Thursday 2 May 2013



ဒဏ်ငွေမဆောင် ထောင်ကျခံမည်ဆို၍ ကိုနေမျိုးဇင်အား
လက်နောက်ပြန်ကြိုးတုတ်ပြီး မအူပင်ထောင်သို့ခေါ်ဆောင်သွား

ရဲတပ်ဖွဲ့ဝင်များလဘ်စားသည်ဟု ပြောဆိုခြင်းကြောင့် ပန်းတနော်တရားရုံး
က မေ ၂ ရက်နေ့ တွင် ဒဏ်ငွေ နှစ်သောင်း(သို့မဟုတ်) ထောင်ဒဏ် ၃ လ
ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ကိုနေမျိုးဇင်က အပြစ်မရှိဟုဆိုကာ
ဒဏ်ငွေမဆောင်ခြင်းကြောင့် လက်နောက်ပြန်ကြိုးတုတ်၍ မအူပင်တောင်သို့
ခေါ်ဆောင်သွားကြောင်း ကိုနေမျိုးဇင်၏ ညီ ကိုခင်မောင်ဌေးက ယနေ့ခေတ်
သို့ ပြောကြားသည်။

ပန်းတနော်မြို့နယ် အောက်ကဇင်းကျေးရွာလူထုတွေ့ဆုံပွဲတစ်ခုတွင်
မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် မှ ကိုနေမျိုးဇင် က ရဲများလဘ်စားသည် ဟုထည့်သွင်းပြောဆိုခဲ့ခြင်းကြောင့်
ပန်းတနော်မြို့ ရဲမှူးက ကိုနေမျိုးဇင်အား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင်
ပုဒ်မ ၅၀၀ ဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ (အင်တာနက်)

No comments :