Sunday 2 February 2014

Super Bowl XLVIII ( GO Broncos ၊ GO Manning MVP)



အမေရိကန် Football ဟာ တိုက်စစ်၊ခံစစ် အကွက်ပေါင်းစုံနဲ့ တွန်းတွန်းတိုက်တိုက် ကစားရတဲ့ အားကစားနည်း တမျိုးပါ။ အရင်တုန်းက တော့ Soccer ဘော်လုံးကစား တာကို ကြိုက်တယ်။ အခုတော့ Soccer ထက် အမေရိကန် Football ကို ပိုကြိုက်တယ်။ Time management နှင့် Calls တွေ က တော့ အမေရိကန် Football စိတ်ဝင်စားမှု ကို စွဲဆောင်စေတဲ့ အချက်တွေပါပဲ။ ၂၀၁၄ Super Bowl XLVIII မှာ အကောင်းဆုံး တိုက်စစ် အသင်း Denver Broncos နှင့် ခံစစ် အကောင်းဆုံး Seattle Seahawks တို့ ဒီနေ့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြပါလိမ့်မယ်။ Denver Broncos ရဲ့ တိုက်စစ်မှူးကတော့ Indianapolis Colt အသင်းမှာ နှစ်ပေါင်းများစွာ ကစားခဲ့တဲ့ Peyton Manning ဖြစ်လို့ အင်ဒီယားနား ပြည်နယ်တခုလုံးကတော့ Peyton Manning ရဲ့ Denver Broncos ကို ကြည့်ရှူ့ အားပေး ကြပါလိမ့်မယ်။

အမေရိကန် နိုင်ငံ မှာ Super Bowl ကို ပြိုင်တဲ့ အသင်း ၃၂ သင်း ရှိတယ်။ တသင်းကို ကစားသမား ၅၂ ယောက် ခွင့်ပြု ပြီး၊ ကစားမည့် နေ့ မှာ အားကစားသမား ၄၆ ယောက် ကစားခွင့်ရှိတယ်။

Super Bowl Halftime show ဟာ အမေရိကန် နိုင်ငံ မှာ လူကြည့်အများဆုံး ဖျော်ဖြေတင်ဆက်မှု တခုဖြစ်တယ်။ Super Bowl Halftime show မှာ ကမ္ဘာကျော် အနုပညာရှင် တဦးဦး က ဖျော်ဖြေတင်ဆက်လေ့ရှိတယ်။ Super Bowl Halftime show စက္ကန့် ၃၀ ကြော်ညာ ကလည်း သန်းနဲ့ချီပေးရတယ်။ မနှစ်ကတော့ CBS ရုပ်မြင်သံကြား က ပျှမ်းမျှ ၃.၇ သန်း-၃.၈ သန်း ယူတယ်။ ဒီနှစ် FOX ရုပ်မြင်သံကြား က တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပြီး၊ စက္ကန့် ၃၀ ကြော်ညာ ကတော့ ပျှမ်းမျှ ၄သန်း ပေးရတယ်။ အလွတ် သုတေသနပြုလုပ်ခဲ့ တဲ့ လေ့လာ စုံစမ်း တွေ့ရှိချက် အရ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ကြောညာကြောင့် ၄ သန်းကုန်ကျပေမဲ့၊ ၁၀ သန်း၊ ၁၂ သန်းလောက် စီးပွားရေး အကျိုးအမြတ် ပြန်လည် ရရှိစေတယ်လို့ ဆိုတယ်။

၂၀၁၄ Super Bowl XLVIII Halftime show ကို ဖျော်ဖြေတင်ဆက်မည့် ကမ္ဘာကျော် အနုပညာရှင် ကတော့ Bruno Mars ပါ။ အသက် ၂၈ နှစ် ပဲရှိသေးတယ်။ အဖေ က ပေါ်တူရီကို နှင့် ဂျူးစပ်၊ အမေက ဖိလစ်ပိုင်သူ။ သူကတော့ အမေရိကန် နိုင်ငံသား ဖြစ်တယ်။ သူရဲ့ အယ်လ်ဘန် သန်းနဲ့ချီရောင်းခဲ့ရတယ်။ အမေရိကန် မှာ ၇၀၊ ၈၀ အပြင် အသက်အရွယ် မရွေး လူကြိုက်များတယ်။ အမေရိကန် နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ Elvis Presley ၊ Michael Jackson တို့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ မှာ ပါဝင် သရုပ်ဆောင် သီဆိုခဲ့ဘူးတယ်။
Treasure လို့ အမည်ရတဲ့ Bruno Mars ရဲ့ တေးသီးချင်း နဲ့ ကကွက်တွေ ကို Youtube မှာ ၉၄ သန်းကျော် လာရောက် ကြည့်ရှု့ နားဆင် အားပေး နေကြတယ်။

Bruno Mars was born Peter Gene Hernandez on October 8, 1985, in Honolulu, Hawaii, and was raised in the Waikiki neighborhood of Honolulu. He is the son of Peter Hernandez and Bernadette "Bernie" San Pedro Bayot (died June 1, 2013) His father is of half Puerto Rican and half Jewish (from Hungary and Ukraine) descent, and is originally from Brooklyn, New York. Mars' mother immigrated to Hawaii from the Philippines as a child, and was of Filipino, and some Spanish, descent. His parents met while performing in a show, where his mother was a hula dancer and his father played percussion.[14] At the age of two, he was nicknamed "Bruno" by his father, because of his resemblance to legendary professional wrestler Bruno Sammartino.

Mars' uncle was an Elvis impersonator, and encouraged three-year-old Mars to perform on stage as well. Mars also performed songs by artists such as Michael Jackson.


3 comments :

Anonymous said...

မင်းတို့မှာ ထမင်းရှင် အကြိုက်လိုက်ပြောရတာလဲ အမောပါလားကွာ..

Anonymous said...

http://wunzinminraja.blogspot.sg/search?updated-max=2014-02-04T04:27:00-08:00&max-results=7

Tomahawk said...

What happened to your MVP QB manning? lol