Wednesday 13 November 2013

တိုင်ဖုန်းမုန်တိုင်းဒဏ် သင့်သူများ ကို အရေးပေါ် ကယ်ဆယ်ရေး အတွက် USS George Washington လေယာဉ်တင် သင်္ဘောအုပ်စု ဖိလစ်ပိုင်နိုင်ငံ သို့ ရောက်ရှိတော့မည်။


ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖုန်းမုန်တိုင်းဒဏ် သင့်သူတွေ အရေးပေါ် ကယ်ဆယ်ရေး အတွက်  USS George Washington  လေယာဉ်တင် သင်္ဘောအုပ်စု  မှ စစ်သင်္ဘောများ ဟောင်ကောင်နှင့် အိုကီနာဝါ ရှိ အမေရိကန်ရေတပ်အခြေချ စခန်းများ မှ စတင် ထွက်ခွာသွားပြီဖြစ်ကြောင်း အမေရိကန် စစ်ဘက်ဆိုင်ရာ အကြီးအကဲ က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါသည်။  USS George Washington လေယာဉ်တင် စစ်သဘောင်္အုပ်စု မှ စစ်သင်္ဘော များသည် ဖိလစ်ပိုင် တိုင်ဖုန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသများ ဆီသို့  နောက်ထပ် ၄၈ နာရီ မှ ၇၂ နာရီ အတွင်း ရောက်ရှိလာမှာ ဖြစ်ကြောင်းလည်း သိရှိရပါသည်။  USS George Washington  လေယာဉ်တင် သင်္ဘော တွင်  ရေတပ် တပ်ဖွဲ့ ၀င် ၆၀၀၀ ကျော် ပါဝင်လာမှာ ဖြစ်ပြီး၊   လေယာဉ် နှင့် ရဟတ်ယာဉ် အစင်း ၉၀ ကျော်တို့ ဖြင့်  တိုင်ဖုန်းမုန်တိုင်းဒဏ် သင့်သူများ အတွက် အစား အစာ နှင့် အရေးပေါ် ထောက်ပံ့ရေး ဆေးဝါး ပစ္စည်းများ အပြင် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ ကို ကူညီဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရှိရပါသည်။ 

USS George Washington  လေယာဉ်တင် သင်္ဘော တွင်  တနေ့ ရေသန့် ၄၀၀, ၀၀၀ ဂါလံ / ၁.၅ သန်းလီတာ ထုတ်လုပ် ပေးနိုင်ပြီး၊ ထောင်ချီတဲ့ လူနာများ ကို ယာယီ ဆေးရုံ များ ဆောက်လုပ်ကာ၊ အရေးပေါ်  ဆေးဝါးကုသပေးသွားနိုင်တယ် လို့  USS George Washington  လေယာဉ်တင် သင်္ဘောအုပ်စု  ရဲ့      သတင်းစာမျက်နှာ မှာ  ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ မှာ နားဂစ် ဆိုင်ကလုန်း တိုက်ခိုက်ခဲ့စဉ် မုန်တိုင်းဒဏ် သင့်သူတွေ အတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ အချိန်မှီ ကူညီပေးမည့် အမေရိကန် နှင့် ပြင်သစ် မှ လေယာဉ်တင် စစ်သင်္ဘောများ ကို မြန်မာစစ်အစိုးရ က မုန်တိုင်းဒဏ်သင့်ခံခဲ့ရသည့် ဒေသများသို့ ၀င်ခွင့်မပေးခဲ့ သည့် အပြင် စစ်အစိုးရ ခေါင်းဆောင်များ မှ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မှီ မလုပ်ပေးနိုင်ခဲ့သည့် အတွက်  လူပေါင်း သိန်းချီ သေဆုံးခဲ့ ပြီး၊ သန်းနဲ့ ချီ အိုမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါသည်။ 

ထိုသို့  လူပေါင်းသိန်းချီ သေဆုံးခဲ့ပြီး၊ သန်းနဲ့ ချီ အိုမဲ့အိမ်မဲ့ ဖြစ်ခဲ့စဉ် ကာလ မှာ ပင် စစ်အစိုးရ အလိုကျဆွဲခဲ့သော  ၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေ ကို တော့ လက်ရှိ စစ်တပ် ခေါင်းဆောင်များ က အတည်ပြုခဲ့ပါသည်။

 

No comments :