Wednesday 8 May 2013

‘’ ပြောင်းသွားပြီ ။ ‘’
(တခန်းရပ်ပြဇတ်၊ သကြားမင်းကြီးရေးသည်။ )
------------------------------------------------



နေရာ၊ တာဝရိန်သာပြည်၊ သကြားမင်းကြီး ဘဲဥပုံရုံးခန်း။
သကြားမင်းကြီးနှင့်အတူ မာတလိစ်(စက္ကထရီ အော့ဖ် တာဝရိန်သာ)၊
ပေါင်တန်ရှည်ရှည် အသားညှိညှိ ဆံပင်ဂုတ်ဝဲနှင့်နတ်စာရေးမတဦး၊
တာဝရိန်သာ လုံခြုံရေး ဒါရိုက်တာ နတ်မင်း ၊
တာဝရိန်သာနှင့်ငရဲပြည်များဆက်ဆံရေးနတ်မင်း၊ တာဝရိန်သာ စီးပွားရေးနှင့်ဖွံ့ဖြိုးမှုဆိုင်ရာနတ်မင်းတို့  ရှိနေစေ။

သကြားမင်းကြီး ဗန်တုကဗလာ ဆုံလည်ကုလားထိုင်မှာထိုင်ရင်း
စားပွဲပေါ်က ဂလိုဘဲလ် ခွေးသရေ ဖိုင်လ် တွဲထဲမှာ အထူးဆုံးဖြစ်နေတဲ့ မြန်မာပြည်ခွေးသရေဖိုင်လ်ကိုလှမ်းယူလိုက်စေ။

သကြား - မြန်မာ ပြည်ဆိုင်ရာခွေးသရေဖိုင်လ်က အရင်ကဒီလောက်မထူပါဘူး။
ဒီရက်ပိုင်းအတွင်းတယ်ထူလာပါလား ။

တာဝရိန်သာလုံခြုံရေးဆိုင်ရာနတ်မင်း - (သွက်လက်စွာဖြင့်)
၉၆၉ အဖွဲ့ ဝင်တွေကိုထပ်တည့်လိုက်ရလိုပါဖရာ့။
ခွေးသရေနဲ့မလောက်တော့လို့ ဖိုင်လ်ကို ဆင်သရေနဲ့ချုပ်ဖို့ 
ညွန်ကြားထားပါတယ်ဖရား။

သကြား- တယ်ဆိုးတဲ့ကောင်တွေပဲ။ မာတလိရေ ဘာထူးသေးလဲ ကွ။

မာတလိ- ၀န်ကြီးဦးအောင်မင်းနဲ့အဖွဲ့  က မြန်မာ ပြည်က
ပြောင်းသွားပြီအရင်လိုမဟုတ်တော့ဘူးလို့  ပြည်ပထွက်
သွားတဲပညာရှင်တွေကိုလိုက်ပြီး စည်းရုံးလှုံ့ ဆော်မှုတွေလုပ်နေကြတယ်ဖရား။

သကြား- ဟာဟုတ်လား။ တကယ်ပြောင်းသွားပြီလားကွ။

မာတလိ- ဦးနေ၀င်းခေတ်ကလဲ ပြောင်းပြီပြောတာပဲ။

နိုင်ငံရေးခေါင်းဆောင်ကြီး ၃၃ ဦး အကြံပေးကော်မတီတောင်ဖွဲ့ လိုက်သေးတယ်။
ခင်ညွန့် လက်ထက်မှာလဲသောက်ကျိုးနဲပြောင်းပါပြီ လို့  လုပ်ခဲ့သေးတာပဲ။ နိင်ငံခြားရောက်မြန်မာတွေကိုခေါ်သွားသေးတာပဲ မပြောင်းဘူး။
အခုလဲ ဦးအောင်မင်းက ဘုရားစူး ပြောင်းသွားပြီလို့  လုပ်နေပြန်တယ်လေ။


သကြား -ခက်တာပဲ။ အခြေခံဥပဒေမပြောင်းသမျှ ပြောင်းတယ်လို့ ပြောလို့  ရမလား။
ဒီလို လိမ်ကွက်တွေကို ဘယ်သူယုံမလဲ။ ငါတို့ နတ်တွေကယုံကြသလား။

မာတလိ- ယုံတဲ့နတ်တွေရှိတယ်ဖရာ့။ တာဝရိန်သာကိုရောက်နေတဲ့
ဗမာနတ်သားတချို့ ကယုံနေတယ်။
မြန်မာပြည်မှာအခြေအနေကောင်းနေပြီ။ ပြန်ခြင်တယ်တဲ့ဖရား။
ပြန်သင့်မပြန်သင့် အစည်းဝေးလုပ်ကြရင်းနဲ့  ရန်ဖြစ်ကြတယ်ဘုရား။

သကြား- ပြန်ချင်တဲ့ နတ်သားတွေက ဘာကြောင့်ပြန်ခြင်တာလဲကွ။

မာတလိ- မြန်မာပြည် ကို ပြန်ပြီး နတ်တို့ တတ်တဲ့ပညာတွေနဲ့ 
ပြန်အလုပ်ကျွေးပြုချင်တယ်တဲ့ဖရာ့။

သကြား- အိုင်ဆီး။ ဒါနဲ့ မပြန်ချင်တဲ့နတ်တွေကရော

မာတလိစ်- ဦးသိန်းစိန်အစိုးရအဖွဲ့ ကိုမယုံရသေးဘူးတဲ့ဖရား။

သကြား- ဟ - မောင်သိန်းစိန် ကိုနိင်ငံတကာက ဆုတွေတောင်ပေးနေတာပဲကွ။

မာတလိစ် - ဆုတွေရရနေလို့  မယုံကြတာတာတဲ့ဖရား။


သကြား- အိုင်ဆီး။ ဒါဆိုလဲ မဲခွဲဆုံးဖြတ်ကြလေကွာ။

မာတလိ- မဲခွဲတယ် ဖရာ။့ ၅၀/ ၅၀ ဖြစ်သွားလို့  ဘယ်လိုလုပ်ကြရမှန်းမသိလို့ 
ဘော့စ်က ဆုံးဖြတ်ပေးပါတဲ့ဖရား။

သကြား- ဒီလိုလုပ်လေကွာ။ မြန်မာပြည်မှာရှိတဲ့ နတ် ပညာရှိတွေ ဖြစ်တဲ့တောစောင့်နတ်၊ တောင်စောင့်နတ်တို့  ကို ဖုံးလှမ်းဆက်ပြီးအကြံညဏ်တောင်းကြည့်ပါလား။

မာတလိ- ခေါ်တယ်ဖရာ့။

သကြား - ဘာပြောလဲ။

မာတလိ- သူတို့  ဆက်သွယ်ရေး ဧရိယာပြင်ပကိုရောက်နေတယ်တဲ့ဖရား။


သကြား - ကော်နက်ရှင်မကောင်းလို့ ဖြစ်မယ်ကွ။ နတ်သား စတိဗ်ဂျော့ထွင်ပေးထားတဲ့ ဒိဗစက္ကုအိုင်ဖုံး ဖိုက်နဲ့ ခေါ်ကြည့်ကွာ။

မာတလိ- ( အိုင်ဖုံးဖိုက်ဖြင့်ခေါ်လိုက်ရာ သန်းနဲ့  ချီတဲ့ နတ်အုပ်ကြီးကိုတွေ့ လိုက်ရတယ်။ )

မာတလိ - ဟဲလို. ဟဲလို မြန်မာပြည်က တောစောင့်နတ်ပါလား။

တောစောင့်နတ်- (ပင်ပန်း နွမ်းနယ်တဲ့အမူအရာဖြင့် ) ဟုတ်ပါတယ်။
မာတလိ - ဘယ်လိုဖြစ်လာကြတာတုန်း။ များလှတဲ့ နတ်အုပ်ကြီးပါလား။


တောစောင့်နတ် - ကုန်ပြီ။ကုန်ပြီ ။ တောတွေ ၊
တောင်တွေကုန်လို့ နတ်တွေအလုပ်ပြုတ်ကုန်ပြီ။
ဘာလုပ်စားရမှန်းလဲမသိတော့ဘူး။ ကိုယ်ကလဲ တောလေဘာလေးပဲစောင့်တတ်တာ။ သူများလို တလုံးနှစ်လုံးသုံးလုံးလေးဒိုင်ကိုင်တတ်ရင်လဲမဆိုးဘူး။ ( တောစောင့်နတ်က ဂနာမငြိမ်၊လက်တုန်ချေတုန်ဖြင့်) အသင်နတ်သား က အခုဘယ်ကခေါ်နေတာလဲ။ ကိုယ်ရောင်ကိုယ်ဝါ တယ်လန်းပါလား။ နတ်ရေစင်လေးတခွက်လောက် ကြင်နာနိင်မလား။


မာတလိစ်- ( ဂရုဏာသက်စွာဖြင့်၊ ဂျက်ဒန်နီရယ်ဝီစကီ နစ်ပက်ခန့် ကို ရေခဲ၊ဆော်ဒါစပ်ပြီး တောစောင့်နတ်ကိုပေးလိုက်တယ်။ )
မာတလိစ်ပါ၊ စက္ကထရီအောဖ် တာဝရိန်သာပါ။ ဆိုပြီး
လိပ်စာ ကဒ်ကိုထုတ်ပေးလိုက်တယ်။


တောစောင့်နတ် - ( ဂျက်ဒန်နီရယ်ကို အားပါးတရမော့လိုက်ပြီး)
အလိုလေ .. တကယ်ကောင်းလှခြည် ရဲ့ လား။
သေရေလို့ ခေါ်မဲ့အစားရှင်ရေ လို့ တောင်ခေါ်လိုက်ခြင်ရဲ့  အမောင်နတ်သားရယ်။ မောင်ရင်တို့  တာဝရိန်သာမှာ ဒီလိုဟာတွေကိုနေတိုင်းသောက်နေရတာ နတ်ဖြစ်ရကျိုးနပ်ပါပေတယ်။ ကျုပ်ဘ၀ ကတော့ဆိုးပါတယ်။ သစ်ခုတ်တဲ့အလုပ်သမားတွေကပ်တဲ့ ပြည်တွင်းဖြစ် အရက်လောက်နဲ့  ပြီးနေရတာ။ ပြည်တွင်း အရက်ကောင်းမှုကြောင့် နတ်သက်ကြွေသွားတဲ့နတ်တွေလဲမနည်းတော့ဘူး ( ငြီးငြူစွာဆိုရင်း၊ ချီးယား ဆိုပြီး မာတလိနဲ့  ခွက်ခြင်း တို စ် လုပ် လိုက်ကြတယ်။ )

မာတလိစ် - ချီးယားဗျာ။ ပထမဆုံးမေးခြင်တာက အခုဒီနတ်အုပ်ကြီး က ဘယ်ကိုသွားနေကြတာလဲ။ များလှခြည်လား မိန်းမတွေရောကလေးတွေရော။

တောစောင့်နတ် - ခရိုနီ၊ ခရိုစိမ်းတွေကောင်းမှုကြောင့် မြန်မာပြည်မှာတောတွေကုန်ပြီ၊
တောင်တွေကုန်သွားလို့ ကျုပ်တို့ 
အလုပ်ပြုတ်ကုန်ပြီ၊အခု မလေးကို ချီတက်နေကြတာ။

မာတလိစ်- အို မိုင်ဂေါ့ ၊ မလေးမှာဘာသွားလုပ်မှာလဲ။

တောစောင့်နတ် - မလေးရှားမှာ သစ်ပင်တွေ၊ တောင်တွေရှိသေးတယ်ဗျ။
တောစောင့်တောင်စောင့်နတ် အလုပ်တွေ ပေါတယ်ကြားတယ်။
ဟိုမှာအလုပ်သွားလုပ်ကြမယ်။

မာတလိစ်- ဟိုက်ရှားလဘတ်။


သကြား- (သံဝေဂရစွာဖြင့်) ပြောင်းတယ်ဆိုတာ ဒါကိုး။
မြန်မာပြည်ကလာတဲ့နတ်သားတွေကိုပြောပြလိုက်ပါကွယ်။


- ကားလိတ်ချ-




( သကြားမင်းကြီး )
မေ ၆၊၂၀၁၃

No comments :