Tuesday 11 February 2014

"သမ္မတဖြစ်ဖို့ ဘာအဓိကလဲ"

-မင်းမြတ်မောင်-

ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရင် သမ္မတရာထူးဟာ သာလာယံဇရပ်ကြီး ဖြစ်သွားမယ်ဆိုတဲ့ ရခိုင်အမျိုးသား ကိုရဲမင်းဦးရဲ့ စကားကို ကြားတော့ တော်တော် ရယ်ချင်တယ်။ အရမ်းလည်း အထင်သေးတယ်။

ဘာဖြစ်လို့ သူဒီလိုပြောသလဲဆိုတော့၊ သူဟာ မွေးကတည်းက စစ်အာဏာရှင်အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာနေ၊ မြန်မာနိုင်ငံမှာ ကြီးပြင်းလာရတော့ တခြားနိုင်ငံတွေအကြောင်း ဘာမှမသိပဲ နွားခြေရာခွက်ထဲက ဖားတစ်ကောင်ရဲ့ အမြင်မျိုးနဲ့ ပြောနေတာ ဖြစ်လို့ပဲ။

တကယ်ဆိုရင်၊ ကျနော်လည်းပဲ သူပြောတဲ့ သာလာယံဇရပ်ကြီး တစ်ခုမှာ နေထိုင်နေရတာ။ ကမ္ဘာ့ စစ်အင်အားအကြီးဆုံး၊ စီးပွားရေးအင်အားအကောင်းဆုံး သာလာယံဇရပ်ကြီးပေါ့။ ဟောဒီ အမေရိကန် ပြည်ထောင်စုမှာ အဲဒီ ပုဒ်မ ၅၉ လို ဘာဥပဒေမှ မရှိဘူး။ လက်ရှိသမ္မတ ဘာရက်ခ် ဟူစိန် အိုဘားမားရဲ့ မွေးသဖခင်အရင်းကြီးက ကင်ညာနိုင်ငံသား၊ သူ့မှာ ကင်ညာ ဦးလေး၊ အဒေါ်တွေ၊ ညီအစ်ကို မောင်နှမတွေ အများကြီး၊ သူ့ညီမအဖေ သူ့ပထွေးက အင်ဒိုနီးရှားနိုင်ငံသား၊ သူ့ယောက်ဖက မလေးရှားတရုတ်။ (ပြည့်ပြည့်စုံစုံ ဖတ်ချင်ရင် ဒီလင့်ခ်မှာ ရှိပါတယ်။ http://goo.gl/r0nXiL)

အငြင်းပွားနေတဲ့ ပုဒ်မ ၅၉ ကို ပြင်လိုက်ရင်၊ ကုလားတွေ သမ္မတ ဖြစ်မယ်၊ တရုတ်တွေ သမ္မတ ဖြစ်မယ်လို့ ပြောတဲ့လူတွေဟာ အင်မတန်မှ အသိဉာဏ်နည်းတဲ့လူတွေအဖြစ် ကျနော် အထင်သေးကြောင်း ဗြောင်ပြောတယ်။

ဘာဖြစ်လို့လဲဆိုတော့၊ ဒီမိုကရေစီနိုင်ငံတွေရဲ့ အဓိက အင်အားဟာ ဘာလဲဆိုတာကို သူတို့ သဘောမပေါက်ပဲ တစ်ထွာတစ်မိုက် ဉာဏ်နဲ့ အရမ်းလျှောက်အော်နေလို့ပါ။

ဒီမိုကရေစီရဲ့ အင်အားဟာ 'ပြည်သူလူထု' ဖြစ်တယ်။ ရှင်းအောင် နောက်တစ်ခါ ထပ်ပြောမယ် ပြည်သူလူထု ဖြစ်တယ်။ စစ်အာဏာရှင်နိုင်ငံတွေမှာ မွေးဖွားကြီးပြင်းလာသူတွေဟာ ဘယ်တုန်းကမှ ပြည်သူ့ဆန္ဒကို မလေးစားခဲ့တဲ့ အာဏာရှင်စနစ်ကိုသာ တွေ့ကြုံခံစားခဲ့ရတော့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍကို မေ့ပျောက်နေကြတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူ့မဲမရပဲ ဘယ်ကောင်မှ သမ္မတ မဖြစ်ဖူး။ ရှင်းနေတာပဲ။
ပိုက်ဆံချမ်းသာတဲ့ ဘီလျံနာ ကုလား၊ တရုတ်က သမ္မတရွေးကောက်ပွဲ ဝင်ရင်လည်း ပြည်သူက မဲပေးမှ သမ္မတ ဖြစ်မှာ။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခိုင်မာကောင်းမွန်အောင် ကြိုးစားကြရမှာ ဖြစ်တယ်။

အမေရိကန်မှာ သမ္မတဖြစ်ဖို့ မပြောနဲ့ သမ္မတလောင်းတောင် လွယ်လွယ်ဖြစ်တာမဟုတ်ဖူး၊ ပါတီတွင်း ယှဉ်ပြိုင်မှုအဆင့်ဆင့်မှာ ပါတီဝင်တွေရဲ့ ထောက်ခံမှု ရသူတွေသာ ထိပ်ကို တဖြည်းဖြည်း တက်လာတာ။

၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်ခင် ဒီမိုကရက်ပါတီတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ရတာကတော့ လူမဲ အိုဘားမားနဲ့ လူဖြူစစ်စစ် သမ္မတကတော်ဟောင်း ဟီလာရီ ကလင်တန်တို့ပဲ။ အိုဘားမားကို မဲပေးဖို့ ကျနော့ကို လာပြောကြတဲ့ ကျနော့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေက လူဖြူချည်းပဲ၊ အမဲမပါဘူး။ အိုဘားမားဟာ အများထောက်ခံမှုနဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။ (ဘယ်အဘက ခန့်တာမှ မဟုတ်ဖူး။)

တစ်ခါ ရီပတ်ဘလီကန် သမ္မတလောင်း လူဖြူစစ်စစ် ဂျွန် မက်ကိန်းနဲ့ ယှဉ်ရပြန်တော့လည်း၊ အမေရိကန်ပြည်သူ အများစုက အိုဘားမားကို မဲပေးလို့ သမ္မတဖြစ်လာတာ။ (ဘယ်အဘမှ ရွေးခန့်တာမဟုတ်ဖူး။) သူ့အဖေ ကင်ညာနိုင်ငံသားမှန်းလည်း အားလုံးသိတယ်။ ဦးလေး၊ အဒေါ်တွေ၊ ဆွေမျိုးတွေ ကင်ညာမှာ ရှိမှန်းလည်း သိတယ်။)

ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဟာ ပြည်သူ့အာဏာ ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒမပါပဲ ဘာမှ လုပ်လို့ မရဘူး။ လူတစ်ယောက်က ပိုက်ဆံချမ်းသာတိုင်း သမ္မတ ထလုပ်ချင်လို့ မရဘူး။ ဘီလ် ဂိတ်စ်တို့၊ ဝါရင် ဘပ်ဖက်တို့ ဝင်အရွေးခံကြည့်ပါလား။

ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူလူထုကို အသိပညာ၊ ဉာဏ်ရည် တိုးတက်မြင့်မားအောင် ဂရုတစိုက် ပြုစုပျိုးထောင်ပေးတယ်။ ပြည်သူလူထုရဲ့ အသိဉာဏ်ဟာ ကိုယ့်ခေါင်းဆောင်ကို ကိုယ့်ဖာသာ ရွေးချယ်တတ်ရင် ဘာမှ စိတ်ပူစရာမလိုဘူး။
ဒီနိုင်ငံမှာ ဒီမိုကရက်ပါတီက သမ္မတပဲတက်တက်၊ ရီပတ်ဘလီကန်ပါတီက သမ္မတပဲ တက်တက်၊ လူဖြူဖြစ်ဖြစ်၊ လူမဲဖြစ်ဖြစ်၊ စပန်းနစ်ရှ်ဖြစ်ဖြစ်၊ အာရှလူမျိုးဖြစ်ဖြစ်၊ သူတို့ဟာ တိုင်းပြည်ကောင်းကျိုးကို ထမ်းရွက်မယ်လို့ ပြည်သူက ယုံကြည်စွာ မဲပေးလို့ သမ္မတ ရာထူးရတာ ဖြစ်တယ်။

သူတို့ လုပ်ရပ်တွေကို ပြည်သူလူထုက နှစ်ပေါင်းများစွာ လေ့လာအကဲခတ်ပြီးမှ ရွေးချယ်ဆုံးဖြတ်တာပါ။ မိုးကျရွှေကိုယ်လို ဘယ်ကောင်မှ အချောင်ရတာ မရှိဘူး။

ကျနော်တို့ မြန်မာပြည်သူတွေဟာလည်း နိုင်ငံရေး အသိဉာဏ် ဘယ်လောက် မြင့်မားတယ်ဆိုတာကို အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေတောင် အံ့ဩရအောင် ၁၉၉၀ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အထင်အရှား သက်သေပြခဲ့ပြီးပါပြီ။ (မဲလိမ်မဲခိုးတဲ့ ၂၀၁၀ ကိုတော့ မပြောလိုပါဘူး။) Voter Turnout လို့ခေါ်တဲ့ ပါဝင်မဲထည့်သူ မဲဆန္ဒရှင် ရာခိုင်နှုန်းဟာ မြန်မာပြည်သူတွေက အမေရိကန်ထက် များပါတယ်။ ပြည်သူကို အထင်မသေးကြပါနဲ့။

ဒါကြောင့်၊ ပြည်သူလူထုရဲ့ အင်အားနဲ့ အခန်းကဏ္ဍကို ထည့်မစဉ်းစားပဲ ထင်ရာပြောနေတဲ့ ကိုရဲမင်းဦးရဲ့ အသံဟာ ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုတာ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။

6 comments :

Anonymous said...

Don't you know that If Obama's wife is a foreigner, he is not qualified to be a President of US according to the US constitution. Now that is the case in Burma. That clause wss also empharized by Bo Gyoke Aung San.
Didn't you also know that Dude!

Anonymous said...

This article is nonsense because if people power is more important what would you bother presidential seat.

Anonymous said...

This is not USA, do you know that?, why she concern about only President? that means, she can not do anythings unless got the presidential seat?

Asiavillage said...

why we should copy directly from US?

We have a lot of differences between US and Myanmar.

First of all,we need to have a lot of well educated people so that they know to which party to vote for.
A lot of thigns far behind from US.
Is Myanmar Ready to use a system exactly same as US?

MrStrange said...

Do u know that Aung San Suu Kyi's husband is dead. And he cannot have any influence on our national affairs anymore. Did you also notice that Dude !

Anonymous said...

This is a really good article !

I totally agree with the writer.