Thursday 11 April 2013

Good Morning Everybody

မုံရွာမြို့ တပ်ရင်း(၁၆)တွင် မီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့သည်ဟုဆို
ယနေ့ (11-4-2013)ကြာသာပတေးနေ့ နေ့လည်(၁)နာရီခန့်က မုံရွာမြို့ ဂေါက်ကလပ်အနီးရှိ တပ်ရင်း(၁၆)တွင် မီးလောင်မှုကြီးတစ်ရပ်ဖြစ် ပွားခဲ့တယ်လို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်မတော်အရာရှိကြီးများ ၏အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။
 အဆိုပါ မီးလောင်မှုကြောင့် တပ်ရင်း(၁၆)အတွင်းရှိ လူနေအိမ်လိုင်းခန်း တန်းလျားဟောင်း(၆)ခန်းတွဲ(၂)ခန်း မီးလောင်ကျွမ်းခဲ့ရပြီး ငွေစာရင်းဌာနမှ စာရင်းရှင်းတမ်းစာအုပ်များပါ လောင်ကျွမ်းခံခဲ့ရတယ်လို့လည်းသိရပါတယ်။
   "ကျမတို့ မီးကို စမြင်မြင်ခြင်းမှာဘဲ မီးလောင်နေတယ်လို့ အော်ဟစ်ပြီး 
ရေပုံးဆွဲသူဆွဲ ရေပက်သူပက်နဲ့ ၀ိုင်းပြီးတော့ငြိမ်းကြပါသေးတယ်။ရာသီဥတု ကလည်း အပူရှိန်အရမ်းမြင့်နေတဲ့ နေ့လည်ပိုင်းလဲဖြစ်နေတော့ သိပ်ပြီးအချိန်
အကြာကြီးမငြိမ်းနိုင်ကြဘူး။ အဲဒါကြောင့် မီးကအခုလိုပိုပြီးလောင်သွားတာပါ။
   အခုလောင်တဲ့လိုင်းခန်းက အရမ်းအံ့အောဘို့ကောင်းပါတယ်။လူဆိုလို့ တစ်ယောက်မှ မရှိကြပါဘူး။လျှပ်စစ်ဝါယာရှော့လိုပြောရအောင်ကလည်း လျှပ်စစ်မီးကြိုးသွယ်တန်းထားဆိုလို့ အပ်စာမျှင်လောက်မီးကြိုးတောင်မရှိဘာ
ဘူး။လူမနေပေမဲ့ လို့ ငွေစာရင်းဌာနမှ စာရင်းရှင်းတမ်းစာရွက်စာတမ်းတွေ ထားတဲ့အိမ်ဖြစ်နေတယ်။"လို့ တပ်ရင်း(၁၆)မှ တပ်မတော်စစ်သည်တစ်ဦး ရဲ့ဇနီးကဆိုပါတယ်။
        အဆိုပါမီးလောင်မှုသို့ သတင်းများလိုက်၍ယူဆောင်ခဲ့ကြသော မုံရွာမြို့
ခံသတင်း မီဒီယာသမားများအား သတင်းယူခွင့် သတင်းဓာတ်ပုံရိုက်ခွင့် တစ်စုံတစ်ရာ လုပ်ဆောင်ခွင့်တစ်ခုမှမရခဲ့ကြောင်း။သတင်းဓာတ်ပုံရိုက်ကူး ပြီးဖြစ်နေသော သတင်းမီဒီယာသမားများထံမှ memory card များအားသိမ်း
ယူခြင်းခံရတယ်လို့ မုံရွာအခြေစိုက်မီဒီယာတစ်ဦးကဆိုပါတယ်။
 အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ်စိုးလွင် စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး မုံရွာမြို့နယ် ရဲတပ်ဖွဲ့ မှူး မုံရွာ ခရိုင်အုပ်ချုပ်ရေးမှူး /မြို့နယ်အုပ်ချုပ်ရေးမှူး မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန ၀န်ကြီး မုံရွာမြို့နယ် မီးသတ်ဦးစီးမှူး နှင့် မီးသတ်တပ်ဖွဲ့ဝင်များ လာရောက်ပြီး ၀ိုင်းဝန်းငြိမ်း သတ်ခဲ့ကြသဖြင့် နေလည်(၁)နာရီ မိနစ်(၃၀)ခန့်တွင် မီးလောင်မှုပြီးဆုံးသွား ကြောင်းသတင်းများရရှိထာပါသည်။

သတင်းဓာတ်ပုံ- န.မ.ခ
မုံရွာမြို့ တပ်ရင်း(၁၆)တွင် မီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ
့သည်ဟုဆို
ယနေ့ (11-4-2013)ကြာသာပတေးနေ့ နေ့လည်(၁)နာရီခန့်က မုံရွာမြို့ ဂေါက်ကလပ်အနီးရှိ တပ်ရင်း(၁၆)တွင် မီးလောင်မှုကြီးတစ်ရပ်ဖြစ် ပွားခဲ့တယ်လို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်မတော်အရာရှိကြီးများ ၏အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။
အဆိုပါ မီးလောင်မှုကြောင့် တပ်ရင်း(၁၆)အတွင်းရှိ လူနေအိမ်လိုင်းခန်း တန်းလျားဟောင်း(၆)ခန်းတွဲ(၂)ခန်း မီးလောင်ကျွမ်းခဲ့ရပြီး ငွေစာရင်းဌာနမှ စာရင်းရှင်းတမ်းစာအုပ်များပါ လောင်ကျွမ်းခံခဲ့ရတယ်လို့လည်းသိရပါတယ်။
"ကျမတို့ မီးကို စမြင်မြင်ခြင်းမှာဘဲ မီးလောင်နေတယ်လို့ အော်ဟစ်ပြီး
ရေပုံးဆွဲသူဆွဲ ရေပက်သူပက်နဲ့ ၀ိုင်းပြီးတော့ငြိမ်းကြပါသေးတယ်။ရာသီဥတု ကလည်း အပူရှိန်အရမ်းမြင့်နေတဲ့ နေ့လည်ပိုင်းလဲဖြစ်နေတော့ သိပ်ပြီးအချိန်
အကြာကြီးမငြိမ်းနိုင်ကြဘူး။ အဲဒါကြောင့် မီးကအခုလိုပိုပြီးလောင်သွားတာပါ

No comments :