Thursday 3 October 2013

မိကျောင်းကန်မြေကို ၁၉၁၄ ခုနစ် အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက အခွန်ဆောင်လာတာ ဖြစ်တယ်








မိကျောင်းကန် မြေ ပြန်လည်ရရှိရေး လှုပ်ရှားသူများရဲ့ တောင်းဆိုလှုပ်ရှားမှုကို ဆက်တိုက်မပြတ်တွေ့နေရပါတယ်။ စစ်တပ်မှသိမ်းယူထားတဲ့ သင်္ဃန်းကျွန်း မိကျောင်းကန်ရပ်ကွက်ကြီးအား ရပ်ကွက်ပြည်သူများလက်ထဲသို့ပြန်လည်ပေးအပ်ရန် ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။ 

မိကျောင်းကန် မြေ ကို ၁၉၁၄ ခုနစ် အင်္ဂလိပ် အင်္ဂလိပ်အစိုးရလက်ထက်ကတည်းက အခွန်ဆောင်လာတာဖြစ်ပါတယ်တဲ့ခင်ဗျာ။ အိမ်အခွန်ပြေစာတွေကို စကန်ဖတ်ပြီး တင်ပေးပါ့မယ်။ အန်းတစ် ဘောင်ချာပြေစာ သက်သေအထောက်အထားတွေ အရ နှစ်ကာလရှည် ဘိုးဘွားပိုင်မြေတွေဖြစ်ကြောင်း ဦးသိန်းစိန် အစိုးရ ကို သိစေချင်ပါတယ်။ 

စာချုပ်တွေဟာ သမိုင်းရေစီးအဖြစ် ဒီမိုကရေစီ အစိုးရ ဖြစ်တဲ့ ဦးနု အစိုးရ ၊ စစ်တပ်အာဏာသိမ်းလိုက်တော့ ဗိုလ်ချုပ်နေဝင်း အစိုးရ၊ ဗိုလ်ချုပ်နေဝင်း ကနေ ဦးနေ၀င်းကို ဆက်လက်အာဏာဝတ်မှုန်ကူးလေတော့လည်း အခွန်တွေ အစိုးရအဆက်ဆက် မပျက်မကွက် ဆက်ပြီးအခွန်ဆောင်ခဲ့ကြတယ်။

ဒါကို ဗိုလ်မှုး တယောက်ကလာပြီး တပ်ပိုင်မြေလို့ ဆိုပြီး လာပြောနေတယ်လို့သိရပါတယ်။ မိကျောင်းကန်သားတွေ သူတို့မြေတွေကို အခွန်စပြီးပေးဆောင်ခဲ့တုန်းက ဗိုလ်ချုပ်အောင်ဆန်းတောင်မှ ၃ လ သားပဲရှိသေးတယ်လို့သိရပါတယ်။


ဗမာ့တပ်မတော် တောင်မှ မဖွဲ့စည်းရသေးပါဘူးတဲ့။ အင်္ဂလပ်ခေတ်က ပေးခဲ့တဲ့ ပြေစာစာချုပ်တွေကို ကျနော်တင်ပေးမယ်။ မိကျောင်းကန် မြေကို ဘယ်သူပိုင်သလဲ အမှန်တရားကို ဖော်ထုတ်ကြရပါလိမ့်မယ်။ 


တရားမျှတတဲ့ ဖြေရှင်းမှုကို ပြည်သူတွေလိုချင်ပါတယ်။ မိကျောင်းကန် မြေ ပြန်လည်ရရှိရေး လှုပ်ရှားသူများရဲ့ တောင်းဆိုလှုပ်ရှားမှုများ အောင်မြင်ပေါက်မြောက် လိုရာဆန္ဒပြည့်ဝကြပါစေ လို့ ဆန္ဒပြုအပ်ပါတယ်။ ပြည်သူအပေါင်းက လည်း မိကျောင်းကန် ပြည်သူပြည်သားများ တောင်းဆိုမှုများကို ဝိုင်းဝန်းရပ်တည်ပေးကြပါလို့ နှိုးဆော်လိုက်ပါတယ် ကူညီကြရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

2 comments :

Anonymous said...

It seem to me they are all terrorists.

Anonymous said...

ကိုမိုးသီး.......ခင်ဗျားvisaက၃လပြည့်တော့မယ်..ခုထိ ဘာရုပ်မှမပေါက်သေးဘူး..နယ်တွေမှာအခြေအနေမကောင်းရင် တောကြိုအုံကြားထိ သွားပြီး စည်းရုံးပါ..ဘာမှမဖြစ်ရင်ထောင်ကြအောင်ခွင်ဆင်လိုက်...ok