Saturday 20 April 2013

အေဘီရဲ့ သမိုင်းဝင် T-Shirt လေးများ ကို ၀ယ်ကြမလား

မကြာသေးခင်က မိတ်ဆွေတစ်ဦးက သူသိမ်းထားတဲ့ ABSDF (သေဘောဘိုးစခန်း) က ရန်ပုံငွေရှာဖို့ ၁၉၈၈-၈၉ လောက်က ထုတ်ထားတဲ့ Tee-shirt ၆ ထည် ကျနော့်ကို ပေးလာပါတယ်။ ABSDF ရန်ပုံငွေအတွက် ပြန်ရောင်းချပါမယ်။ တစ်ထည်ကို အနည်းဆုံး ဒေါ်လာ ၁၀၀ မှန်းထားပါ တယ်။ ပုံတွေက လက်နဲ့ဆွဲထားတဲ့ ပန်းချီတွေဖြစ်ပြီး အောက်မှာ တင်နွယ်လို့ လက်မှတ်ထိုးထားပါ တယ်။ ၁၉၈၈-၈၉ က ဆိုတော့ အခုဆိုရင် ဒီတီရှပ်တွေက နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ ဆိုဒ်ကတော့ ၄၄ ဖြစ်ပါတယ်။

T-shirt 2-3-4 က တော့ ယေဘုယျအားဖြင့် ပုံတူပါတယ်။ ဆူးလေလမ်းမပုံ ဖြစ်ပါတယ်။ T-shirt 1 နဲ့ 6 ယေဘုယျ ပုံတူပါတယ်။ မန္တလေးကျုံးပုံ ဖြစ်ပါတယ်။ T-shirt 5 ကတော့ Jungle University ပုံကို ဆွဲထားတာလို့ ထင်ပါတယ်။ အားပေးလိုသူတွေ၊ အမှတ်တရ သိမ်းထားလိုသူတွေ ကျနော့်ထံ ဆက်သွယ်စေလိုပါတယ်။

.

No comments :