Monday 6 May 2013

အာဏာရှင်ဟောင်း ဦးနေ၀င်း၏ ၁၉၆၆ ခုနှစ် အမေရိကန် နိုင်ငံ ခရီးစဉ်



စစ် အာဏာရှင် ဟောင်း ဦးနေ၀င်း အာဏာသိမ်းယူပြီး နောက် ၁၉၆၆ ခုနှစ် စက်တင်ဘာလ မှာ အမေရိကန် နိုင်ငံ ကို လာရောက်လည်ပတ်ခဲ့တယ်။ 

 အမေရိကန်သမ္မတ ဟောင်း ဂျွန်ဆင် က ကွန်မြုနစ်ဆန့်ကျင်ခဲ့တဲ့ အာဏာရှင် ဟောင်း ဦးနေ၀င်း ကို ဒေသအတွင်း မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေသူ၊ ဒေသတွင်းငြိမ်းချမ်းရေးအတွက် ဘက်မလိုက် မှုဝါဒ ကို ထောက်ခံ ကျင့်သုံးတဲ့ နိုင်ငံ အဖြစ် အသိအမှတ်ပြုကာ နိုင်ငံတော် အစိုးရ ဧည့်သည်တော်အဖြစ် ကြိုဆိုနုတ်ဆက်ခဲ့တယ်။ 

လက်ရှိ အမေရိကန် သမ္မတ အိုဘားမား က တော့ တရုတ်ကွန်မြူနစ် အစိုးရ နဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုရှိပြီးး၊ တိုင်းပြည်အတွင်း မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ကို လုပ်နေသူ သမ္မတ ဦးသိန်းစိန် ကို ဘယ်လို ကြိုဆိုမလဲဆိုတာ မေလ ၂၀ ရက် နေ့ မှာ တွေ့မြင်ရပါတော့မယ်။

No comments :