Sunday 5 May 2013

ကျွန်တော်တို့ ကားတာယာတွေ ဘေးမှာရေးထားတဲ့ စာတွေက ဘာတွေလဲ
================

ပုံအရဆိုရရင် 165/65R14 79T

165 - ဆိုတာ တာယာရဲ့ အကျယ်ကိုပြောတာပါ 165mm တဲ့
65 - ဆိုတာကတော့ တာယာ အသားရဲ့ ထုကိုခေါ်တာပါ တာယာအကျယ်ရဲ့ 65% ပါတဲ့
R - ဆိုတာက တာယာကို ဘယ်လိုတည်ဆောက်ထားပုံကိုပြောချင်တာပါ။ R ဆိုတာ radial တည်ဆောက်ပုံကိုညွှန်းပါတယ်။ အခြား bias belt (B), diagonal (D) ဆိုတာမျိုးလည်းရှိပါတယ်။ အဲ့ဒီနေရာ စာလုံးနေရာကို မရေးထားရင် R ဟုမှတ်ပါ။
14 - ဆိုတာ တာယာအတွင်းပိုင်း diameter ကို လက်မနဲ့ဖော်ပြထားတာပါ။ Rim diameter ဆိုပါတော့။
79 - ဆိုတာ တာယာခံနိုင်တဲ့ ဝန်အားကိုဆိုပါတယ်။ နံပါတ်သတ်မှတ်မှုသာဖြစ်ပြီး unit မရှိပါဘူး။ 79 ဆိုလျှင် 960 ပေါင်ခန့် ခံနိုင်ပါတယ်။ Load Index Table ကို ကြည့်ရန် => http://goo.gl/fdNle
T - ဆိုတာကတော့ speed rating ပေါ့။ အခြားသတ်မှတ်မှုတစ်ခုဖြစ်ပါတယ်။ T ဆိုလျှင် 190 km/h အထိရနိုင်ပါတယ်။ Speed Rating Table ကို ကြည့်ရန် => http://goo.gl/dLo1g

ဒါကတော့ အကြမ်းဖျင်းသာဖြစ်ပြီး၊ အသေးစိတ်သိလိုရင်တော့ Wiki မှာ ဖတ်နိုင်ပါတယ်။ http://en.wikipedia.org/wiki/Tire_code

No comments :