Tuesday 27 August 2013

လုပ်သား ၂၀ဝကျော် ဟုတ်ရှင်းအအေးခန်း စက်ရုံကို ဆန္ဒထုတ်ဖော်


===================
သြဂုတ်(၂၇) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
===================
ဒဂုံဆိပ် ကမ်းစက်မှုမြို့ရှိ ဟုတ်ရှင်းအအေး ခန်းစက်ရုံအား ယင်းစက်ရုံမှလုပ် သားများအပါအဝင် အဆိုပါစက် မှုဇုန်ရှိ စက်ရုံလေးခုမှ အလုပ် သမားသမဂ္ဂစုစုပေါင်း အင်အား ၂၀ဝကျော်ခန့်ဖြင့် ဆန္ဒထုတ်ဖော် ကြောင်း သိရသည်။


အဆိုပါလမ်းလျှောက်ဆန္ဒ ထုတ်ဖော်ပွဲကို ဩဂုတ်၂၅ရက်က ဒဂုံဆိပ်ကမ်းစက်မှုဇုန်တွင် ယင်း စက်မှုဇုန်ရှိ ရန်ကင်းအထည်ချုပ် စက်ရုံ၊ နီလာစတားစက္ကူစက်ရုံ၊ အမ်သုံးလုံး(အာရှနဂါး)စက်ရုံနှင့် အမ်ပီအမ်ဆေးဆိုးပန်းရိုက်စက်ရုံ တို့မှ အလုပ်သမားသမဂ္ဂများပါ ဝင်ဆန္ဒထုတ်ဖော်ခဲ့သည်။
ဟုတ်ရှင်းအလုပ်သမား သမဂ္ဂအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းက ''ဩဂုတ် ၁ဝရက်က အလုပ် သမားလေးဦးကို စာရွက်အလွတ် ပေါ်မှာ လက်မှတ်ထိုးခိုင်းပြီး နောက်တစ်ကြိမ်ဆို အလုပ်ထုတ် မယ်ပြောတယ်။ အဲဒါ သွားဆွေး နွေးပြီးတော့ ကျွန်တော်ရယ် နောက်တစ်ဦးရယ်ကို အလုပ် ထုတ်လိုက်တယ်။ ဆန္ဒပြတာ ကျန် တဲ့အလုပ်သမားတွေ ပါဝင်လာ တယ်။ နောက်ပိုင်း အလုပ်ရှင်က အကျပ်ကိုင်လို့ ဝန်ထမ်းတချို့ လုပ်ငန်းခွင်ထဲပြန်လုပ်နေကြတာ ရှိတယ်။ လူကြီးတွေလာရောက် ညှိနှိုင်းပေးတဲ့အထဲမှာ ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကိုယ်တိုင် လာရောက် ညှိနှိုင်းပေးတယ်။ အခုအချိန်ထိ တောင်းဆိုမှုတွေမရသေးလို့ အခု လိုလမ်းလျှောက်ဆန္ဒဖော်ထုတ် တာဖြစ်တယ်''ဟု ပြောသည်။


ယင်းကဆက်လက်၍ ယင်း တို့ အဓိကတောင်းဆိုချက်များ မှာ အလုပ်သမားများအား အလုပ် ရှင်မှ လုပ်ငန်းခွင်အတွင်းပြန်လည် ဝင်ရောက်ခွင့်ပြုရန်နှင့် အဆိုပါ ကိစ္စဖြစ်ပွားစေသည့် ဒုစက်ရုံမှူး နှင့် အလုပ်သမားခေါင်းနှစ်ဦး အား အရေးယူပေးရန်တောင်း ဆိုခြင်းဖြစ်ကြောင်း ပြောသည်။
အလုပ်သမားတစ်ဦးဖြစ်သူ မဝင်းဝင်းက ''အရင်က မျက်နှာ စည်းမတပ်ဘဲ လုပ်လာတာ။ အခု လိုတပ်ခိုင်းတဲ့အခါ အသက်ရှူ ရတာ အဆင်မပြေလို့ ခဏလေး မျက်နှာစည်းဟပြီး လေရှူရာက နေ အခုလို ပြဿနာဖြစ်ပွားတာ ဖြစ်တယ်။ အခုလိုစက်ရုံကမောင်း ထုတ်ပေမယ့် ကျွန်မတို့စက်ရုံဝန် ထမ်းတွေ တော်တော်များများက ဧရာဝတီ၊ မကွေး၊ ရခိုင်ပြည်နယ်၊ ပဲခူးစတဲ့ နယ်ကလာပြီး အဆောင် နေ အဆောင်စားလုပ်နေရတာ ဖြစ်တဲ့အတွက် ဘယ်မှသွားလို့မရ လို့ အလုပ်ပြန်ရအောင်ဆန္ဒထုတ် ဖော်တာဖြစ်တယ်''ဟုပြောသည်။


ဒဂုံဆိပ်ကမ်း ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း)မှ ဦးမောင်မောင်က''သုံး ပွင့်ဆိုင်ဖြေရှင်းတာ အဖြေရှာ မရတဲ့အတွက် ကြားကဝင်ဖျန်ဖြေ ပေးမယ့်လူ လိုအပ်တယ်။ အဲဒါ ကြောင့် အုပ်ချုပ်ရေးပိုင်းတွေနဲ့ ကျွန်တော်တို့တွေ တွေ့ဆုံညှိနှိုင်း ပေးဖို့ရှိပါတယ်''ဟုပြောသည်။


အဆိုပါစက်ရုံအား မေးမြန်း ဆက်သွယ်ရာ ပြောပြ၍မရသေး ကြောင်းပြောသည်။
အဆိုပါ ဟုတ်ရှင်းအအေး ခန်းစက်ရုံသည် ၂၀၁၂ခုနှစ် နို ဝင်ဘာလတွင် လစာတိုးတောင်း ရန်အတွက် အလုပ်သမားအင်အား နှစ်ရာ ဆန္ဒထုတ်ဖော်ခဲ့ဖူးကြောင်း သိရသည်။

No comments :