Monday 10 June 2013

Visa Story by Thar Kyaw Maung


Tha Kyaw Maung
ဖြစ်ပုံက။
မြန်မာပြည် ပြန်ရောက်ပြီး ၂၈ရက် ဗီဇာလေး ကုန်သွားတော့ ဗီဇာ သက်တန်းတိုးဖို့ ပန်းဆိုးတန်း ကို ရောက်ခဲ့ပါတယ်။ ဗီဇာကြေးကို ယူအက်စ် ဒေါ်လာ နဲ့ပေးရမယ်ဆိုတော့ အိတ်ထဲပါလာတဲ့ ဒေါ်လာ ၂၀တန်၊ ၅ကျပ်တန်တွေနဲ့ပေးတော့ ဒီပိုက်ဆံတွေက အလည်မှာ အဖြူကြောင်းပေါ်နေလို့ မယူဘူးတဲ့။ ဒါနဲ့ အဖေက သူ့ဆီမှာ ပါလာတဲ့ ဒေါ်လာ ၂၀၀ အနက် သပ်သပ်ယပ်ယပ် ရှိတဲ့ ရာတန်ကို ယူပြီး လ၀က ကိုပေးတဲ့အခါ ဒေါ်လာမှာ ဖားဥနဲနဲပါလို့တဲ့ လ၀က ကထပ် ငြင်းပါတယ်။ လမ်းဒေါင့်မှာ ဘဏ် ရှိတယ်တဲ့ အဲဒီမှာ ဒေါ်လာ ၀ယ်လို့ ရတယ် ဆိုတော့ ဘဏ်ကို သွား..မြန်မာကျပ်တွေနဲ့ ဒေါ်လာပြန်ဝယ်..ဘဏ်က ကောင်မလေး ကို နိုင်ငံခြားသား တွေ အဲလို သူတို့ပါလာတဲ့ ဒေါ်လာကို ပေးမရရင် စိတ်မဆိုးဘူးလား ဆိုပြီးမေးလိုက်တော့ " တချို့ လဲ စိတ်ဆိုးကြတယ်တဲ့။ တချို့ ကလဲ နားလည်ကြပါတယ်တဲ့။ ဒါသမီးတို့ တိုင်းပြည်ရဲ့ ပေါ်လစီဘဲလေ" တဲ့။ အဲဒီပေါ်လစီ ဘယ်မှာလဲ ပြ လို့ ဆိုပြီး ဂျီတိုက်မေးလိုက်ခြင်ပေမဲ့ စိတ်လျှော့လိုက်ပါတယ်။ မြန်မာပိုက်ဆံတွေလိုသာ ဂျီးတွေအထပ်ထပ်နဲ့ မဲသဲနေတဲ့ ကိုယ့်တိုင်းပြည်က ပိုက်ဆံကိုဘဲ ကိုယ်မမြင်ကြလေရော့သလား။ ဒီလို တိုင်းပြည်တိုင်းမှာ ကြိုက်သလို ရောင်းသုံးနေတဲ့ ဒေါ်လာကို အဲလို ပဲတွေများပြီး မယူဘူးဆိုရင်တော့ ဘယ်လို နိုင်ငံခြားငွေကို ရှာကြမှာလဲ။ ထိုင်းမှာဆို ထိုင်းတွေက ပြန်ခါနီး လေယာဉ်ကွင်းအထဲထိတောင် နိုင်ငံခြားငွေကို တဒေါ်လာဘဲ ရရ..တပေါင်ဘဲရရ ပါလာသမျှ သူတို့ဆီမှာ ကျန်ခဲ့အောင်ကြိုးပမ်းနေတဲ့အချိန်မှာ ကျနော်တို့ ရွှေပြည်ကြီးကတော့ ဟိုဒေါ်လာ မယူ..ဒီဒေါ်လာ မယူနဲ့.. ရှေ့ ဘယ်လိုဆက်ပြီး နိုင်ငံခြားငွေတွေ တိုးပွားအောင် ရှာကြအုန်းမည်လဲဟု...။ သိလိုစိတ်တနွေးနွေးဖြင့်
သာကျော်
ဗကသများအဖွဲ့ချုပ်(၁၉၈၈)

No comments :