Monday 17 June 2013

ရဟန်း သံဃာတော် တချို့ အပြုအမှု ဗုဒ္ဓရဲ့ အဆုံးအမ နဲ့ ဆန့်ကျင်၊ ထိုင်းသတင်းစာများ နှင့် လူထု က ဝေဖန်




တန်ဘိုးကြီးသည့် ဇိမ်ခံပစ္စည်း၊ ဇိမ်ခံကားများ၊ ကိုယ်ပိုင်ဂျက်လေယာဉ်တွေ နဲ့ ခရီးသွားနေတဲ့ ထိုင်းသံဃာတော် တွေ ဟာ ဗုဒ္ဒဘာသာရဟန်းတွေရဲ့ ကျင့်ဝတ်တွေနဲ့ မသင့်လျော်ဘူးလို့ ထိုင်းနိုင်ငံ နိုင်ငံတော် ဗုဒ္ဓဘာသာ အဖွဲ့ အစည်းက ထုတ်ဖော် ပြောဆိုလိုက်ပါသည်။ ဒီ ရဟန်း သံဃာတော်တို့ရဲ့ အပြုအမှုတွေ ဟာ ဗုဒ္ဓရဲ့ အဆုံးအမ နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ လည်း ထုတ်ဖော်ပြောဆိုခဲ့တယ်။


ထိုင်းဘုန်းကြီး သုံးပါးက ဈေးကြီးတဲ့ ဒီဇိုင်နာ Louis Vuitton  လက်ဆွဲအိတ်တွေ၊ နေကာ မျက်မှန်တွေကို သုံးပြီး ကိုယ်ပိုင် ဂျက် လေယာဉ် နဲ့ ခရီးသွား တာကို ပြတဲ့ ဗီဒီယိုခွေ  Youtube  မှာ ထွက်လာခဲ့ ပြီးတဲ့နောက်၊ ထိုင်းနိုင်ငံထုတ် သတင်းစာကြီးတွေ မှာ ထိုင်းသံဃာတော် တွေ ရဲ့  ဗုဒ္ဒဘာသာ ရဟန်းတွေရဲ့ ကျင့်ဝတ်တွေနဲ့ ပက်သက်ပြီး အခုလို ဝေဖန်ထောက်ပြ ထုတ်ဖော် ရေးသားဖော်ပြ ခံခဲ့ရပါတယ်။ 

 ထိုင်းနိုင်ငံ နိုင်ငံတော် ဗုဒ္ဓဘာသာ အဖွဲ့ အစည်းက ဒီကိစ္စနဲ့ ပက်သက်ပြီး အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှုတွေ ကိုပြုလုပ်ခဲ့ကြကြောင်း ကြားသိရပါသည်။


ဒီလို စုံးစမ်းမှုတွေပြုလုပ်ခဲ့ရမှာ စီနင်းလိုက်ပါလာတဲ့ ဂျက် လေယာဉ် ဟာ သူတို့ပိုင်ဆိုင်တဲ့ ဂျက် လေယာဉ် မဟုတ်ပဲ၊ အလှူရှင်တဦးက လှူဒါန်းခဲ့တာလို့ သိရတယ်။


 ထိုင်းဘုန်းကြီး သုံးပါးရဲ့ ကျောင်းတိုက် ကို ရဲအရာရှိတွေ၊ စစ်တပ်အရာရှိတွေ အမြဲ အ၀င်အထွက်သွားလာ ပြုလုပ်နေတာ ကို ဒေသခံလူထု က တွေ့မြင်နေကြဖြစ်ပြီး၊ သံဃာတော် ခရီးသွားလာရာမှာ လုံခြုံရေး အစောင့်အကြပ်တွေနဲ့ သွားလာလေ့ရှိလို့ မသင်္ကာဖွယ်ရာ ရှိကြောင်း ဒေသခံပြည်သူတွေ က သူတို့ရဲ့ အမြင် ကို ထုတ်ဖော်ပြောဆိုခဲ့တယ်။ 


ထိုင်းဘုန်းကြီး သုံးပါး မှာတန်ဘိုးကြီးမားတဲ့  ဇိမ်ခံကားကြီးတွေ ပိုင်ဆိုင်နေတာတွေ့ရှိရပြီး၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ကို စုံစမ်းစစ်ဆေးသွားမယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာကြီးထဲ မှာ ရေးသားဖော်ပြထား ကြတယ်။


ထိုင်းဘုန်းကြီး Luang Phi Namfon  ကတော့ ဇိမ်ခံကား old Jaguar  ကို သူပိုင်ဆိုင်တယ်လို့ ၀န်ခံခဲ့ပြီး၊ အမေရိကန်မှာ ထိုင်းစားသောက်ဆိုင်လုပ်ငန်းရှင်တဦး က လှူဒါန်းခဲ့တယ်၊ ကားဝယ်ယူမှုအတွက် အခွန် ထိုင်ဘတ်ငွေ ၁.၅ သန်း ဆောင်ထားတဲ့ လတ်မှတ် ကို နိုင်ငံတော် ဗုဒ္ဓဘာသာ အဖွဲ့ အစည်းရဲ့  အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ ကို ပြသခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ယင်းကိစ္စနဲ့ ပက်သက်ပြီး၊ နိုင်ငံတော် ဗုဒ္ဓဘာသာ အဖွဲ့ အစည်းရဲ့  အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ က ဆက်လက် စုံစမ်းမှုတွေနှင့် စောင့်ကြည့်မှုတွေ ကို ပြုလုပ်နေတယ်လို့ ထိုင်းနိုင်ငံ ထုတ် သတင်းစာကြီးတွေ မှာ ရေးသားဖော်ပြထားကြတယ်။

No comments :