Sunday 23 March 2014

လယ်ယာမြေသိမ်းမှု၊ ခိုးယူမှု နောက် ကွယ် မှ နက်ရှိုင်းသည့် ဆိုးကျိုးများ ကို ဘယ်လိုဖြေရှင်းသင့်ပါသလဲ။?





မြန်မာနိုင်ငံ လူဦးရေ ရဲ့ ၆၅ ရာခိုင်နှုန်းဟာ လယ်ယာစိုက်ပျိုးရေး ကို အခြေခံတဲ့ မြန်မာ့စီးပွားရေး မှာ လုပ်ကိုင်နေကြပြီး၊ အမျိုးသား ကုန်ထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်း ထိ ဖြည့်ဆည်း ထောက်ပံ့ပေးထားတယ်။

လက်ရှိ လယ်ယာမြေသိမ်းမှု၊ မြေယာ ခိုးယူမှုတွေ နှင့် အဆမတန် ဈေးနုန်းကြီးမြင့်နေတဲ့ အိမ်ယာမြေဈေးကွက် ကြောင့် ဖြစ်ပေါ်လာ နေတဲ့ ဆိုးကျိုးတွေ ဟာ မြန်မာ့စီးပွားရေး အပေါ် ဘယ်လောက်ထိခိုက်နေသလဲဆို တာ မြန်မာ စီးပွားရေးပညာရှင်များ နှင့် မြန်မာ့စီးပွားရေး ကို လေ့လာနေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ ကလည်း က သုံးသပ်တင်ပြထားပြီးဖြစ်တယ်။

နယူးယောက်၊ တိုရွန်တို၊ တိုကျို၊ လန်ဒန် မြို့ကြီးတွေ ထက် အဆမတန် ဈေးနုန်းကြီးမြင့်လာခဲ့ တဲ့ ရန်ကုန်မြို့ အပါအ၀င် အခြားမြို့ကြီး များရှိ အိမ်ယာမြေ ဈေးကွက် မှာ လယ်သိမ်း၊မြေသိမ်း ရုံမက လူထု အပန်းဖြေနေရာ နှင့် ကလေးကစားကွင်းများ ပါမကျန် အာဏာပိုင်များ က စီးပွားရေး လုပ်ငန်းရှင်များ နှင့်  ပြောင်ပြောင်တင်းတင်း တရားဥပဒေမဲ့ အရောင်းအ၀ယ်လုပ် နေကြတာ တွေ့ရတယ်။

 နိုင်ငံပိုင်မြေတွေ အပေါ် ဘယ်သူက ခိုးယူရောင်းချခွင့်ရပြီး၊ ဘယ်သူက ဘယ်လောက် နဲ့ ခိုးယူ ၀ယ်ယူခွင့်ရခဲ့တယ်  ဆိုတာ စစ်အစိုးရ ဆက်တိုင်း က လည်း တာဝန်ယူ စုံစမ်းစီစစ် အရေးယူမှု၊ ဖြေရှင်းမှု မပြုလုပ်ခဲ့တာတွေ့ရတယ်။  

ဒီလို စစ်အစိုးရ အဆက်ဆက် ခိုးယူပြီး၊ တရားမ၀င်၊ ဥပဒေမဲ့  အကျင့်ပျက်ခြစားခဲ့တဲ့ အိမ်ယာမြေရောင်းဝယ်မှုတွေအပေါ် ကို သန့်ရှင်းတဲ့ အစိုးရ ၊ ကောင်းမွန်တဲ့ အစိုးရ တရပ်အနေနဲ့ နောင်မှာ ဘယ်လို တာဝန်ယူ ဖြေရှင်းသင့်သလဲ ဆိုတာ ကို လေ့လာ သုံးသပ်ဆွေးနွေးထားတယ်။

Facts:

2012-13 agriculture GDP is kyat 11374526.9 (US$ 12.6 billion) and export is increasing after 2011 government reform. Most exports are beans and rice.

Agriculture and the processing of agricultural products provide a majority of the employment and income in Burma, producing around 60% of the national GDP and employing as many as 65% of the population. While Burma yields more than enough food to feed its entire population, many still go hungry for lack of purchasing power.
 
Under the former military regime, land grabbing became a common and largely uncontested practice. Government bodies, particularly military units, were able to seize large tracts of farmland, usually without compensation.

1 comment :

Anonymous said...

Need to tell Su May May.She is chairman of law.She said she is not goverment.If she is not goverment,why she accept this rank?No change even 5%.Thats means she has no quaility.