Sunday 27 October 2013

နိင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်တဲ့ ကိုမျိုးမင်း ကွယ်လွန်


နိင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်တဲ့ ကိုမျိုးမင်း ဟာ ခုပဲလဲကျပြီး ကွယ်လွန်သွားတယ်လို့  သိရပါတယ်။ သူအိမ်က ကျန်ာကိုပြောပါတယ်။ သူဟာ ၁၉ ၈၈ ခုနစ်အရေးတော်ပုံမှာပါဝင်ခဲ့ပြီး တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခံရတဲ့ အကျဉ်းသားတဦးဖြစ်ပါတယ်။ နှစ်ရှည်ထောင်ဒဏ်ခံခဲ့ရတယ်။
 ထောင်ထဲမှာကျဉ်းပန်းနိပ်စက်မှုများကြောင့် စိတ်ရောရုပ်ပါထိခိုက်လာခဲ့ရပါတယ်။ သူမိသားစုက ပါရမီ မှာ နေထိုင်လျက်ရှိပါတယ်။



ယခင်က သူတို့ မိသားစုဟာ ရွှေတောင်ကြား မှာနေပါတယ်။ တမိသားစုလုံးက ဒီမိုကရေစီအရေးတော်ပုံကို အားပေးခဲ့ကြပါတယ်။ ထောက်လှမ်းရေးများက သူတို့ မိသားစုစီးပွားရေးကိုလည်းဖျက်ဆီးခဲ့ပါတယ်။

ကိုမျိုးမင်း ကို ဒီနေ နေ့ လည် ၂ နာရီမှာရေဝေးသုသာန်မှာ သဂြိုလ်ပါမယ်။ သူရဲ့ မိဘတွေအိမ်လိပ်စာကတော့ ။ အမှတ် ၇ ။ သဇင်မြိုင်လမ်းသွယ်။ မဥှု လမ်း မကြီး ၂ လမ်း။ ပါရမီ ဖြစ်ပါတယ်။

ကိုမျိုးမင်း မှာလူမမယ် ကလေး နှစ်ဦးကျန်ရှိခဲ့တယ်။ သူမိသားစုဆီကို ၀မ်းနည်းကြောင်း
ပြောကြားခြင်သူများအတွက် ဆက်သွယ်ရမဲ့တယ်လီဖုံးနံပတ်ကတော

ကိုဝင်း - ၀၁ ၆၆၄၅၀၉ ကိုဆက်သွယ်နိင်ပါတယ်။
 
 ==================================================
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအေးမင်းနိုင် ကို ဒီကနေ့ ဆေးရုံတင်လိုက်ရပြီ (အောက်တိုဘာ ၂၇)





“အာရုံကြောတွေထိခိုက်ပြီး နံရိုးကြိုးတာတွေ ကြီးပေါင်းနဲနဲဖြစ်ပြီး နောက်ကျရင် အောက်ပိုင်းသေသွားနိုင်တယ်တဲ့ ခုတော့ အရမ်းနာနေတယ် အရိုးဖက်ဆိုင်ရာ အာရုံကြောအထူးကုနဲ့ အထွေထွေသမားတော် ဦးမြင့်သိန်းတို့ ကြည့်ပေးနေတယ်”

No comments :