Wednesday 3 July 2013

အီဂျစ်မှာ ဘာတွေဖြစ်နေသလဲ


အီဂျစ်မှာဘာတွေဖြစ်နေလဲ။

အီဂျစ်မှာဆန္ဒပြပွဲတွေဖြစ်နေတယ်။ ရွေးကောက်တင်မြောက်ခံ သမတမိုဟာမက်မိုရှေ ကို လူတွေကနှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှု ဖြစ်နေတာ တပတ်လောက်ရှိပြီ။ အခုစစ်တပ်ကပါ လူထုနဲ့ ပူးပေါင်း မိုးရှေ ကိုနှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ကြားဖြတ်အစိုးရသစ်တရပ်ကို ဖွဲ့ စည်းလိုက်ကြပြီဖြစ်တယ်။ သမတမိုရှေ ကလဲ သူသာလျင်တရားဝင်သမတလို့  ဆက်လက်ရပ်တည်နေဆဲဖြစ်တယ်။ နိင်ငံရေးအရ ထိပ်တိုက်အဆင့်ကိုရောက်ရှိလာနေပြီဖြစ်တယ်။
သမတမိုရှေကို လူတွေကဘာကြောင့်နှုတ်ထွက်ခိုင်းတာလဲ။
သမတမိုရှေကို ရွေးကောက်ပေးလိုက်တာ တနစ်ရှိပြီ။ ဘာမှအလုပ်မဖြစ်ဘူး။ မိုးရှေ က ရွေးကောက်ပွဲကာလာကပေးခဲ့တဲ့ ကတိတွေကိုမေ့ နေပြီး အီဂျစ်ကို ဒီမိုကရေစီပြုပြင်းလဲမှုတွေလုပ်မပေးဘူး။ သူက အစ္စလန် ကွန်ဆာဗေးတစ် လမ်းကြောင်းကို ပြန် လုပ်နေတယ်။ စီးပွားရေးပြသနာ၊ အလုပ်လက်မဲ့ပြသနာတွေကိုလဲမဖြေရှင်းနိင်ခဲ့ဘူး။ ( အီဂျစ် ၉ ၆၉  လမ်းကြောင်း၊ ဘာသာရေး၊ အမျိုးသားရေးလမ်းကြောင်းကို နှောက်ပြန် သွားဖို့  လုပ်လာတယ်။ )  ဒါကို အီဂျစ်လူငယ်တွေ၊လူထုတွေက သည်းမခံနိင်တော့ဘူး။ သမတမိုရှေ ကို ဖြတ်ချဖို့  အတွက် လူထုတိုက်ပွဲကို ခေါ်ယူခဲ့ကြတယ်။

အမေရိကန် ရဲ့ အခန်းကဏက ဘာလဲ ။

စစ်အာဏာရှင် မူဘာရပ်ဖြုတ်ချတဲ့ပွဲမှာ အမေရိကန် က အီဂျစ်လူထုနဲ့  အတူရပ်တည်ပြခဲ့တယ်။ ဒါပေမဲ့  သမတသစ်မိုရှေ အတုအယောင်ပြုပြင် ပြောင်းလဲမှုတွေမှာ အမေရိကန်က မိုရှေးကို အကောင်းမြင်လွန်းနေတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ဒီထက်ပို ပြီး အလေးထားလုပ်ဆောင်ဖို့  အမေရိကန်အနေနဲ့  မိုရှေးကို ဖိအားပေးသင့်တယ်လို့ မြင်ကြတယ်။ အမေရိကန်တွေကို အီဂျစ်လူထုက စိတ်ပျက်လက်ပျက်ဖြစ်လာတယ်။

မူစလင်ညီအကို များ အဖွဲ့   အလားအလာကဘာလဲ

စစ်အာဏာရှင် မူဘာရပ်ကို ဖြုတ်ချ တုံးကတော့ လူထုနဲ့အတူလက်တွဲလာတဲ့ မူစလင် ညီအကို များအဖွဲ့ ကိုလူထုက အကောင်းမြင်ခဲ့တယ်။ နားလည်မှုပေးခဲ့တယ်။ ဒါပေမဲ့ လက်တွေအီဂျစ်လူအဖွဲ့ စည်းကတောင်းဆိုနေတာက ပိုပြီးလစ်ဘရယ်ဒီမိုကရေစီ၊  စီးပွားရေးဖွင့်ဖြိုးမှုတွေကို ဖြစ်လာတယ်။ အစ္စလန်းဘာသာရေးတိမ်းညွတ်မှုတွေက နေ ခွဲထွက်ခြင်လာကြတယ်။ မြန်မာပြည်မှာဖြစ်နေသလိုပါပဲ။ ဒီအခါမှာ မူစလင်ညီအကိုအဖွဲ့  က မိုရှေးနဲ့ပေါင်းပြီး အစ္စလန်ဘာသာရေးအခြေခံ နိင်ငံရေးစနစ်ကို တိမ်းညွတ်နေတာကို အီဂျစ်လူငယ်တွေနဲ့  လူထုက  မူစလင်ညီအကိုများအဖွဲ့ ကို စိတ်ပျက်စပြုလာကြတယ်။  မူစလင်ညီအကိုများအဖွဲ့ မှာ အသက်အရွယ်ကြီးသူတွေပိုများတယ်။

အီဂျစ်စစ်တပ်က ဘယ်လိုရပ်တည်မှာလဲ


အီဂျစ်စစ်တပ်က မြန်မာစစ်တပ်ထက်သာတာကတော့ အစ္စလန် ဘာသာရေးအစွန်းရောက် (အီဂျစ် ၉ ၆၉ )  ကို လက်မခံ ဘူးလို့ ပြောင်ပဲပြောတယ်။  အကြမ်းဖက်မှုကိုလက်မခံဘူး။ အီဂျစ်နိင်ငံအတွက် အစဉ်သင့်ရှိတယ်လို ဆိုတယ်။  အီဂျစ်သမတ မိုရှေး ကို ဖြုတ်လိုက်တယ်။ စစ်တပ်အာဏာသိမ်းလိုက်တယ်။ အခြေခံဥပဒေကိုယာယီရပ်ဆိုင်း၊ ရွေးကောက်ပွဲအသစ်လုပ်ပေးမယ်ဆိုတယ်။ 

No comments :