Wednesday 1 May 2013

မြန်မာ နိုင်ငံ မှာ ဖြစ်ပွားနေတဲ့ လိုင်စင်ရ မီးရှို့ သတ်ဖြတ်မှုကြီးများ

 

 မြန်မာနိုင်ငံ မှာ မီးရှို့ သတ်ဖြတ်မှုကြီးများ နေရာ အနှံ့အပြားမှာ ဖြစ်ပွားနေပါသည်။ အစုလိုက်အပြုံလိုက် စနစ်တကျ မီးတင်ရှို့ သတ်ဖြတ်မှုတွေ ဟာ သမ္မတ ဦးသိန်းစိန်လက်ထက် မှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာတွ့ရတယ်။ 

မီးတင်ရှို့ သတ်ဖြတ်နေသူတွေ ဟာ တရားဥပဒေ အထက် မှာ ရှိနေပြီး၊ ဘယ်သူမှ လည်း တရားဥပဒေအရ ဖော်ထုတ် အရေးယူခံရ တာ မတွေ့ဖြစ်နေတယ်။ မြန်မာနိုင်ငံ မှာ တရားခံတွေ အုပ်စိုး လာတော့ မဲ့ ကိန်းဂဏန်း ဆိုက်ရောက် နေပြီ လား လို့တောင် မေးခွန်းထုတ် စရာဖြစ်နေပါသည်။

 တရားဥပဒေ စိုးမိုးမှု၊ တရားမျှတမှု မရှိဖြစ်နေတဲ့ အတွက် သမ္မတ ဦးသိန်းစိန် အစိုးရ ဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကို အကာအကွယ် မယူပေးနိုင်တော့တဲ့ အခြေအနေ ကို ရောက်လာပြီး ဆိုတာ ပေါ်လွှင်ထင်ရှားနေတယ်။ 

သမ္မတ ဦးသိန်းစိန် အစိုးရ ဟာ အစုလိုက်အပြုံလိုက် စနစ်တကျ မီးတင်ရှို့ သတ်ဖြတ်မှုတွေ ရဲ့ နောက်ကွယ် က ကြိုးကိုင်နေသူတွေ ကို တရားမျှတစွာ  ဖော်ထုတ်အရေးယူပေး နိုင်ခြင်း မရှိ သ၍ လူထုရဲ့ အားကိုးယုံကြည် မှု နှင့် ထောက်ခံမှုတွေ ဆက်လက်ရရှိတော့မှာ မဟုတ်သလို၊ မီးတင်ရှို့ သတ်ဖြတ်မှုဟာ လည်း လူသားတွေ အပေါ် ပြစ်မှုကျူးလွန်သည့် ရာဇ၀တ်မှု ကို လိုင်စင်ရ လုပ်ပိုင်ခွင့် ပေးထား သလိုဖြစ်နေပါသည်။

မင်းအောင်လှိုင် ဟာ မကြာခင်မှာ သမ္မတ အသစ်ဖြစ်လာတော့မယ်လို့ မြန်မာ့ နိုင်ငံရေး လေ့လာ သုံးသပ်နေသူတွေ ကဟော်ကိန်းထုတ်  ပြောဆိုနေကြပါပြီ။

1 comment :

Anonymous said...


All of you also deserve ပုဒ်မ ၅၀၀.