Sunday, 24 November 2013

သံချေကျင်းတွေကိုခတ်ထားရလောက်အောင် ဘာအမှုလဲ?



ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အကြမ်းဖက်ခံရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ၆ ဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁ လ အမိန့်ချမှတ်ခဲ့ပါတယ်။

သူတို့တွေ ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြသူတွေ သာဖြစ်တယ်။  သံချေကျင်းတွေကိုခတ်ထား ရလောက်အောင် ရာဇ၀တ်မှု ကျူးလွန်ခဲ့ကြသူတွေ မဟုတ်ဘူး။ ဒီအခြေအနေဟာ ဒီမိုကရေစီ စနစ် ပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ်ဆိုတဲ့  မြန်မာနိုင်ငံရဲ့တရားစီရင်ရေးမဏ္ဍိုင် ခိုင်မာမှုမရှိတာကိုပြသနေပါတယ်။ 
ယနေ့  မြန်မာနိုင်ငံရဲ့တရားစီရင်ရေးမဏ္ဍိုင်ဟာ  Double Standard  ဖြစ်နေတယ်ဆိုတာ ပေါ်လွှင်နေတယ်။

 ဦးပိုင် နှင့် ၀မ်ဘောင်၊ တရုတ် အစိုးရ အတွက်တော့ အမင်တန် ဆိုးဝါးစေတဲ့ ပုံရိပ်ပါပဲ။ အနာဂတ် မြန်မာ လူငယ်တွေ နဲ့ တရုတ် အစိုးရ အကြား ဆက်ဆံရေး ကတော့ စိမ်ခေါ်မှုတွေ ၊  ကြီးမားတဲ့  သက်ရောက်မှု တွေ ရှိနေပေလိမ့်အုန်းမည်။


No comments :