Monday 12 August 2013

အနာဂတ် ကို ဦးဆောင်နေသူများ နှင့် အနာဂတ် ပျောက်နေသူများ



 လွှတ်တော်ထဲမှာ အိပ်ပျော်နေကြသော လွှတ်တော် အမတ်မင်းကြီးများ (သို့)
လက်ရှိ တိုင်းပြည် အနာဂတ် ကို ဦးဆောင်နေသူများ 
(ယနေ့ တိုင်းပြု၊ပြည်ပြု လွှတ်တော်ကြီး  ကို ပြည်သူ လူထု မပြောနှင့် သင်တို့ရဲ့ လွှတ်တော် အမတ်မင်းတွေ တောင် စိတ်ဝင်စားမှု မရှိတော့ဘူးဆိုတာ ပြသနေပါပြီ။)

အနာဂတ် ပျောက်နေသူများ 
(လက်ရှိ တိုင်းပြည် မှာ အနာဂတ် ကို လျှောက်ရမည့် သူများ ကတော့ ခွေးသေကောင်တွေ၊ သွေးညှီနှံ့တွေ၊ အမှိုက်ပုံတွေ ကြား မှာ ကြီးပြင်းလာနေကြ လေရဲ့။)

Facebook  နှင့် လူမှုသတင်းမီဒီယာ ကွန်ယက်တွေ မှာ ရေပန်းစားလူပြောများနေတဲ့ ဓာတ်ပုံ နှစ်ပုံ ပါ။ အနာဂတ် တိုင်းပြည်နှင့် ပြည်သူတွေအတွက်တော့ ရင်လေးစရာပါ။

ယနေ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို သွားနေပါတယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန် နှင့် လွှတ်တော် ဥက္ကဌ ကြီး ဒီဓာတ်ပုံ နှစ်ပုံ ကို နှိုင်းယှဉ်ပြီးဘယ်လို သုံးသပ်ကြပါလိမ့် မလဲ။ 
                                            
သမ္မတ ဦးသိန်းစိန် နှင့် လွှတ်တော် ဥက္ကဌ ကြီး တို့ကတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကို သွားတော့ မယ်လို့ မိန့်ခွန်းတွေ၊ သတင်းစာတွေ နဲ့  မီဒီယာတွေ မှာ စိတ်အားထက်သန်စွာ ပြောဆိုနေကြတာ ကို  ဝေေ၀ဆာဆာ ကြားနေရတယ်။ 

ဒါပေမဲ့ သင်တို့ရဲ့ တိုင်းပြု၊ပြည်ပြု၊ ဥပဒေပြုကြမည့် လွှတ်တော် အမတ်မင်းများ ကတော့ လွှတ်တော်ကြီးထဲမှာ အိပ်ပျော်နေကြလေရဲ့ ။ 

 သမ္မတ ဦးသိန်းစိန် နှင့် လွှတ်တော် ဥက္ကဌ ကြီး တို့ ဒီမိုး၊ ဒီလှေ၊ ဒီလို လူတွေနဲ့ ပဲ သွားနေကြအုန်းမယ် ဆိုရင်တော့  အနာဂတ်မှာ တိုင်းပြည်နှင့် ပြည်သူအတွက်တော့ ရင်လေးစရာပါ။


No comments :