Friday 3 May 2013

ဓာတု အဆိပ်သင့်ပြီး ကင်ဆာရောဂါဖြစ်ပွားစေတဲ့ တရုတ်စားသောက်ကုန်များ မြို့ကြီးများ မှာ ပျံနှံ့






တရုတ်ရဲတပ်ဖွဲ့ဝင်တွေ က တရုတ်နိုင်ငံ ရှန်ဟိုင်း မြို့ကြီးအပါအ၀င် ကမ်းရိုးတန်းမြို့ကြီးတွေနှင့် နယ်စပ် မြို့ကြီးများရှိ ဈေးဆိုင်တွေ မှာ ရောင်းချနေတဲ့  စားသောက်ကုန်ပစ္စည်း တမျိုးဖြစ်တဲ့ သိုးသားတွေ ကို စစ်ဆေးခဲ့ရာမှာ ကြွက်သား၊ မြေခွေးသား၊ တွေ ဖြစ်နေတာတွေ့ရှိခဲ့တယ်လို့ အတည်ပြု ထုတ်ဖော်ပြောဆိုခဲ့တယ်။ 


တရုတ်ပြည် လူထု ကျန်းမာရေး နှင့် အစားအစာ လုံခြုံမှုအန္တာရယ် ကာကွယ်ရေး စုံစမ်းစစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က ၃ လ ကျော် အမှုပေါင်း ၃၈၀ ကျော် နှင့် လူထု ကျန်းမာရေးအတွက် ရာဇ၀တ်မှုကျူးလွန်သူ သံသယ ဖြစ်သူ  ၉၀၄ ယောက် ကို ဖော်ထုတ် အရေးယူ စုံစမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ တရုတ်နိုင်ငံ က လာတဲ့ သတင်း မီဒီယာ တွေထဲမှာ ဖော်ပြထားတာ တွေ့ရတယ်။

ကျန်းမာရေး နဲ့ မညီညွတ်တဲ့ အစားအစာတွေ စားသုံးခဲ့မှုတွေေ ကြာင့် အမည်မသိတဲ့ရောဂါတွေ ၊ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ယင်းစုံစမ်းရေးအဖွဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတယ်.



အရောင်ဆိုးထားတဲ့ ကြက်ဥတွေ နှင့် နို့မှုန့်တွေမှာ လည်း ဓာတု အဆိပ်သင့်စေပြီး၊ ကင်ဆာရောဂါဖြစ်ပွားစေနိုင်တဲ့ ဓာတုဗေဒ ဆိုးဆေးပစ္စည်းတွေ ကို သုံးစွဲထားတာတွေ့ရကြောင်း ၊  ဓာတု အဆိပ်သင့်ပြီး ကင်ဆာရောဂါဖြစ်ပွားစေတဲ့ စားသောက်ကုန်ပစ္စည်းများ ဈေးကွက်မှာ ပျံနှံ့နေကြောင်း တရုတ်ပြည် လူထု ကျန်းမာရေး နှင့် အစားအစာ လုံခြုံမှုအန္တာရယ် ကာကွယ်ရေး စုံစမ်းစစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က လူထုကို သတိပေး ထုတ်ဖော်ပြောဆိုခဲ့တယ်။


တရုတ် နိုင်ငံ က တင်သွင်းတဲ့ ကုန်ပစ္စည်း နှင့် စားသောက်ကုန်ပစ္စည်း တွေ မှာ  ဓာတုဗေဒ အဆိပ်သင့်မှုတွေရှိနေ တာ ကြောင့် တရုတ် နိုင်ငံ က ၀င်ရောက်လာတဲ့ စားသောက် ကုန်ပစ္စည်းတွေ ဟာ ကင်ဆာရောဂါ ရှိစေတာကြောင့် မှုးယစ်ဆေးဝါး ထက် တောင် ကြောက်စရာ ကောင်းကြောင်း အိမ်နီးချင်းနိုင်ငံများ နှင့် ကမ္ဘာ့နိုင်ငံအသီးသီး က အစားအစာ စစ်ဆေးရေးဌာနတွေ က ပြီးခဲ့တဲ့ လ တွေ က ထုတ်ဖော်ပြောဆို  နေကြပါသည်။




"Made in China Product is Dangerous Than Drugs"
Potentially dangerous products from China 
 
ကင်ဆာ ရောဂါ ဖြစ်စေတဲ့ တရုတ် ကုန်ပစ္စည်းများ
From toothpaste to toy trains to tilapia, Chinese imports accounted for more than 60 percent of the recalls announced by the Consumer Product Safety Commission this year. Here's a highlight of those potentially hazardous products.

No comments :