှာ ပေါ်လာတဲ့ ဖွဲ့စည်းပုံ၊ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ၊ အဲသည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျနော်တို့ လုံးဝ လက်မခံဘူး။  ဒီအခြေအနေမှာ လွှတ်တော် သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။  

အပစ်အခတ် ဆိုတာလည်း နိုင်ငံရေး ပြဿနာ တရပ်ပါ၊ ဒါကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရမယ်၊  ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြင်ဆင်ရမယ်။ ဒီနေရာမှာ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့  အစားထိုးမှသာလျှင် နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်မယ်။

မေး။  ။  ဘိန်းထုတ်လုပ်မှုမှာလည်း ကျနော်တို့ နိုင်ငံဟာ သည်နှစ်အတွက် မလျော့သွားဘဲ ထပ်တိုးနေတယ် လို့ ပြောနေကြတယ်။

ဖြေ။   ။ တည်မြဲတဲ့ အစိုးရ တရပ် မတည်ထောင်နိုင်ဘူး ဆိုရင် ကျနော်ထင်တယ် ဘိန်းကတော့ ပပျောက်မှာ မဟုတ်ဘူး။   
ဘိန်းကတော့ နှစ်ပေါင်း ရာချီ ရှိခဲ့တဲ့ပြဿနာပါ၊ အင်္ဂလိပ်ခေတ် ကတည်းက ရှိခဲ့တာပဲ၊ အထူးသဖြင့် ရှမ်းပြည်နယ်မှာပေါ့၊ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးမရခဲ့ဘူး၊ နယ်မြေက မအေးချမ်းဘူး။

မေး ။  ။ ငြိမ်းချမ်းရေး ရဖို့ ဘာ အဓိကလိုမလဲ။

ဖြေ။   ။ အခု လားရှိုးမှာ လုပ်နေတဲ့ ပွဲလိုပေါ့၊ တဦးနဲ့ တဦး ယုံကြည်မှု တည်ဆောက်သွားဖို့လိုတယ်၊ အပေး အယူတော့ ရှိရမှာပေါ့...၊ ဗိုလ်ချုပ်အောင်ဆန်းပြောဖူးခဲ့တယ်လေ.... ခင်ဗျားတို့ ရှမ်းတွေက တိုင်းရင်းသားတွေ တဲ့။ အင်္ဂလိပ်ကျွန် မဖြစ်စေရသလို၊  ဗမာကျွန်လည်း မဖြစ်စေရဘူးဆိုတာကိုလေ..။ ဗိုလ်ချုပ်အောင်ဆန်းသေတော့ နောက်ပိုင်း ကျနော်တို့လည်း ဗမာကျွန်ဖြစ်သွားတာပဲ၊ ဒီပြဿနာကို ဖြေရှင်းဖို့က အချိန်ယူရမယ်။

ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း(တောင်ကြီး)
_________________________________________
Irrawaddy-30-3-2013
Ref: http://blog.irrawaddy.org/2013/03/blog-post_2867.html

၄၈လမ်းဗလီမီးလောင်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့

7D/N
7D/N

No comments :