skip to main
|
skip to sidebar
စိတ်မကောင်းစရာလေးပါ .....
သီရိလိုက်တဲ့အမှုတစ်ခု .... မြေကြီးကိစ္စအငြင်းပွားတာ အရောင်းအဝယ်မလုပ်ရလို့တားထားထဲ့ မြေကွက်တစ်ကွက်ကို
လက်တစ်ဝါးသာသာလောက်ရှိတဲ့စလစ်လေးကို အထောက်အထားပြုပြီး
အရောင်းအဝယ်လုပ်ရင်းကဖြစ်တဲ့ပြဿနာ ...... တရားလိုအမျိုးသမီးဘက်က သီရိကို
ငှားတယ်၊ တရားပြိုင်ဘက် တခြားရှေ့နေကိုငှားတယ်။ ...
အမှုစပြီးသိပ်မကြာပါဘူး ဟိုဘက်အမှုသည်တရားပြိုင်က မြို့နယ် NLD
ရုံးကိုသွားတိုင်တယ် ဆင်းရဲသားကို တရားစွဲပြီး
နှိုပ်စက်နေပါတယ်ဆိုပြီးတော့တဲ့။ ...... အဲဒိအမှုစစ်တဲ့နေ့တိုင်း
ပင်နီတိုက်ပုံနဲ့ ပုဂ္ဂိုလ်ကြီးတွေ တရားရုံးမှာခြေချင်းလိမ်လို့ ......။
Rule of Law ဆိုတဲ့စားလုံးတွေလည်း ပလူပျံ .....။ တရားစီရင်ရေးကို ဘယ်သူမှ
သြဇာလွှမ်းမိုးတာ မရှိစေရဘူးဆိုပြီး တရားသူကြီး
တစ်ယောက်ထဲထိုင်တဲ့နားနေခန်းထဲ ဥဒဟိုဝင်ထွက် ....။
အမှန်တရားမပေါ်ပေါက်ဘူးဆိုရင် လူထုကိုပါစည်းရုံးပြီး
ဆန္ဒဖေါ်ထုတ်ပွဲတွေလုပ်မယ်လို့လည်း ကြုံးဝါးနေလေရဲ့။ သီရိကိုလည်း
ငွေရှင်ကြေးရှင်ရဲ့လက်ပါးစေဆိုပြီး မကြားတကြားလည်း ပြောလေသေးရဲ့ .....။
အဲဒါတွေကိုအမေစုမြင်စေချင်တယ်ရှင် .......
သိပ်မကြာပါဘူး သီရိ
အမှုသည်အမျိုးသမီးက အလွန်ဥပတိရုပ်ကောင်းတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို
သီရိဆီကို ပင့်လာပါလေရဲ့ ... ချဉ်ဖတ်ရောင်းတဲ့ပါတီကြီးရဲ့ လွှတ်တော်အမတ်တဲ့
.... လွတ်တော်တက်နေလို့ နေပြည်တော်ကတောင်သွားပင့်ရဆိုပဲ။
ပြည်ထောင်စုအဆင့်ဝင်ကော်မတီကြီးမှာလည်း အဖွဲ့ဝင်အဖြစ်ပါတယ်တဲ့။
.... အနှီပုဂ္ဂိုလ်ကြီးက သီရိကို .... တရားစိရင်ရေးမဏ္ဍိုင်ကို
သူတို့ကတည့်မတ်အောင်လုပ်နေရကြောင်း။ တရားသူကြီးတွေဟာ အဂတိလိုက်စားကြကြောင်း
....။ တရားဥပဒေစိုးမိုးရေးအရေးကြီးကြောင်းတွေ ခရားရေလွှတ်
တတွတ်တွက်ပြောပြီး .... အခု မ×××× တရဲ့အမှုကိုလည်း
အမှန်တရားအတိုင်းဖြစ်စေချင်ကြောင်း အမှန်အတိုင်းဖြစ်စေရေးအတွက်
သူအစွမ်းကုန်ကူညီမှာဖြစ်ကြောင်းပြောပါတယ်။ ..... သီရိက အမှန်တရားဆိုတာ
ဘာကိုဆိုလိုသလဲဆိုတာနဲ့ ဘယ်လိုကူညီမှာလဲဆိုတော့။................
မ××××× ဟာမတရားခံနေရတဲ့အတွက် သူ့အမှုအနိုင်ရရှိရေးဟာ အမှန်တရားဖြစ်ပြီး။
သူ့အမှုအနိုင်ရရှိရေးအတွက်ု လွှတ်တော်ကိုယ်စားလှယ်ရဲ့
အရိန်ကိုသုံးလို့ရကြောင်း .... ၄င်းတို့အမတ်များဟာ တရားသူကြီးများကို ရာထူးတိုးမပေးနိုင်သော်လည်းရှိရင်းစွဲရာထူးများ မှ ပြုတ်သွားအောင်
ဝေးလံခေါင်းပါးသောဒေသများကို ပြောင်းရွှေ့သွားရအောင်လုပ်နိုင်ကြောင်း ...။
အခုဆိုလျှင် တရားသူကြီးများက ၄င်းတို့ အမတ်များကို ကြောက်နေရကြောင်း ......
ပထမအနေနဲ့ ၄င်းက အခုအမှုကိုစစ်တဲ့တရားသူကြီးကိုသွားတွေ့ပြီး အမှုမှန်ကိုရှင်းပြမှာဖြစ်ကြောင်း ...
ဒုတိယအနေနဲ့ တရားသူကြီးဘယ်လိုဆုံးဖြတ်တယ်ဆိုတာ ကြည့်ပြီး
အမှန်အတိုင်းမဆုံးဖြတ်ဘူးဆိုရင် ကျန်တဲ့တရားသူကြီးတွေပါ
မှတ်လောက်သားလောက်ရှိအောင် ဒီအမှုကို လွှတ်တော်မှာတင်ပြီး တရားရုံးချုပ်ကို
ခေါ်မေးမယ်။ တရားသူကြီးကို အရေးယူဖို့ တရားရုံးချုပ်ကို ဖိအားပေးမယ်တဲ့။
နောက်ပြီးပြောသွားသေးတယ်။ ..... ဦးတို့အမတ်တွေက ဒါမျိုးဆိုညီတယ်နော် တဲ့
...။
ကဲ .... အရပ်ကတို့ရေ ....
NLD က ပုဂ္ဂိုလ်ကြီးများ နဲ့ လွှတ်တော်အမတ်မင်းကြီးရဲ့ အမှန်တရားဆိုတာ ဘာလဲ ?
ကိုယ့်လူ အမှုရှုံးတာနဲ့ တရားစီရင်ရေးတမ်းစောင်းလေသတည်းလား ?
စိတ်မကောင်းပါဘူး ..... သီရိ အဲဒိအမှုကို ရှေ့နေကိုယ်စားလှယ်စာ
ပြန်ုရုတ်သိမ်းခဲ့တယ်။ ရှေ့နေခလည်းတပြားမှမယူလိုက်ပါဘူး ....
သီရိတို့ရှေ့နေလောကမှာတော့ ပါဝါပြန်ရုတ်တယ်ခေါ်တာပေါ့။ သူငယ်ချင်းတွေကမေးတယ်
... နင်ဘာလို့ဒီလိုလုပ်လိုက်တာလဲတဲ့။ သီရိပြန်ဖြေလိုက်ပါတယ် ........
လွတ်လပ်စွာတရးစီရင်ရေး Judicial Independence ကိုတည်ဆောက်တဲ့နေရာမှာ
ငါမပါဝင်နိုင်ပေမဲ့ လွတ်လပ်စွာတရးစီရင်ရေး ကိုဖျက်စီးတဲ့လုပ်ရပ်ကိုတော့
ငါ့အနေနဲ့ အားပေးအားမြှောက်မလုပ်နိုင်ပါဘူးလို့ ....။ သူတို့ကပြောကြတယ်။
... နင်ဂေါက်နေပြီတဲ့ ....။
ဟုတ်ပါတယ် ... သီရိဟာ တခါတရံမှာဂေါက်ပါတယ် .................
သီရိအရင်တုန်းကရေးထားတာလေးပါ။ အဲဒိတုန်းက
ဟိုပုဂ္ဂိုလ်ကြီးတွေပဲရှိသေးတယ် အခုတော့ ဆရာမကြီးတွေပါ ... ပါလာပြီလို့
သတင်းတွေထွက်နေပါပြီ။ ... ပြောလည်းပြောချင်တယ်။ ပြောလဲပြောရဲဘူး
ငရဲကြီးမှာကြောက်တယ်။
ယုံကြည်ရာကို ရဲရဲလုပ်တဲ့အတွက် ဂုဏ်ယူပါတယ်။
(We Fight We Win )
1 comment :
တရားစီရင်ရေးကိစ္စခေါင်းစဉ်အောက်က ဓါတ်ပုံက ဘယ်က အလန်းလေးလဲ။ ကြည့်လဲလုပ်ဦးကိုယ့်ဆရာရေ။ တော်ကြာတရားစွဲခံနေရဦးမယ်။ အရင် အမှုတွေကလဲတန်းလန်းကြီးနော်။ ဌေးနိုင်အမှုကလဲ ရှိသေးသလို သီးသိန်းစိန်နဲ့ ဖိနပ်အမှုကလည်း ရုံးမှာအမှုပိတ်ထားတာမဟုတ်ဘူး။ စွတ်လုပ်မနေနဲ့။ အမှုထပ်တိုးလာဦးမယ်။ သတိ - - -
Post a Comment