Tuesday 2 July 2013

မီးတောင် လိုပေါက်ကွဲတော့မည့် အီဂျစ် ပြည်တွင်းရေး







အီဂျစ် ဒီမိုကရေစီရေးလှုပ်ရှားမှု ကို (Hijack) အပိုင်စီးသွားခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ အီဂျစ်သမ္မတ မော်စီ ဟာ အီဂျစ်အတိုက်အခံ နိုင်ငံရေးပါတီတွေ နှင့် နိုင်ငံ အ၀ှန်း လူထုဆန္ဒပြ မှု တွေ နဲ့ ရင်ဆိုင်နေရပြီ၊ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက် ကို ၄၈ နာရီ အတွင်း မလိုက်လျောဘူးဆိုရင် အီဂျစ်စစ်တပ် က 


၁) လက်ရှိဖွဲ့စည်းပုံ  ကို ဆိုင်ငံ့ထားမယ်။

၂)ပါလီမာန် ကို ဖျက်သိမ်းမယ်၊

၃) အရပ်သားများပါဝင်တဲ့ ကြားဖြတ် အစိုးရ ကို တင်မြောက်မယ်၊ 

လို့ လူသိရှင်ကြား နိုင်ငံ တကာ ကို ကြေညာခဲ့တယ်။ ဒီနေ့ အီဂျစ်သမ္မတ မော်စီ ကို ထောက်ခံသူတွေ နဲ့ ဆန့်ကျင်ကန့်ကွက်နေသူတွေ အကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ နိုင်ငံ ပိုင် အတင်းဌာန က ကြေညာသွားခဲ့တယ်။
 
အီဂျစ်သမ္မတ မော်စီ ဟာ လက်ရှိ နိုင်ငံရေး အခက်အခဲတွေ ကို ဘယ်လိုကျော်လွှား သွားမလဲဆိုတာ နိုင်ငံတကာ က စောင့်ကြည့်နေကြပြီး၊ အီဂျစ်နိုင်ငံ ဟာ ပေါက်ကွဲတော့မဲ့ မီးတောင်ကြီး လို ဖြစ်လာနေပြီလို့ နိုင်ငံတကာ သတင်းမီဒီယာတွေ မှာ ဖော်ပြနေကြပါတယ်။

No comments :