အထီးမှန်း အမမှန်း မကြည့်တတ်ရင် အရောင်တော့ မြင်အောင်ကြည့်

by Nyein Chan Aung (Notes) on Thursday, April 4, 2013 at 10:04am
၉၆၉ ကို ဘာဖြစ်လို့ မထောက်ခံတာလဲလို့ မေးနေကြသူတွေကို ပြောချင်တာ တခုပဲရှိတယ်။ခင်ဗျားတို့မှာ ထောက်ခံဖို့ အပြည့်အ၀ အခွင့်အရေးရှိတယ်။ ဒါပေမဲ့ ကိုယ်စီးတဲ့ မြင်းအထီးလား အမလားလို့ မသိရင်တောင် ဘာအရောင်ရှိလဲ ဆိုတာ အရင်ဆုံး သိအောင်လုပ်ဖို့ သင့်တယ်။
၁။ ၉၆၉ ကို ဘယ်သူ ခေါင်းဆောင်လဲ။


၂။ အမျိုးသားရေးလို့ ပြောရင် မွတ်စလင်နိုင်ငံတွေဟာ စစ်အစိုးရနဲ့ ပြည်သူတွေ အကျိုးကိုထိခိုက်အောင် ချုပ်ဆိုထားတဲ့ နိုင်ငံတွေ မရှိသလောက် နဲတယ်။

၁။ ၉၆၉ ကို ဘယ်သူခေါင်းဆောင်လဲ
အင်္ဂလိပ်ခေတ်ထဲမှာ ကုလား-ဗမာ အဓိကရုဏ်းဖြစ်တယ်။ အဓိကရုဏ်း ဖြစ်ပြီးတဲ့နောက်မှာတို့ဗမာ အစည်းအရုံးပေါ်လာတယ်။ သခင် ဘသောင်း ဦးဆောင်တဲ့ လူငယ်တွေက ဖွဲ့စည်းတာ ဖြစ်တယ်။နောက်ပိုင်းမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ သခင် အောင်ဆန်းလို့ ကျနော်တို့လေးစားရတဲ့ဗိုလ်ချုပ်အောင်ဆန်း တို့ စသည်ဖြင့် ပေါ်လာတယ်။ သူတို့ဟာ ဘာသာရေး လူမျိုးရေးတွေနဲ့ လမ်းလွဲကိုမသွားဘဲ အင်္ဂလိပ်နယ်ချဲ့ကို ဆန့်ကျင်ခဲ့ကြလို့ ပြည်ထောင်စုသမတ မြန်မာနိုင်ငံဆိုပြီးကျနော်တို့ အခု ပြောနိုင်နေတာဖြစ်တယ်။ ခင်ဗျားတို့ အခု ကိုယ်စီးမဲ့ မြင်းက ဘာအရောင်လဲဆိုတာတောင် မသိဘဲ စွပ်ရွတ်ပြီး ၉၆၉ အော်နေတဲ့ သူတွေကို မေးချင်တာက ၉၆၉ ခေါင်းဆောင်ဘယ်သူလဲ။ ဘယ်သူက ငါဟာ ၉၆၉ ကို ဖွဲ့စည်းတည်ထောင်ပါတယ်လို့ တရားဝင် ထုတ်ဖေါ်ပြောခဲ့ပါသလဲ။လေထဲက လာတဲ့ နံပါတ်တွေကို ခေါင်းမရှိတဲ့ သူတွေက ထောက်ခံသလို ဖြစ်မှာစိုးလို့၊ စစ်အာဏာရှင်ကိုတိုက်ဖို့ မေ့နေမှာစိုးလို့ သတိပေးတာပဲ ဖြစ်တယ်။ အရင်ဆုံး ခင်ဗျားတို့ ထောက်ခံချင်ရင်ခေါင်းဆောင် ဘယ်သူလဲ အရင်ရှာပါ။ ငါ့ခေါင်းဆောင် ဘယ်သူလဲ အရင်ကြေညာပါ။


၂။ အမျိုးသားရေး ကြောင့် ၉၆၉ ကိုထောက်ခံတယ် ပြောတဲ့သူတွေကိုမေးကြည့်ရအောင် ဒံပေါက်ရောင်းစားတဲ့ မွတ်စလင်ဘာသာဝင်က ဘယ်လောက်များ ခင်ဗျားတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်ပါသလဲ။နွားလည်လှီးတယ် ပြောတော့ ဟုတ်တယ် အမြင်မတော်ဘူး ဒါပေမဲ့ သူတို့လည်လှီးတဲ့ နွားသားကိုဗမာပြည်ထဲက ဗမာပြည်သားမွတ်စလင်တွေနဲ့ သူတို့နဲ့ ရင်းနှီးတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေတိုင်းပြည်အတွင်းမှာပဲ စားတာဖြစ်ပြီး တရုတ်နိုင်ငံက ထုတ်ယူသွားတဲ့ ခွေးကအစ သတ္တုအဆုံးခင်ဗျားတို့ ဘာကြောင့် အမျိုးသားရေးလို့ မပြောကြတာလဲ။ မွတ်စလင်တွေကြောင့် ကျားတွေ မျိုးတုန်းသွားတာမဟုတ်ဘူး တရုတ်ပြည်ကြောင့် ကျားတွေ မျိုးတုန်းသွားတယ်ဆိုတာကို ခင်ဗျားတို့ ဘာကြောင့်မေ့ချင်ယောင်ဆောင်နေတာလဲ ဆိုတာ ကျနော် နားမလည်နိုင်ဘူး ဖြစ်နေတယ်။ လက်ပံတောင်းတောင်ကြီးပျောက်ကွယ်သွားမှာ၊ ဧရာဝတီမြစ်ကြီး ရပ်တန့်သွားမှာတွေဟာ မွတ်စလင်နိုင်ငံတွေက လုပ်နေတာလားအမျိုးသားရေးပြောတဲ့ ဆရာ့ ဆရာကြီး များ ဖြေပေးကြပါအုံး။ ခင်ဗျားတို့ ကျနော်တို့ တိုင်းရင်းသားတွေကို (ကရင်၊ ကယား၊ ကချင်၊ မွန်၊ အမျိုးမျိုးသောတိုင်းရင်းသားများ)လူမဆန်အောင် မုဒိန်းကျင့်၊ သတ်ဖြတ်၊ ထောင်ချ နှိပ်စက်နေတဲ့ စစ်အစိုးရကို အကာအကွယ်ပေးခဲ့တာမွတ်စလင် နိုင်ငံတွေလား တရုတ်နိုင်ငံလား ခင်ဗျားတို့ စဉ်းစားတတ်တဲ့ ဦးနှောက်ကို အသုံးချပါအုံး။အဆိုတော် လင်းလင်း သီဆိုခဲ့တဲ့ မန္တလေးမြို့သေဆုံးခြင်းမှာ နှာခေါင်းချွန်ချွန် အသားမဲမဲမွတ်စလင်တွေက မန္တလေးကို သိမ်းခဲ့တာလား၊ မျက်လုံးမှေးမှေး အသား နီစပ်စပ်နဲ့ တရုတ်တွကသိမ်းခဲ့တာလား ဖြေပါအုံး။ လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ မကောင်းတဲ့ သူဆိုတာ ရှိစမြဲကြားထဲမှာတယောက်ယောက်က တယောက်ယောက်ကို မဟုတ်တန်းတရား လုပ်လိုက်တာနဲ့ ဘာသာနဲ့ချီ လူမျိုးနဲ့ ချီကိုင်ပြောတတ်တဲ့ ဗမာ အကျင့်ကို ကျနော်မုန်းတာ ပွင့်ပွင့်လင်းလင်းပဲ ခင်ဗျားတို့ကိုအသိပေးချင်တယ်။

တရုတ်ပြည်ထဲကို ရောင်းစားခံရတဲ့ တိုင်းရင်းသားအမျိုးသမီးတွေရဲ့ ဘ၀တွေကိုခင်ဗျားတို့ မေ့နေပြီး၊ ရန်ကုန် မန္တလေးက စသည်ဖြင့် မြို့ကြီးများတွေက တရုတ်လူမျိုးပိုင်ဖျော်ဖြေရေးဆိုင်တွေမှာ အဖျက်ဆီး ခံနေရတဲ့ အမျိုးကောင်းသမီးတွေကို မေ့နေတာလဲ ခင်ဗျားတို့ရဲ့အမျိုးသားစိတ်လို့ ပြောတဲ့ ပါးစပ်တွေကို ရွှေချထားချင်တယ်။ ဟုတ်ပြီ ခင်ဗျားတို့ အမျိုးသားရေးကိုတကယ်စောင့်ရှောက်ချင်လား လူတွေကို သတ်စရာမလိုဘူး ခင်ဗျားတို့ ကျနော်တို့ မသိတဲ့၊ ပြည်သူတွေအတွက်တကယ် ထိခိုက်စေမဲ့  စစ်အစိုးရနဲ့ ချုပ်ဆိုထားတဲ့စီမံကိန်းတွေကို ရပ်ဆိုင်းဖို့၊ ဖျက်သိမ်းဖို့ တောင်းဆိုကြမလား၊ ဆန္ဒထုတ်ဖေါ်ကြမလား ခင်ဗျားလက်တို့စရာမလိုဘူး ကျနော် ထိပ်ဆုံးက ပါမယ်။ ဒါက အမျိုးသားရေးစိတ်ဓါတ် ဆိုတဲ့သူတွေ ရှင်းပြတာ။


အခုတော့ ခင်ဗျားတို့က မြန်မာပြည်သားပြောပြီး ကျောက်ခေတ်က စိတ်ဓါတ်မျိုးနဲ့ တောနက်ကြီးဝါဒကိုကျင့်သုံးဖို့ ၉၆၉ ဆိုတဲ့ ဘာမှန်းမသိတဲ့ နံပါတ်တွေနောက်ကို လိုက်ပြီး မြန်မာပြည်မှာ၁၀ ရာခိုင်နှုန်းတောင် မရှိတဲ့ မွတ်စလင်ဘာသာဝင်တွေကိုပဲ နှိပ်စက်ညှင်းပမ်းဖို့ လုပ်တယ်ဆိုတာတော်တော်ကို အောက်တန်းကျတဲ့ စိတ်ဓါတ်တွေပဲလို့ ပြောရမှာပဲ။ အောက်တန်းကျတဲ့ စိတ်ဓါတ်ရှိပြီဆိုရင်တိုင်းပြည်နဲ့ လူမျိုး နာတယ်ဆိုတာ သိကြပါ၊ ပြင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။