Friday 12 July 2013

အာဇာနည် နေ့  ၊ ဒို့ မမေ့ 




about an hour ago


အာဇာနည်နေ့အား အစိုးရမှ ဦးဆောင်၍ ဂုဏ်မပြုလိုသော်လည်း .. မြန်မာပြည်သူများမှာ အာဇာနည်ကြီးများကို မမေ့ မလျော့ဘဲ ကိုယ်တိုင် သြဥစွဲ ဂုဏ်ပြုနိုင်မယ့် အခွင့်အရေး အဖြစ် မိတ်ဆွေတချို့မှ အစီအစဉ် တစ်ခုကို အကြံပြုလာပါသည်။ အဆိုပါ အကြံပြုချက်မှာ ...

"၆၆ နှစ်မြောက်အာဇာနည်နေ့ ၁၀:၃၇ တွင် Phone Alarm Ringtone များဖြင့် ငြိမ်သက်အလေး ပြု ကြပါစို့"

ပြည်သူများမှ ဥသြစွဲသံများကို မိမိ တယ်လီဖုန်းများတွင် ၁၉ ဇူလိုင် မနက် ၁၀ နာရီ ၃၇ မိနစ်အတွက် နှိုးစက်သံများ ပြုလုပ်၍ ဖုန်းများမှ အသံများ မြည်လာလျှင် ငြိမ်သက်စွာဖြင့် "ကျဆုံးလေပြီးအား အာဇာနည်ကြီးများကို ဂုဏ်ပြုရန်" တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

သြဥစွဲသံကို sound cloud မှ ဒေါင်းလုပ် ရယူနိုင်ပါသည်။ အဆင်မပြေသူများအားလည်း မေးလ်ဖြင့် ပို့ပေးပါမည်။


(လက်ဖက်ရည်ဆိုင်များ၊ မော်တော်ကားများမှလည်း အဆိုပါ အသံများကို မနက် ၁၀ နာရီတွင် ဖွင့်၍ ဝမ်းနည်းကြောင်း ဂုဏ်ပြုနိုင်ပါသည်။)


(ကိုထိုက်)

No comments :