Thursday 1 August 2013

မှတ်ထား သူတို့  ကြောက်ပြီဆို အပုတ်ချခံရမယ်သာမှတ်

အာဏာရှင် အဆက်ဆက်မှာ သူတို့ ကို အန္ဒရယ် ပြုမဲ့သူ ၊ သူတို့ တကယ် ကြောက်ရတဲ့ သူတို့ အတွက် ရန်သူလို့ သတ်မှတ်ခံရသူတွေကို လူတောမတိုးနိုင်အောင် ပြတ်ပြတ်သားသား အောက်တန်းကျကျ အပုတ်ချတိုက်ခိုက် တတ်ပါတယ် ။ ပြည်သူတွေရဲ့ ဦးနှောက်ထဲ စိတ်ထဲ စွဲအောင်အထိ ရိုက်သွင်း ဝါဒဖြန့် ပါတယ် ။ ဗိုနေဝင်း လက်ထက်မှာတုံးက ကွန်မြူနစ် ဆိုတာကို ပြည်သူတွေ အော့နှလုံးနာသွားအောင်အထိ ရိုက်သွင်းနိုင်ခဲ့သလို ကရင်ခေါင်းဆောင် ဗိုလ်ချုပ်မြကို ငမြ ငပွေး အမျိုးမျိုး သော အသုံးအနှုံးများဖြင့် ပြည်သူ မုန်းအောင် ဝါဒဖြန့် နိုင်ခဲ့ ပါတယ် ။ စစ်အစိုးရလက် ထက်မှာတော့ သူတို့ အတွက် တစ္ဆေတွေ ပရိတ်သံကြားလျှင်ကြောက်သလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ဟာ နံပါတ်တစ် ကြောက်စရာအကောင်းဆုံးရန်သူဖြစ်ခဲ့ပါတယ် ။ ဒါကြောင့်လည်း အောက်တန်းအကျဆုံး နည်းလမ်းများနဲ့ တိုက်ခိုက်ခဲ့ သလို တိုက်ခိုက်ဆဲပဲ ဖြစ်ပါတယ် ။ ဒီကနေ့  ပြည်တွင်းက ငယ်သူငယ်ချင်းတယောက်နဲ့ စကားပြောနေစဉ် မထင်မှတ်ပဲ ပြည်ပရောက်ကျောင်းသားခေါင်းဆောင်တယောက်အကြောင်းရောက်သွားပါတယ် ။ သူက “ဒီကောင့်ကို ငါမုန်းတယ်ကွ“ လို့  ပြောတော့ ၊ ကျနော်ကလည်း “ပြောကွာ ဘာလို့ “ လည်း ဆိုပြီး မေးခွန်းတွေ ထုတ်တဲ့အခါ ရေရာတဲ့ အဖြေ မပေးနိုင်ပါဘူး လက်တွေ့ မပါတဲ့ ဟိုစာအုပ်ထဲက ဒီစာအုပ်ထဲက ဟိုသူပြောလို့  ဒီသူပြောလို့  ဆိုတဲ့ အဖြေပဲ ရပါတယ် ။ ကျနော်လည်း ရှင်းပြလိုက်ပါတယ် မှတ်ထား သူတို့ ကြောက်ပြီဆို အပုတ်ချခံအရပြီသာမှတ် ။

Oo Nyo (Face book)

No comments :