Sunday 15 September 2013

အရောင်တင် ဆိုးဆေး အသုံးပြုသော အစားအစာများ စားသုံးမှုကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုများစေ

  "Made in China Product is Dangerous Than Drugs"
Potentially dangerous products from China 
 
ကင်ဆာ ရောဂါ ဖြစ်စေတဲ့ တရုတ် ကုန်ပစ္စည်းများ
From toothpaste to toy trains to tilapia, Chinese imports accounted for more than 60 percent of the recalls announced by the Consumer Product Safety Commission this year. Here's a highlight of those potentially hazardous products.


ရန်ကုန် ၊ ၁၅-၉-၂၀၁၃

မြန်မာနိုင်ငံ တွင် ကင်ဆာရောဂါ ဖြစ်ပွား ခြင်းသည် အရောင်တင် ဆိုးဆေး အသုံးပြုသော အစားအစာ များ စားသုံးမှုကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ အရောင်တင် ဆိုးဆေး အသုံးပြု အစားအစာ များမှာ မျှစ် ၊ လက်ဖက် အစို ၊ အရောင်တင် ငရုတ်သီးမှုန့် ၊ ရောင်စုံ အအေး မျိုးစုံ ၊ ဂျယ်လီ ( ရောင်စုံ ) ၊ တရုတ်မှ လာသည့် မုန့်များ ၊ ပလတ်စတစ် ထုတ်ပိုး အစားအစာ များ ၊ ပိုးသတ်ဆေး ဖျန်းထားသော ဟင်းသီး ဟင်းရွက်များ ကြောင့် အသည်း နှင့် အစာအိမ် ကင်ဆာများ ဖြစ်ပွား ရလျက် ရှိကြောင်း ၄င်းက ပြောကြား ခဲ့သည်။

" ဒီဆိုးဆေး ပါတဲ့ အစားအသောက် တွေကြောင့် မြန်မာနိုင်ငံ မှာ ကင်ဆာ ရောဂါ ဖြစ်ပွားမှု နှုန်းက တစ်နှစ်ထက် တစ်နှစ် ပိုပြီး မြင့်တက် လာတယ် ၊ ကင်ဆာ ရောဂါ လျော့ကျဖို့ အတွက် မြန်မာနိုင်ငံ သားတွေ အစားအသောက် ကော ၊ အနေအထိုင် တွေပါ ပြုပြင် သွားဖို့ လိုအပ် ပါတယ် .... " ဟု ၄င်းက ထပ်မံ ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ တွင် ၁၀ နှစ်တာ ကာလအတွင်း ကင်ဆာ ဖြစ်ပွားမှု နှုန်းသည် ၃၀ ရာခိုင်နှုန်း မြင့်တက် လာခဲ့ပြီး အိမ်ထောင်စု ၄ စုတွင် တစ်စုခန့်မှာ ဆိုးဆေးကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားကြောင်း ၊ အချို့မှာ မျိုးရိုးကြောင့် ဟု သိရသည်။


ကင်ဆာ ရောဂါ ဖြစ်ပွားမှု နှုန်းသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာ အရ ၇၅ ရာခိုင်နှုန်းခန့် မြင့်တက် လာနိုင်ကြောင်း နှင့် WHO ၏ အစီရင်ခံစာ တွင် ၂၀၁၂ ခုနှစ် အတွင်း ကမ္ဘာ တစ်ဝန်းလုံး၌ လူပေါင်း ၁ ဒသမ ၈ သန်းခန့် ကင်ဆာ ရောဂါ ဖြစ်ပွားပြီး ၅ သိန်းကျော် သေဆုံး ခဲ့ကြောင်း သတင်း ထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။

( သိုက်ရာဇာ )

The Myawady Daily

No comments :