Saturday 15 June 2013

အမေရိကန် အနောက်အလယ်ပိုင်း မြန်မာ ဂေါက်ရိုက် ပြိုင်ပွဲ ချီကာဂို မှ ကျော်ကျော်ထွေး ( ဖိုးကျော်) ဒုတိယ အကြိမ် အနိုင်ရရှိ







အင်ဒီယားနားပြည်နယ် ကမ်ဒေးဗဲလ် မြို့  Noble Hawk  ဂေါက်ကွင်းမှာ ကျင်းပတဲ့  ၂၀၁၃ ခုနှစ် အမေရိကန် အနောက် အလယ်ပိုင်း မြန်မာ ဂေါက်ရိုက် ပြိုင်ပွဲ တွင်  အေးလူးနှိုက်ပြည်နယ်၊ ချီကာဂိုမြို့ မှ ကိုကျော်ကျော်ထွေး (ဖိုးကျော်) ရိုက်ချက် ၈၃, ၈၈ ချက် ဖြင့် ဒုတိယ အကြိမ်  ပထမ ဆု ရရှိခဲ့ကြောင်းသိရှိရပါသည်။ ပြိုင်ပွဲသို့ အမေရိကန်ပြည်နယ်များ မှမြန်မာ ဂေါက်သီး  အားကစားသမား ၂၄ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်းကြားသိရပါသည်။

အနီးဆုံးကျွင်းပြိုင်ပွဲမှာ  ကိုကျော်ကျော်ထွေး  မှ ကျွင်းမှ ၁၀ ပေ အကွာ ရိုက်နိုင်ခဲ့ပြီး၊  အဝေးဆုံး  ရိုက်ချက်  ပြိုင်ပွဲ မှာ ကိုပိုင်ဇေ က ၃၁၂ ကိုက် အကွာအဝေးထိ ရိုက်၍ ဆုအသီးသီး ရရှိခဲ့ကြကြောင်း သိရှိရပါသည်။

အမေရိကန် အနောက် အလယ်ပိုင်း မြန်မာ ဂေါက်ရိုက် ပြိုင်ပွဲ ကို ၊ အမေရိကန် အနောက် အလယ်ပိုင်း မြန်မာ ဂေါက်သီးကလပ် က ကြီးမှူးပြီး၊   Memorial  Holiday Weekend  တွင် နှစ်စဉ်ကျင်းပလာခဲ့ရာ ၂၀၀၉ ခုနှစ် တွင်  အိုဟိုင်းယိုး ပြည်နယ် မှ ကိုဆမ်းတင် ( Sam Tin) ၊ ၂၀၁၀ ခုနှစ်တွင် အေးလူးနှိုက်ပြည်နယ်၊ ကိုကျော်ကျော်ထွေး၊ ၂၀၁၁ ခုနှစ် တွင် အိုဟိုင်းယိုး ပြည်နယ် မှ ဒေါက်တာဥာဏ်ဝင်း၊  ၂၀၁၂ ခုနှစ်  တွင် အင်ဒီယားနားပြည် မှ ကိုဝင်းမိုး၊ တို့ ပထမ ဆု အသီးသီး ရရှိခဲ့ကြပြီး၊ ၂၀၁၁ ခုနှစ် အမေရိကန် အနောက် အလယ်ပိုင်း ချီကာဂိုမှာ ကျင်းပခဲ့ သည့် စိမ်ခေါ်ပြိုင်ပွဲ တွင် အင်ဒီယားနားပြည်နယ် မှ ကို ငြိမ်းချမ်း က ပထမဆု ရရှိခဲ့ကြကြောင်း သိရှိရပါသည်။

 ပြိုင်ပွဲအပြီး ဘ၀တပါးသို့ ကူးပြောင်းသွားသည့် အမေရိကန် အနောက် အလယ်ပိုင်း မြန်မာ ဂေါက်သီးကလပ် နာယက ဒေါက်တာ ၀င်စတန်ခင်( Dr. Wiston Khin) အတွက် ပြိုင်ပွဲဝင် ဂေါက်သီးသမားများ က သွားလေသူအတွက်ဂါရ၀ပြု ဆုတောင်းမေတ္တာပို့သ ခဲ့ကြောင်း သိရှိရပါသည်။



No comments :