Monday 24 June 2013

ဗုဒ္ဓ သို့ မဟုတ် အနှိုင်းမဲ့ 

                   ဗုဒ္ဓ သို့ မဟုတ် အနှိုင်းမဲ့   


ဆရာကြီးဦးရွှေအောင် ရေးတဲ့ ဗုဒ္ဓမြတ်စွာ သို့ မဟုတ် အနှိုင်း မဲ့ စာအုပ်ကိုကျနော်ဖတ်ပြီးစိတ်ထဲ  မှာ ဖတ်ရကျိုးနပ် လေခြင်းဟုပီိတိ ( Aesthetic)  ဖြစ်ခဲ့တယ်။

ဆရာကြီး ဦးရွှေအောင် ရဲ့ သီလ ဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ်များ ကိုလဲ
လေးစား ကြည်ညိုမိတယ်။

ဆရာကြီးကိုကြည်ညိုရခြင်းမှာဆရာကြီးသည် ဗုဒ္ဓ ဘာသာဖြစ်သော်လည်း
ငါတို့ ဘာသာမှ ကောင်းတယ်။သူများဘာသာကို မကောင်းမြင်သည့် စိတ် ( အကုသိုလ်စိတ်) စိုးစိမျှမရှိခြင်းကြောင့်ဖြစ်ပါတယ်။ကျနော်တို့ ကို မှန်ကန်တဲ့ စိတ်ထား တွေထားတတ်အောင် သင်ကြားပေးခဲ့တယ်လို့  မြင်ပါတယ်။

ဗုဒ္ဓဘာသာအကြောင်း စာအုပ်အတော်များများကိုကျနော်ဖတ်ဘူးတယ်။ အတော်များများက
ငါတို့ ဘာသာမှကောင်း၊သူများတွေမကောင်းပုံတဲ့ပုံမျိုးရေးလေ့ရှိတယ်။
ဒီလိုရေးသားထားတဲ့ဟာတွေဖတ်နေရစဉ်ကအော် ဘာသာရေးဆိုတာဒီလိုရေးရမယ်လို့ တောင်ထင်ခဲ့မိတယ်။

ဆရာကြီးရဲ့ စာအုပ်ကိုဖတ်ပြီးသွားတဲ့အခါမှာတော့ကျနော်ရတဲ့အသိတရားကတော့ ဗုဒ္ဓ ဘာသာဖြစ်လို့ မနထောင်စိတ်လဲ မရှိတော့ပါ။ ဗုဒ္ဓဘာသာကိုးကွယ်သူလူနည်းနေလို့ လဲ  အားငယ်စိတ်လဲမရှိပါတော့ပါ။ဘုရားပုံတွေဟိုတင်ဒီတင်တင်ပြီးသူတော်ကောင်းလို့အထင်ခံအောင်လုပ်ဖို့ ဝန်လေးလာပါတယ်။ တရားမရှိပဲတရားရှိသယောင် ပြောခဲ့ဘူးတာတွေကိုလဲရှက်တတ်လာပါတယ်။

ဒါကြောင့် ဆရာကြီး ဦးရွှေအောင်စာတွေသာဖတ်ကြလို့သာလူငယ်များကိုမကြာခန တိုက်တွန်းလေ့ရှိပါတယ်။ ထိုစာအုပ်ဟာ ဒသနိကအရ အလွန်မြင့်မြတ်သည်။၊စာပေအရ စကားပြေ အလွန် လှပါသည်။

ဒသနိကအရမြင့်မြတ်သည် ဟုကျနော်ဆိုရခြင်းမှာ  ဗုဒ္ဓမြတ်စွာ နှင့်ခေတ်ပြိုင်ဒိဌိ ဆိုသူ များကို မြန်မာ လူမျိုး ဘုန်းကြီးအတော်များများ က ဗီလိန်များသဖွယ် ကျနော်တို့ကို ဟောပြောကြ၊ရေးသားကြ ရှိကြတယ်။ ဒါက တဖက်သတ် ၀ါဒဖြန့် ပြီးအတင်းသွပ်သွင်းပေးသလိုကျနော်ခံစားရပါတယ်။

ဆရာကြီးရဲ့ စာအုပ်မှာတော့ဗုဒ္ဓမြတ်စွာ ခေတ်နှင့်ခေတ်ပြိုင် ခြားနားသည့် အယူဝါဒများကို ဖေါ်ထုတ်ခဲ့သည့် ပုဂိုလ်ကြီးများကိုပညာရှင်များသဖွယ်ဆွေးနွေးပြထားခြင်းဖြစ်ပါတယ်။
ထိုပုဂိုလ်ကြီးများရဲ့ လောကကောင်းကျိုးအတွက်ရှာဖွေ စူးဆန်းထားတဲ့ အတွေးအခေါ်အယူဆများကို ပြစ်တင်ဝေဖန်ခြင်းမရှိပဲသမမျှတစွာ တင်ပြထားတယ်။ ဆရာကြီး ဆွေးနွေးတင်ပြပုံ ကောင်းမွန်မှုကြောင့်
ကျနော်တို့  ဦးဏှောက်ပိုမိုပွင့်လင်းလာသလိုခံစားရတယ်။ညဏ်အလင်းပိုရလာတယ်လို့  ယုံကြည်လာတယ်။

ဘာကြောင့် ဆရာကြီးက သမမျှတာစွာမြင်နိင်သလဲ
ဆရာကြီးက ဗုဒ္ဓမြတ်စွာ သားတော်အစစ်ဖြစ်လို့ပဲလို့ ကျနော်မြင်တယ်။ တရားကိုသူရသွားလို့ ဖြစ်တယ်။

ဆရာကြီးရဲ့ စာအုပ်မှာ ဗုဒ္ဓမြတ်စွာဟာ လောကကြီးနဲ့ သစ္စာပြုထားသူ လို့ တင်ပြထားတယ်။
ဘုရားဟာသူရဲ့  ရန်သူတွေကိုတွန်းလှန်တဲ့နေရာမှာ သူလက်ကိုင်ပြုထားတဲ့ တိုက်ပွဲသေနင်္ဂဗျူဟာ (Battle Strategy) ကတော့မေတ္တာတရား (Compassion) ပဲဖြစ်ပါတယ်။  ဒေါသ( Anger) မဟုတ်ပါ။ ရန်အပေါင်းကို ဒေါသနဲ့ မတုန်ပြန်ခဲ့ပါဘူး။ ဘယ်သူကိုမှလဲ စိတ်မဆိုးခဲ့ပါဘူး။
ဘုရားစင်စစ် ဖြစ်နေ တာတောင်မှာမတရားစွပ်စွဲချက်တွေက ပြင်းထန်လှပါတယ်။ ဒီစွပ်စွဲချက်တိုက်ခိုက်ချက်တွေကို ဘုရားကအောင်မြင်ခဲ့တယ်။ အောင်ခြင်းရှစ်ပါးလို့  ကျနော်တို့ ငယ်စဉ်ကပဲသိထားကြတယ်။ ဒါဟာ စစ်မှန်တဲ့အောင်ပွဲတွေလို့ ကျနော်တို့  ယုံကြည်ထားကြ တယ်မဟုတ်လား။

ဒီတိုက်ပွဲတွေဖြစ်လာတဲ့အခါမှာမြတ်စွာဘုရားက လက်မှတ်တွေကောက်ပြီး ငါဖက်ကသက်သေလိုက်ပေးကြပါလို့  မေတ္တာမရပ်ခံခဲ့ပါဘူး။တုန်လှုပ်ခြောက်ခြားမှုမရှိခဲ့ပါဘူး။

လောက ကြီး ကိုယ် တိုင်ကထွက်ပြီး သက်သေခံပေးခဲ့ရတာပါ။ လောကကြီးက သိတယ်။ လောကကြီးက စောင့်ကြည့်နေပါတယ်။ ဒီအချက်ကိုပေါ်လွင်အောင်ဆရာကြီးကသူစာအုပ် မှာဆွေးနွေးတင်ပြထားပါတယ်။

စကားပြေက တအုပ်လုံး လှတယ်။ကောင်းတယ်။ အနှစ်သက်ဆုံးအပိုင်းကတော့ ဗုဒ္ဓမြတ်စွာ ဖြစ်ပြီသည့်နောက် သတ္တလောဟာ ခုနစ်တိုင်းခုနစ်ဌာနကို
လှည်လည်အနားယူနေတဲ့ကာလကိုဆရာကြီး သရုပ်ဖေါ်သွားတာ ကြည်ညိုစရာအလွန်ကောင်းလှတယ်။  စိတ်နှလုံး အေးချမ်းလှပါပေတယ်။

ကာလက  အမုန်းတရားတွေတောက်လောင်အောင်၊ ရန်မီးတွေပွားအောင်၊လူသားမျိုးနွယ်စုနဲ့ တစု မျိုးတုန်း သတ်ဖြတ်ဖို့  သူယုတ်မာတွေကနည်းမျိုးစုံကြံစည်အားထုတ်နေကြတဲ့ကာလဆိုးကြီးဖြစ်တယ်။
ဒီလိုကာလဆိုးကို ဖြတ်သန်းနေရတဲ့လူငယ်လေးတွေအတွက်အတုယူမမှားဖို့ 
ကျနော်တို့  ကိုလမ်းညွန်ပေးနိင်တဲ့တခုတည်းသော စာပေဟာ ဗုဒသို့ မဟုတ် အနိင်းမဲ့စာအုပ်ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာ ဘာသာဝင်တဦးရဲ့ လောကကောင်းကျိုထမ်းဆောင်ရမဲ့တာဝန်ကိုသင်သိလာလိမ့်မယ်။
သင်အေးချမ်းလိမ့်မယ်။ သင့်ညဏ်တွေပိုမိုပွင့်လင်းလာမယ်။
အတိုင်းမသိနက်ရှိုင်းတဲ့လူသားရဲ့ ချစ်ခြင်းမေတ္တာတရားကို သင်နားလာလိမ့်မယ်။

ဒီအပြင် မြန်မာစာပေအရေးအသားကျင့်နေတဲ့လူငယ်လေးတွေ အနေနဲ့ မြန်မာလို စကားပြေ ကောင်းကောင်းရေးတတ်ခြင်ရင် ဆရာကြီးရဲ့  ဗုဒ္ဓသို့မဟုတ်အ နှိုင်း မဲ့ လေ့လာထိုက်တဲ့စာအုပ်ကောင်းတအုပ်၊ ဆောင်ထားရမဲ့စာအုပ် ဖြစ်တယ်လို့  ဆိုပါရစေ။ 

မိုးသီးဇွန် 

2 comments :

Anonymous said...

မြင်းထိန်းငတာ..လို့ဘဲယဉ်ယဉ်ကျေးကျေး ခေါ်လိုက်မယ်......

Nyi Nyi Than said...

Best comment ever read!