Saturday 25 May 2013

Moethee's welcoming speech at New York Burmese Community Meeting for Min Ko Naing and Ko Ko Gyi

-->
လေးစားအပ်တဲ့ မိတ်ဆွေ တို့ 


မင်းကိုနိင်နဲ့ ကိုကိုကြီးတို့ ကိုကြိုဆိုတဲ့အခန်းနားမှာ စကားပြောခွင့်ရတဲ့အတွက်ဝမ်းသာတယ်။
သူတို့ ကိုအထူးအထွေမိတ်ဆက်ပေးဖို့ မလိုတော့ဘူးလို့ တင်တယ်။ ခင်ဗျားတို့  ရဲ့ အကို တွေ၊
ရဲဘော်တွေ၊ သူရဲကောင်းတွေဖြစ်တယ်။  ကဲကြိုဆိုတဲ့အနေနဲ့ လက်ခုတ်တီးကြပါစို့ =

ဒီနေ့ ဒီကာလမှာသူတို့ ဒီကိုရောက်လာတာဟာဖြင့်အလွန်သင့်မြတ်တဲ့အချိန်ဖြစ်တယ်။
၂၅ နစ်နီးပါ ကြိုးစားရုန်းကန် ခဲ့တဲ့ ဒီမိုကရေစီတိုက်ပွဲကြီးဟာ အောင်ပွဲနဲ့ မဝေးတော့တဲ့ကာလဖြစ်လာပြီ။ အချိန်အခါတော်ကြီးတော့ရောက်လာတော့မယ်။

မိုးထဲရေထဲမှာ ၊ မုန်တိုင်းထဲမှာ ၊ မိုးခေါင်ခေါင်ကြီးမှာ၊ နှင်းမုန်းတိုင်းတွေကြားမှာ
ကျနော်တို့  လူခြင်းကွဲခဲ့ကြတယ်။ အခုပြန်ဆုံခွင့်ရတာဟာ ကျနော်တို့ ရဲ့ မလျော့သောဇွဲလုံးလတွေနဲ့ကြိုးပန်းမှုကြောင့်ပဲ။

ဒီနေ့ ဗမာပြည်ဟာ နှစ်ပိုင်းကွဲထွက်နေသေးတယ်။ နေရာအနှံအပြားမှာ နှစ်ပိုင်းကွဲနေကြတယ်။  ဒီနှစ်ပိုင်းက သိသိသာသာကွာလာတယ်။  နတ်ပြည်နဲ့ငရဲလိုဖြစ်နေတယ်။

တရားမှုနဲ့  မတရားမှု 
ရှိမှုနဲ့ မရှိမှု၊
ချမ်းသာမှုနဲ့  ဆင်းရဲမှု
မေတ္တတရားနဲ့  အမုန်းတရား
ဖွင့်ဖြိုးမှုနဲ့ မဖွင်ြ့ဖိုးမှု
ပျော်ရွှင်မှုနဲ့ ကြေကွဲမှု

ဒီအခြေအနေတွေကို ကျနော်တို့  လူမှု ညီမျှမှု (  Social Equiblim ) ဖြစ်လာအောင်လုပ်ရဦးမယ်။ ဒီလိုလုပ်ဖို့အတွက် ကျနော်တို့ အချင်းအချင်းတွေကြားမှာ
နှစ်ပိုင်းဆီဖြစ်နေလို့ မရဘူး။  တခုတည်းသော မြန်မာပြည်ကို တည်ဆောက်နိင်ဖို့ အတွက် ကျနော်တို့ နှစ်ပိုင်းဖြစ်လို့ မရဘူး။ နှစ်မျိုးဖြစ်လို့ မရဘူး။

ကျနော်တို့  အစွမ်းကုန် ၅ ရပ်လုပ်ရမယ်။
အစွမ်းကုန် ညီညွတ်ရမယ်။
အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ရမယ်။
အစွမ်းကုန် ရင့်ကျက်ရမယ်။
အစွမ်းကုန်တာဝန်ယူမှုရှိရမယ်။
အစွမ်းကုန် အားစိုက်လုပ်ကိုင်ရမယ်။


ဒါကြောင့်ဒီလိုတွေ့ ဆုံခွင့်ရတဲ့အချိန်ကလ လေး ဟာ တိုတောင်းပေမဲ့ အရေးကြီးလှတယ်။
ကျနော်တို့ အပြီး မဟာ အောင်ပွဲ ကြီး က  လူတိုင်းကို ပျော်ရွင်မှုတွေနဲ့ ခံစားရရှိစေချင်တယ်။



သူတို့ ရောက်လာခိုက်မှာ သူတို့ ဆီက
အနာဂတ်အတွက် မျော်မှန်းချက်တွေကို ကျနော်တို့  နား ထောင်ကြပါစို့ 
လို့ ပြောကြားရင်း ကြိုဆိုပွဲကို ဖွင့်လှစ်လိုက်ပါတယ်ခင်ဗျား။

1 comment :

moung said...

ကို မိုးသီ သိပ်မပေါပါနွှဲဗျာ့