Saturday 24 August 2013

ရန်ကုန်မြို့ အနှံ့အပြား ရေကြီးရေလျှံမှုဖြစ်ပွားနေ


မြောက်ဥက္ကလာပမြို့နယ် အထွေထွေရောဂါ ကုသရေးနှင့် သင်ကြားရေး ဆေးရုံကြီးအတွင်း ရေလျှံနေသည်ကို သြဂုတ် ၂၃ ရက် နံနက် ၁၁ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)

ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အချို့တွင် မိုးရွာသွန်းခြင်း၊ ချောင်းရေလျှံခြင်း များကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေရပ်ကွက်နှင့် ကားလမ်းများပေါ်တွင် သြဂုတ် ၂၂ ရက်နေ့မှစ၍ ၂၃ ရက် နေ့အထိ ရေကြီးမှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။


ရန်ကုန်တိုင်း ဒေသကြီးတွင် သြဂုတ် ၂၃ ရက်နေ့ နံနက်အစောပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်း၊ ချောင်းရေလျှံခြင်းနှင့် မြစ်ရေလျှံခြင်းများကြောင့် မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ် အင်းစိန်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် အခြားမြို့နယ်များတွင် ရေကြီးရေလျှံ မှုများကြောင့် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်အချို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်း တိုက်ခြင်း၊  ချောင်းရေလျှံပြီး ရေကြီးမှုများ ဖြစ်ပွားသည့်အတွက် စာသင်ကျောင်း အချို့ မှာ ယာယီပိတ်ထားရကြောင်း သိရှိရသည်။


ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်မြို့နယ်ရှိ အခြေခံပညာ မူလတန်းကျောင်းမှ တာဝန်ကျဆရာမ ဒေါ်ခင်ဝင်းမောင်က ''လောလောဆယ်မှာ ကျောင်းထဲကို ရေ၀င်နေလို့ ယာယီပိတ်ထားရတယ်။ အဲဒီလို ဖြစ်နေတာကို ပညာရေးမှူးရုံးကို အစီရင်ခံထားတယ်။ ရေကအရမ်းကြီးတဲ့ အတွက် ကျောင်းထဲမှာရှိတဲ့ ပန်းအိုးတွေလည်း ရေနောက် မျောပါသွားတယ်။ 


အိမ်သာတွေ ရေမြှုပ်နေတဲ့အတွက် အခက်အခဲတွေ ဖြစ်လာတယ်။ ရေကျသွားရင်လည်း နုံးတွေနဲ့ အမှိုက်တွေ ကျန်ခဲ့တာကလည်း အခက်အခဲတစ်ခုပဲ။ အခုမနက် ကျောင်းလာတက်တဲ့

Read more>>>http://myawadynews.blogspot.com/2013/08/blog-post_1854.html

No comments :