Sunday 12 May 2013

မဟာဆန် MAHASEN ဆိုင်ကလုန်းမုန်တိုင်း ဟာ ဘင်္ဂလားဒေ့ရှ် ကနေ ရခိုင်ကမ်းရိုးတန်း ကို အားပျော့ပြီးမှ မြန်မာနိုင်ငံမှ စစ်တွေမြို့ကို ချို့းကွေ့ ဝင်မယ် (မုန်တိုင်းကတောင် ရခိုင်ကို ဘင်ဂါလီဖက်ကနေ ချိုးကွေ့ဝင်မယ်ဆိုပဲ)

ဆိုင်ကလုန်းမုန်တိုင်းနာမည်ကလည်း မဟာဆန် MAHASEN ( မဟာဆန်သူ )ပါတဲ့။ မဟာဆန်သူ ရဲ့ လေတိုက်မယ့်ခရီးလမ်းကြောင်းက ဘင်္ဂလားဒေ့ရှ်-မြန်မာခရီးစဉ် ဖြစ်ပါတယ်တဲ့။

မဟာဆန်မုန်တိုင်း ဘင်္ဂလားဒေ့ရှ် နဲ့ ရခိုင်ကမ်းရိုးတန်း ဖက်ဆီ ကို ဦးတည် ရွေ့ လျှားလာနေပါတယ်တဲ့။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့ အနီးက မဖြတ်ကျော်မီလေးမှာ အားလျော့သွားနိုင်တယ်လို့ ခန့် မှန်းရတဲ့ အချက်အလက် တွေ တွေ့ နေရပါတယ်တဲ့။ တစ်နည်းပြောရရင်တော့ အားပျော့သွားပြီးမှ ကမ်းကိုဖြတ်နိုင်တယ်လို့ ဆိုပါတယ်။ မဟာဆန်သူဟာ ရခိုင်ကို ဘင်ဂါလီဖက်ကနေချိုးကွေ့ အဝင် အင်အားပျော့သွားမယ် ရခိုင်ကမ်းရိုးတန်းတွေကို တိုက်လေအား လျော့ပါးသွားပြီးမှ ဝင်လာမှာဖြစ်တာမို့ အပျက်အစီးတွေ သက်သာရာ ရနိုင်ပါတယ် လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် (MCCW) က ထုတ်ပြန်ပါတယ်။

နိုင်ငံရေး နဲ့ အနုပညာကို ရှောင်လွှဲမရတာက ဆိုင်ကလုန်းမုန်တိုင်းနာမည်ကလည်း မဟာဆန် MAHASEN (မဟာဆန်သူလေး) ဖြစ်ပါသတဲ့။ အဆိုတော်ခင်မောင်တိုး ရဲ့ မဟာဆန်သူ သီချင်း အမည်နဲ့လည်း လာပြီးတိုက်ဆိုင်နေပြန်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း လေ အတိုက်အခိုက် ကလည်း ဘင်ဂါလီ ကနေ ရခိုင် ကို ချိုးကွေ့ဝင်လာမယ်တဲ့။ အော် တိုက်ဆိုင်လိုက်ပါဘိဗျာ။

အနုပညာ မိုးလေဝသ နဲ့နိုင်ငံရေး တွေ ဆက်စပ်နေပါလေရော့သလား။ TSR မှ လေပြင်းတိုက်ခတ်ခံရမှု ဖြစ်နိုင်ခြေသတိပေးချက်မှာ စစ်တွေမြို့ ပါဝင်လာတာ တွေ့ရပါတယ်။ မေလ ၁၆ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ နောက်ပိုင်းမှာ အဆင့်-၁ ဆိုင်ကလုန်းမုန်တိုင်း MAHASEN ကြောင့် လေပြင်းတိုက်ခတ်ခံရနိုင်မည့် နိုင်ငံ (၃)နိုင်ငံတွင် မြန်မာနိုင်ငံမှ စစ်တွေမြို့ ပါဝင်လာကြောင်း သတိပေးထားတာ တွေ့ရပါတယ်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က "အရေးကြီးတာကတော့ ဒါတွေအားလုံးဟာ ကြိုတင်ခန့် မှန်းချက်များသာဖြစ်လို့ အချိန်နဲ့ အမျှ အပြောင်းအလဲတွေ ဆိုတာ ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ ဘက်က မုန်တိုင်းသတင်းတွေကို အချိန်နဲ့ တပြေးညီ update လုပ်ပေးနေရသလို ဒေသခံ ပြည်သူများကလည်း သတင်းတွေကို အချိန်နဲ့ တပြေးညီ အမြဲ update လုပ်ပြီး နားစွင့်နေဖို့ လိုပါတယ်" လို့ လူထုကို နှိုးဆော်နေပါတယ်ခင်ဗျာ။

လူထုတွေ မုန်တိုင်းသတင်းသတိရှိကြပါ။ မြန်မာနိုင်ငံသူ နိုင်ငံသားများ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးနိုင်ကြပါစေ။


(အဓိပတိကြီး ဝါရှင်တန်ဒီစီမှ ပေးပို့သည်)
 

No comments :