Digicel ကုမ္ပဏီ၏ ဆက်သွယ်ရေး အတိုင်ပင်ခံ အရာရှိ ဂျိမ်းစ်မော်ရစ်ဆယ် (James Morressey) နှင့် တွေ့ဆုံမေးမြန်းခြင်း
ထို့ကြောင့် ဇွန်လ ၂၇ ရက်နေ့တွင် နိုင်ငံခြား ကုမ္ပဏီ ၂ ခုအား မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် အတွက် ရွေးချယ် ဆုံးဖြတ်တော့မည်ဖြစ်သည်။ Vodafone နှင့် China Mobile တို့က ၄င်းတို့၏ ပူးပေါင်း အဆိုပြုလွှာကို ရုပ်သိမ်း သွားခဲ့ရာ နိုင်ငံခြား ကုမ္ပဏီကြီး ၁၁ ခုထဲမှ ၂ ခုကို ရွေးချယ် ရတော့မည် ဖြစ်သည်။ ထို ၁၁ ခုထဲတွင် ၂ဝဝ၉ ခုနှစ်မှ စ၍ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဈေးကွက် ကို လေ့လာ ဆန်းစစ် ပြီး မြန် မာ့ ဘောလုံး လောကတွင်လည်း ရင်းနှီးမြှုပ်နှံကာ အမှတ်တံဆိပ် တစ်ခု ထူထောင်ရန် ကြိုးပမ်းနေသည့် Digicel ကုမ္ပဏီ၏ ဆက်သွယ်ရေး အတိုင်ပင်ခံ အရာရှိ ဂျိမ်းစ်မော်ရစ်ဆယ် (James Morressey) နှင့် တွေ့ ဆုံမေးမြန်းမှုအား ဖော်ပြပါသည်။

လက်ရှိ
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း သိပ်သည်းဆသည် ၇ ရာခိုင်နှုန်းသာရှိပြီး ၂ဝ၁၅
ခုနှစ်တွင် မိုဘိုင်းဖုန်း သိပ်သည်းဆ ၅ဝ ရာခိုင်နှုန်း ထိ ဖြစ်လာစေရန်
အစိုးရက ရည်ရွယ်ထားသည်။
ထို့ကြောင့် ဇွန်လ ၂၇ ရက်နေ့တွင် နိုင်ငံခြား ကုမ္ပဏီ ၂ ခုအား မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် အတွက် ရွေးချယ် ဆုံးဖြတ်တော့မည်ဖြစ်သည်။ Vodafone နှင့် China Mobile တို့က ၄င်းတို့၏ ပူးပေါင်း အဆိုပြုလွှာကို ရုပ်သိမ်း သွားခဲ့ရာ နိုင်ငံခြား ကုမ္ပဏီကြီး ၁၁ ခုထဲမှ ၂ ခုကို ရွေးချယ် ရတော့မည် ဖြစ်သည်။ ထို ၁၁ ခုထဲတွင် ၂ဝဝ၉ ခုနှစ်မှ စ၍ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဈေးကွက် ကို လေ့လာ ဆန်းစစ် ပြီး မြန် မာ့ ဘောလုံး လောကတွင်လည်း ရင်းနှီးမြှုပ်နှံကာ အမှတ်တံဆိပ် တစ်ခု ထူထောင်ရန် ကြိုးပမ်းနေသည့် Digicel ကုမ္ပဏီ၏ ဆက်သွယ်ရေး အတိုင်ပင်ခံ အရာရှိ ဂျိမ်းစ်မော်ရစ်ဆယ် (James Morressey) နှင့် တွေ့ ဆုံမေးမြန်းမှုအား ဖော်ပြပါသည်။
Digicel
က ၂ဝဝ၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို လေ့လာခဲ့ပြီး မြန်မာ့ ဘောလုံး
လောကကိုလည်း အထောက် အကူ အများကြီး ဖြစ်စေခဲ့တာကို တွေ့ရပါတယ်။ ဒီလို
ထောက်ပံ့တာဟာ ဘယ်လို အကျိုး ကျေးဇူးတွေ ကို မျှော် ကိုးလို့ပါလဲ။
ကျွန်တော်
မျှော်လင့်တာ ကတော့ ဈေးနှုန်း သက်သာပြီး အကောင်းဆုံး ဝန်ဆောင်မှုတွေကို
နိုင်ငံနဲ့ အဝှမ်းပေးချင်တဲ့ အတွက်ကြောင့်မို့ပါ။ ဈေးနှုန်း အနေနဲ့ လည်း
ဈေးနှုန်း သက်သာပြီး လူတွေ တတ်နိုင်တဲ့ ပုံစံဖြစ်ဖို့ အတွက်
လိုင်စင်ရဖို့ပဲ မျှော်လင့်ပါတယ်။ နိုင်ငံ တစ်ဝန်းလုံးမှာ တကယ့် Talent
ရှိတဲ့ ကြိုးစားတဲ့ လူငယ်တွေ၊ အရည် အချင်း ရှိတဲ့ လူငယ်တွေ ရှိနေပါတယ်။
ဒီလိုလူ မျိုးတွေက ကမ္ဘာ အနှံ့အပြားမှာ ရှိပြီး တချို့က ကိုယ့်
တိုင်းပြည်ကို ကိုယ်ပြန် လာချင်ကြတယ်။ အဲ့ဒါတွေ အတွက် communication က တအား
အရေး ကြီးတယ်။ အဲ့ဒီ သတင်းတွေကို လူတွေ ကြား ထဲမှာ သိနိုင်ဖို့
communication လုပ်ဖို့လိုအပ်တယ်။
နိုင်ငံခြား
Second Operator နှစ်ခု အတွက် ဆန်ခါတင် စာရင်း ၁၁ ခုမှာ Digicel ပါတယ်လို့
သိရပါတယ်။ အ ရွေးချယ်ခံရဖို့ မျှော်လင့်ထားပါသလား။
အရွေးခံရဖို့ Digicel အနေနဲ့ မျှော်လင့်ထားပါတယ်။ ခုနတုန်းက ပြောခဲ့သလိုပါပဲ။
Digicel
က ကမ္ဘာ့ ဘီလျံနာ ဂျော့ဆိုး ရော့စ် ရဲ့Quantum Strategic Co,Ltd., YSH
Finance Ltd., နဲ့ ပူး ပေါင်းထားတာ တွေ့ရပါတယ်။ အဲဒီလို ပူးပေါင်း ထားတာ ဟာ
ဘယ်လို အားသာ ချက်မျိုး ရမယ် လို့ မျှော်လင့်ထားပါသလဲ။
Degicel
ရဲ့ ပါတနာတွေက သိတဲ့ အတိုင်းပဲ ဂျော့ဆိုးရော့စ် ကလည်း Quantum မှာ
investment နဲ့ advisory ပိုင်း ကျွမ်းကျင်တယ်။ နောက် YOMA က လည်း
မြန်မာနိုင်ငံသား ဖြစ်ပြီးတော့ မြန်မာနိုင်ငံ ကိုယ့် လူမျိုး တွေအကြောင်း
မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံ ရမယ့် အကြောင်းတွေကို သိထား
ပြီးသားဖြစ်တယ်။ Digicel အနေနဲ့ မြေလွတ်မြေရိုင်းတွေမှာ Infrastructure တွေ
Network ချပြီး ဆောက်လုပ်လာခဲ့တဲ့ Experiences က တအား များနေ ပြီ။
ဘာဖြစ်လို့လဲ ဆိုတော့ နိုင် ငံပေါင်း ၃၁ နိုင်ငံမှာ စပြီး လုပ်ခဲ့တဲ့အတွက်
ကြောင့် Experiences က တအားရှိ တယ်။ Technology လည်း ရှိတယ်။
ကျွန်တော်တို့ ခုနေထိုင်နေတဲ့ ကမ္ဘာ ကြီး မှာက ဆက်သွယ်ရေး က အဓိကပဲ။
လူသားတိုင်းရဲ့ ဆက်နွှယ်မှုတွေ အတွက်ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ကြား၊ မိဘနဲ့
သားသမီးကြား၊ ခင်ပွန်းနဲ့ ဇနီး မယားကြား ညီအစ်ကို မောင်နှမ တွေကြား၊
သူငယ်ချင်း အချင်းချင်းတွေ ကြား၊ စီးပွားရေး လုပ်ငန်းရှင်များကြား၊
အနုပညာရှင်တွေ ကြား၊ အားကစား သမားတွေကြား၊ အဖွဲ့ အစည်း တွေ ကြား၊ အစိုးရ
အချင်းချင်းကြားနဲ့ နိုင်ငံ တွေကြား ဆက်သွယ်ရေး အရေးကြီး ဆုံး လို့
မြင်တယ်။
အကယ်၍ ဇွန်လ ၂၇ ရက်မှာ အရွေးခံ ရပြီဆိုရင် ဘယ်တော့လောက် လုပ်ငန်း စတင်နိုင်မလဲ။
ဇွန်
၂၈ မှ စမယ်။ Degicel အနေ နဲ့ ၂ဝဝ၉ ခုနှစ်ကတည်းက Research တွေ လုပ်ခဲ့တယ်။
နောက်ပြီးကျတော့ လုပ်သင့် လုပ်ထိုက်တာတွေလည်း လုပ် တယ်။ ဘယ်လိုလဲဆိုတော့
စာကြိုးစားတဲ့ ကျောင်းသား တစ်ယောက် လိုပါပဲ။ လုပ်ထားပြီးသားပါ။
အဲဒီလိုအချိန်မှာ ဒီ ၂၇ ရက်နေ့မှာ ကြော်ငြာတာ နဲ့ တစ် ပြိုင်နက် ၂၈
ရက်နေ့မှာ အကုန်လုံး ဆောင်ရွက်နိုင်ဖို့ ဝက်ဘ်ဆိုက်လည်း လုပ်ထားပြီးသားပါ။
လုပ်ငန်းပိုင်းတင် မဟုတ်ဘဲ တကယ် ပြည်သူတွေအတွက် စတင်လည်ပတ် နိုင်မယ့် အချိန်ကရော ဘယ်တော့ လောက်ဖြစ်နိုင်မလဲ။
ဒီကိစ္စကို
ကျွန်တော်တို့က ကြို တင် ပြင်ဆင် ပြီးသားပါ။ Degicel အနေ နဲ့ လာမယ့် ၂ဝ၁၃
ဒီဇင်ဘာ ၁ ရက်နေ့မှာ 4G မိုဘိုင်းဖုန်း ကွန်ရက်ကို မြန်မာ တစ်နိုင်ငံလုံး
ကျေးလက်မြို့ပြ မကျန် စတင် ဖြန့်ကြက်နိုင်အောင် စီစဉ် ထားပါတယ်။ အဲဒီကာလ
အချိန်ဟာ ဆိုရင် လာမယ့် ဒီဇင်ဘာ ၁၁ ရက်ကနေ ၂၂ ရက်နေ့ အထိကျင်းပမယ့်
ဆီးဂိမ်း ပြိုင်ပွဲများ ကျင်းပမယ့် ကာလ နဲ့လည်း အချိန်ကိုက် ဖြစ်ပြီး
လာမယ့် ၂ဝ၁၄ ခု နှစ် မှာ မြန်မာနိုင်ငံက တာဝန် ယူရမယ့် အာဆီယံ ဥက္ကဋ္ဌ
ရာထူးနေရာ အတွက် လည်း ကြိုတင်ပြင်ဆင်နိုင်မယ့် အချိန် တစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရော ဘယ်လောက် ရင်း နှီးမြှုပ်နှံဖို့ အစီအစဉ်ရှိပါသလဲ။
Degicel
အနေနဲ့ အမေရိကန် ဒေါ်လာ ၉ ဘီလျံကို ကမ္ဘာ့ အဆင့်မီ မိုဘိုင်းဖုန်း
ကွန်ရက်မှာ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး အဲဒီအထဲက ၆ ဒသမ ၆ ဘီလျံ ကို
မြန်မာနိုင်ငံမှာ တိုက်ရိုက် ရင်းနှီးမြှုပ် နှံသွားပါမယ်။
Second Operator ဆန်ခါတင် ရွေး ချယ်မှုဟာ ပွင့်လင်းမြင်သာမှု ရှိတယ်လို့ ယူဆပါသလား။
အတိအကျ ပြောနိုင်ပါတယ်။ ပွင့် လင်းမှုရှိတယ်လို့။
အပြီးသတ် ရွေးချယ်မှုကရော မျှတမှုရှိ မယ်လို့ မျှော်လင့်ထားပါသလား။
ခုနကလိုပဲ ထပ်ပြောပါရစေ။ ပွင့် လင်းမှုရှိမယ်လို့ပဲ မြင်ပါတယ်။
အကယ်၍
Digicel က အရွေးမခံရ ရင်ရော မြန်မာဘောလုံး လောက အတွက် ဆက်လက်
ထောက်ပံ့နေဦးမှာ လား။ ဒါက စီးပွားရေး အရ ရင်းနှီးမြှုပ် နှံမှုလို့ အများက
ယူဆထားလို့လေ။
တခြားကိစ္စတွေ ခေါင်းထဲမှာ မစဉ်းစားသေးပါဘူး။ အောင်မြင်မယ် ဆိုပြီးတော့ပဲ ဆောင်ရွက်နေတာပါ။
ရွေးချယ်ခံရလို့ လုပ်ငန်း စတင်မယ် ဆို ရင် မြန်မာလူမျိုးတွေကို Digicel မှာ လုပ်ကိုင်ဖို့ ခေါ်ယူသွားဖို့ ရှိသလား။
ကျွန်တော်တို့
လုပ်ကိုင်လာတဲ့ နိုင်ငံတိုင်းမှာ Digicel မှာရှိတဲ့ လူသား ရင်းမြစ် ၉ဝ
ရာခိုင်နှုန်းဟာ အဲ့ဒီနိုင်ငံ က လူတွေနဲ့ပဲ လုပ်ကိုင်ဆောင်ရွက်တာ ဖြစ်ပါတယ်။
အဲ့ဒီနိုင်ငံက နိုင်ငံသားတွေ နဲ့ပဲ တွဲဖက် လုပ်ကိုင်တာပါ။ Digicel ရဲ့
ရည်ရွယ်ချက်ကတော့ အကောင်းဆုံး မိုဘိုင်းဆားဗစ် ဝန်ဆောင်မှုကို မြန်မာ
တစ်ဝန်းလုံးကို ပေးသွားမယ်။ အဲ့ဒီ အတွက်ကို မြန်မာ လူမျိုးတွေကပဲ လုပ်
ဆောင်သွားစေမယ်။ Digicelရဲ့ ဖေ့စ် ဘွတ်မှာလည်း အမြဲတမ်း Digicel ရဲ့
အကြောင်းအရာတွေကို တင်ပေးထား တယ်။ Communication ဆိုတာ ကိုယ် ကပဲ
ပြောလို့မရဘူး။ သူများပြောတာ လည်း နားထောင် ရမယ်။ ခု Digicel က
မြန်မာနိုင်ငံကို လာ ပြီး ဆောင်ရွက် တာ Digicel အနေနဲ့က investment သီး
သန့်မဟုတ်ဘဲ ဒီတင်ဒါရဖို့ တစ်ချိန် လေးကိုပဲ စဉ်းစားပြီး လုပ်တာ မဟုတ်ဘဲ
မြန်မာပြည် တစ်လျှောက်လုံးမှာ တစ် စိတ် တစ်ဒေသအနေနဲ့ မြန်မာပြည် ပြန်လည်
ထူထောင်ရေး လုပ်ငန်းတွေမှာ မြန်မာပြည် အနာဂတ်တွေမှာ ပါဝင်ချင် တယ်။
ကျွန်တော်တို့က သတ်သတ်ကြီး ကွဲထွက်နေပြီး Support လုပ်နေတာမျိုး မဟုတ်ဘဲ
ဝင်ရောက်ခံစားပြီး ဆောင် ရွက်ချင်တယ်။ Digicel ဝင်ရောက်လုပ် ကိုင်နေတဲ့
နိုင်ငံတွေမှာ လူမှုလုပ်ငန်း တွေအဖြစ် ကျောင်းတွေ ဆောက်တယ်။ နောကMobile
Clinic တွေ လုပ်ပေး တယ်။ အမျိုးသမီးတွေ စွမ်းဆောင်ရည် မြှင့် လုပ်ငန်းတွေ
လုပ်ကိုင်တယ်။ ဂျမေ ကာတို့ ဟေတီ တို့မှာ ကျောင်းတွေ ဆောက်တယ်။ ဒီ Mobile
Clinic တွေ လုပ် ပေးတယ်။ နောက်သက်ကြီး ရွယ်အိုတွေ နဲ့ ကလေး သူငယ်တွေရဲ့
ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်တယ်။ Digicel ဟာ ဟေတီ ငလျင် ဖြစ်ပွား
ခဲ့တဲ့အခါမှာ ဘီလ်ကလင်တန် နဲ့ချိတ်ပြီး United States မှာရှိတဲ့ လူတွေကနေ
ကျန်နေတဲ့ မိသားစုတွေ၊ အိမ်တွေလုံးဝ ပျက်စီးသွား တဲ့ လူတွေဆီကို
ငွေပို့ချင်ကြတယ်။ အဲ့ ဒီအတွက် တယ်လီဖုန်းတွေကနေ ဘဏ် မလိုအပ် ဘဲ
ငွေပို့ပေးနိုင်မယ့်စနစ် Text Message နဲ့ပဲ ငွေပို့နိုင်မယ့် စနစ်ကို
Digicel က ပြုလုပ်ပေးခဲ့တယ်။
တခြား
အော်ပရေတာ ၃ ခုနဲ့ ယှဉ် ပြိုင် ဝန်ဆောင်မှု ပေးရမယ်ဆိုတော့ Digicel အနေ
နဲ့ ဘယ်လိုပုံစံမျိုး ဈေး ကွက် ချဲ့ထွင်မယ်လို့ စိတ်ကူးထားပါသ လဲ။
Competition
နဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ အတွေ့အကြုံတွေ အများကြီးပါ။
ကိုယ့်ကိုယ်ကိုယ် Confidence ဖြစ်စေတဲ့ အကြောင်း နှစ် ခုရှိတယ်။ Best
Quality အကောင်းဆုံး အရည်အသွေး ဝန်ဆောင်မှု ပေးမယ်။ Best Price
တတ်နိုင်သမျှ ဈေးနှုန်းချို သာမှု ရှိစေမယ်။ အဲ့ဒီနှစ်ခုကြောင့် Digicel က
ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှု ရှိတယ်။
ဈေးကွက်
သဘောအရ ဖုန်းဆင်းကတ် ထုတ်လုပ် ရောင်းချတာအပြင် ဟန်း ဆက် အပိုင်းကိုလည်း
လုပ်ကိုင်ဖို့ ရှိပါ သလား။ (ဥပမာ ဟန်းဆက် စက်ရုံတည် ဖို့ပေါ့)
အဲဒါတွေ
ကလည်း ကျွန်တော်တို့ တင်ဒါ တင်တဲ့အခါမှာ ထည့်သွင်းဖော်ပြ ထားပြီးသားပါ။
Digicel က investment အကြီးကြီးပါ။ ဂျော့ဆိုးရော့စ်လည်း ပါတယ်။ တခြား
ကိစ္စတွေလည်း ပါဝင်သေး တာမို့ ဘယ်လို မျိုးတွေ ပါနိုင်တယ် ဆိုတာ လူတွေ
စိတ်ထဲမှာ မှန်းလို့ရမယ်လို့ မျှော်လင့်ပါတယ်။
သုတလင်း တွေ့ဆုံမေးမြန်းသည်
No comments :
Post a Comment