Friday 7 June 2013

မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်အရေးဖိနှိပ်မှူအရေးတွေမှာ သေဆုံးကြရသူ လူသားများရဲ့ အရိုးပေါင်း တစ်သန်း ဝါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိ

မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်အရေးဖိနှိပ်မှူအရေးတွေမှာ သေဆုံးကြရသူ လူသားများရဲ့ အရိုးပေါင်း တစ်သန်း ဝါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိလာပါတယ်။ ဒီ လူအရိုး တစ်သန်း ဟာ အစစ်တွေတော့မဟုတ်ဘူး။ အမေရိကန်ကျောင်းသားတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေ အနုပညာရှင်တွေ က အရိုးအတူပုံစံတွေကို စုပေါင်းပြုလုပ်ထားကြတာဖြစ်ပါတယ်။ ဒီအရိုးစုတွေကို ဝါရှင်တန်ဒီစီက အမျိုးသားပန်းခြံမှာ အခုလာမယ့် စနေ နဲ့ တနင်္ဂနွေ ၂ ရက်ကြာ ပြသမယ်။ လူမျိုးတွေကို မျိုးတုန်းအောင်သတ်ဖြတ်တာတွေကို ကာကွယ်တဲ့ လူသားဝါဒ လှုပ်ရှားမှုကြီးပြုလုပ်ပြီး လူ့အခွင့်အရေးတွေချိုးဖောက်နေတဲ့ မြန်မာအစိုးရ အပါအဝင် ဆူဒန် ကွန်ဂို နဲ့ ဆိုမာလီယာ နိုင်ငံတွေကို ဒီလိုပြုလုပ်နေတာတွေကို အထင်အရှားဖော်ပြ ဆန့်ကျင်ကြတော့မယ်။ အရိုးစုတစ်ခုတိုင်းဟာ လူသားခြင်းမသတ်ဖြတ်အောင် လှုံ့ဆော်ပါလိမ့်မယ်။ အရိုးစုတစ်ခုတိုင်းဟာ ဖိနှိပ်သတ်ဖြတ်ခံရမှုကို ကိုယ်စားပြုလိမ့်မယ်။ အရိုးစုတစ်ခုတိုင်းဟာ ဖိနှိပ်သူ အာဏာပိုင်တွေ ရဲ့ ရက်စက်မှုတွေကို ဖော်ပြတော့မယ်။အရိုးစုတစ်ခုတိုင်းဟာ တရားမျှတမှုကို တောင်းဆိုတော့မယ်။ မြန်မာပြည်မှာ လွတ်လပ်ခြင်း ညီမျှခြင်း တရားမျှတခြင်း လောကပါလတရားများ အမြန်ဆုံးထွန်းကား လာအောင် ဒီအရိုးစုတွေက အမှန်တရားအတွက် အရိုးတွေတွန်လိမ့်မယ်။ ကိုလှရွှေ (၁၉၄၉ခုနှစ်-ဗကသဥက္ကဋ္ဌ) ရဲ့မိန့်ခွန်းစကားဖြစ်တဲ့ "အမိမြေ လွတ်မြောက်ဖို့အတွက် အရိုးတွေ တောင်လိုပုံမှ ရမယ်ဆိုရင် ငါတို့ ကျောင်းသားတွေရဲ့ အရိုးဟာ အောက်ဆုံးအလွှာမှာ ရှိနေလိမ့်မယ်" ဆိုတဲ့ ကျောင်းသားမျိုးဆက်တွေရဲ့ မြင့်မြတ်တဲ့ စွန့်လွှတ်မှုကို ဒီအရိုးတွေက သက်သေဖြစ်ပါစေသတည်း။

1 comment :

Anonymous said...

ခွေးမိုးသီး...မလေးမှာ မင်းပထွေးကုလားတွေ အပြစ်မရှိမြန်မာတွေကို ထင်ရာကြဲပြီးသတ်နေတာရေးဦးလေ...ဒါမျိုးကြတော့ စောက်ပါးစပ်ကိုပိတ်လို့..