Monday 2 September 2013

စာရေးဆရာ ဦးတင်မြင့်အောင် ကို ဂါရ၀ပြု


စာရေးဆရာ ဦးတင်မြင့်အောင်ဟာအသက်၈၇ ခုနစ်ရှိပြီ။ ကျန်းမာရေးမကောင်းဘူး။ နားမကြားဘူး။ သွေးထိုးရောဂါကိုလည်းခံစားနေရတယ်။ ရဲဘော်တဦးက ပြောလာတာနဲ့ 
ကျနော်ဒီမနက်သူအိမ်ရှိရာမြောက်ဒဂုံကိုသွားလည်ဖြစ်တယ်။

သူကတချိန်တုံးကကျော်ကြားတဲ့ဝထ္တုနဲ့ဘာသာပြန်စာရေးဆရာကောင်းတဦးဖြစ်ပါတယ်။
သူဟာရှားရှားပါပါး ၀ထ္တုစာရေးဆရာတွေထဲကတဦးအပါအ၀င်ဖြစ်ပါတယ်။ဝထ္တုစာရေးဆရာဆိုတာက နိင်ငံတိုင်းမှာရှားကြတယ်။ သူဟာ လုံးချင်းဝထ္တု၅၀ ကျော်နဲ့ဆောင်းပါးများစွာ ကို ရေး ခဲ့တယ်။ 

သူရဲ့ ထင်ရှားတဲ့ဝထ္တုကတော့ရေနံသာဦး ဖြစ်တယ်။ ဒီဝထနဲ့  ရှု့ မ၀တထောင်ဆုကိုဆွတ်ခူးခဲ့တယ်။ ရှုမ၀မဂဇင်းကပေးတဲ့ဆုကို တော်ရုံတန်ရုံစာရေးဆရာတွေကိုမပေးပါ။ (သူလိုပဲဆုရဘူးသူတဦးကတော့စာရေးဆရာမမြမြစိန်ဖြစ်ပါတယ်။ )
ဒီဝထ္တုကို ၆ ကြိမ်ခန့် ပြန်လည်ပုံနှိပ်ခဲ့ရတဲ့အထိအောင်မြင်တယ်။

သူရဲ့ထင်ရှားတဲ့ဝထ္တုတွေကတော့ရေနံသာမြို့ သူ၊ မန်ဝင့်ချိန်၊ ၀င်တော်ဖွင့်လှမ်းအမီ၊ ကျိန်စေချင်ကျိန်ပါမယ၊် မိုးချယ်ရီ၊မေမြို့သူတို့ဖြစ်ပါတယ်။  တချို့  ၀ထ္တှုများကို ရုပ်ရှင်ရိုက်ကူးခဲ့ကြတယ်။ 
သူဟာအသက်ကြီးလာတဲ့အတွက်စာမရေးနိင်တော့ဘူး။
သမီးအကြီးနဲ့တူ မြောက်ဒဂုံမှာနေတယ်။

No comments :