Thursday 3 April 2014

စစ်အစိုးရ ပြုပြင်ပြောင်းလဲရေး (သို့) “Political Masturbation” ပြဇတ်များ



“There can be no peace and development if there is social injustice and suppression of citizen rights.”

 -မြတ်စိုး-

၃.၃၁.၂၀၁၄
မနေ့ က ပြည်တွင်းထဲ မှာ လုပ်ဖော်ကိုင်ဘက် တဦးက မေးလာတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အပေါ် ဘယ်လို သုံးသပ် သလဲတဲ့။ သူငယ်ချင်း လို၊ ညီအကို လို ခင်လာခဲ့တဲ့ သူဆိုတော့ မပြောချင်ပေမဲ့ လည်း ဒီအကြောင်းတွေ ကို စကားပြောဖြစ်ခဲ့ကြတယ်။

သူငယ်ချင်းရေ ….အင်မတန် မှ စိတ်ပျက်ဖို့ ကောင်းတဲ့ မြန်မာနိုင်ငံရေး ဇတ်ခုံကြီး မှာ နာမည်ကြီး ဇတ်သဘင်အဖွဲ့ ကြီး ၃ ဖွဲ့ ၊ တဖွဲ့နှင့် တဖွဲ့၊ တမျိုးနဲ့ တမျိုး မရိုးရအောင် လူထု ကို “Political Masturbation” ပြဇတ်ကြီးတွေ ကိုယ့်စင် ကိုယ်ထိုးပြီး ကပြနေကြတယ် လို့ ပဲပြောချင်တယ်။

ဒီနေ့ မြန်မာ့ နိုင်ငံရေး ဇတ်ခုံ မှာ

၁) မျောက်ဖိုးစိန် ဇတ်အဖွဲ့
၂) စိန်အောင်မင်း ဇတ်အဖွဲ့
၃) ရွှေမန်း ဇတ်သဘင် အဖွဲ့ ဆိုပြီး တမျိုးနဲ့ တမျိုး မရိုးအောင် တင်ဆက် ကပြ နေလို့ လေ။

မျောက် ဖိုးစိန် ဇတ် အဖွဲ့ က တော့ က တော့ ခိုးသားငါးရာ နဲ့ မြန်မာပြည် ကို ပြောင်းနေပါပြီ ဆိုပြီ၊ ကမ္ဘာ နဲ့ မြန်မာ လူထု တွေ ကို မျက်လုံလေး ကလည်ကလည်၊ ဗြီးလုံးလေးတွေ နဲ့ လိမ်လည် ဟန်ပြလုပ် ခဲ့ တာ ၃ နှစ်ကျော်သွားပြီ။ သမ္မတ သက်တမ်း ကလည်း ပြည့်တော့ မယ်။ ပြောင်းဖို့ ကြိုးစားနေတုန်းဆိုပဲ။

ဘာနဲ့တူသလဲဆိုတော့ ၊ “ကယ်ပါကယ်ပါ” တစာစာ အော်၊ နွံ နစ်နေတဲ့ ချစ်တီး ကုလားလို၊ “ပေးပေး” ဆိုတော့၊ ချစ်တီး ဘ၀ တသက်လုံးမပေးခဲတဲ့ စောက်ကျင့်၊ အသက် အသေခံသွားမယ်။ နောက်ဆုံး အသက်ကယ်မဲ့လူ က “ဟဲ့ ကုလား.."ယူ" လို့ပြောလိုက်တော”့ မှ၊ လက်ဆွဲယူသွားပြီး၊ ချစ်တီး ကုလား အသက်ဘေးက ချမ်းသာ သွားသလို။

နိုင်ငံတကာ အစိုးရ တွေ က ယူပါဆိုပြီး အသက်ဆက်ခဲ့တာ ကို နောင်တ မရချင်ကြသေးဘူး။ နိုင်ငံရေး မှာ အပေးမရှိ၊ အယူပဲ လိုချင်တဲ့ ချစ်တီးနိုင်ငံရေး စောက်ကျင့်ဆိုး စိတ်ဓာတ် မပျောက်ချင်တဲ့၊ သူငယ်နာ ရောဂါစွဲကပ်နေတဲ့ နိုင်ငံရေး အဆင့်ကနေ မကျော်လွန်နိုင်သေးဘူး။

စိန်အောင်မင်း ဇတ်အဖွဲ့ ကတော့ တရုတ်ကို လည်း ကြောက်ရပါတယ် ဘုရား..။ ငိုချင်းတီးလုံး လေးနဲ့ ၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆိုပြီး ဝေဟင်မှာ လေယာဉ်ပျံ တ၀ီဝီစီး၊ အာဏာရှင် ဖိနပ် ထန်းလျှက်လို ချိုမြိန်လှချည်ရဲ့ ဆိုပြီး လျာနဲ့ရက်သူ အပေါင်းအပါ တစု နဲ့ တခြိမ့်ခြိမ့် ပါတီပွဲပေါင်း ၁၀၀ ကျော် လုပ်ပြလိုက်တာ ဒေါ်လာ သန်းချီ ဘယ်ပျေက်သွားသလဲမသိဘူး။ ဇတ်ထွက် တိုင်း လမ်းရှင်းပေးသူ၊ လက်ဆွဲအိပ် ကိုင်လိုက်သူ၊ ထီကိုင်၊ဖိနပ်ကိုင်၊ ဝေလေလေ အော်ပေးတဲ့ နိုင်ငံရေး သူတောင်းစားတွေ တောင် ဒေါ်လာ စားတွေဖြစ်လာသတဲ့။

စိန်အောင်မင်း ဇတ်တဖွဲ့ သားအားလုံး မှာ တူညီချက်ကလေးတွေရှိတယ်။ အသွင်တူ မှ လည်း အိမ်သူဖြစ်တာကိုး။ အားလုံးမှာ တူနေတဲ့ အချက်ကတော့ မွေးကတည်း က ချက် ကြိုး နှင့် ရှက်ကြိုး မှား အဖြတ်ခံလိုက်ရတဲ့သူတွေဖြစ်ခဲ့လို့ပဲ။ စစ် အာဏာရှင်တွေရဲ့ ဖိနပ် လျာနဲ့ ရက်ဖို့လည်း ၀န်မလေးဘူး။ သူတို့ ပြဇတ် ကလည်း ရိုးရိုးလေးပဲ။ တိုင်းပြည် ကို ချစ်လို့ ပြောင်းဖို့ ကြိုးစားနေတုန်းဆိုပဲ။ ပြောင်းလာတော့ မတွေ့ရဘူး။ အလှူရှင်နိုင်ငံတွေရဲ့ ထောက်ပံ့ငွေတွေ " ပြောင်" သွားတာတော့ တွေ့နေရတယ်။

ရွှေမန်းဇတ်အဖွဲ့ က တော့ တမတ်သား ပြဇတ် မှာ ခေါင်းပေါင်းလေး ညာစောင်းပြီး၊ တီတီတာတာ မပီကလာနဲ့ လူတိုင်းကြိုက် တဲ့ တပင်တိုင်မင်းသမီးလေး မဗေဒါ ကို ဘဲအုပ်တရာရာ နှစ်ရာရာ နဲ့ တို့ကနမ်း ဆိတ်ကနမ်း၊ ကျီစယ်ရင်း ပေါ့။

အပြောကတော့ ရွှေမန်း၊ အက ကတော့ ချိုမိုင်မိုင်နဲ့ တိုင်းပြည် ကို ချစ်လို့ပါ ပြောင်းဖို့ ကြိုးစားနေပါတယ် ဆိုပဲ။ သူက လည်း လွှတ်တော် ဥက္ကဌ က နေ သမ္မတ ကြီးဖြစ် ဖို့ တကယ် ပြောင်းချင်ဖို့ကြိုးစားနေသူပါ။ တကယ်တော့ လူထု နှင့် တိုင်းပြည် က တော့ စစ်ကျွန်ပြု ဖွဲ့စည်းပုံ အောက် မှာ ပဲ ဆက်နေရေးပေါ့ဗျာ။ လူထု ပြောင်း မပြောင်း အဓိက မဟုတ်၊ သူပြောင်းဖို့ က အဓိက ပေါ့။ စစ်အစိုးရ အဆက်ဆက် ခေါင်းဆောင်လုပ် ပြီး၊ တိုင်းပြည် ကို စုပေါင်း ဖျက်ဆီးခဲ့ တာ အားရသေးပုံ မပေါ်ဘူး။

ဒီဇတ်အဖွဲ့ ၃ ဖွဲ့ ရဲ့ ပိုင်ရှင် က တဦးထဲပဲ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ။ တိုင်းပြည် ကို ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင်တွေ တည်ထောင်ထားတဲ့ မျိုးဖျက်၊ပြည်ဖျက် ပါတီ။ အဖွဲ့ ၃ဖွဲ့ခွဲ ၊ တမျိုးနဲ့ တမျိုး မရိုးအောင် ၊ နယ် အရပ်ရပ် လှည့်ပြီး လူ ထု နှင့် ကမ္ဘာကို ကို ယဉ်ကျေးစွာ “Political Masturbation” ပြဇတ်ပွဲကြီးတွေ စင်ထိုးပြီး က ပြနေကြတာ။

ဖွဲ့စည်းပုံ က လည်း သူတို့လက်ထဲမှာ၊ အုပ်ချုပ်ရေး အာဏာ ကလည်း သူတို့လက်ထဲမှာ ၊ လွှတ်တော်က လည်း သူတို့လက်ထဲမှာ၊ တရားစီရင်ရေး အာဏာ ကလည်း သူတို့လက်ထဲမှာ၊ ရွေးကောက်ပွဲ ကော်မရှင် ကလည်း သူတို့လက်ထဲမှာ၊ အာဏာရှင် လက်ကိုင်ဒုတ် လုပ်ချင်တဲ့ စစ်တပ် ကလည်း သူတို့လက်ထဲမှာ၊ စီးပွားရေး အာဏာ က လည်း သူတို့ လက်ထဲ မှာ၊ ငွေကြေးတွေ ကလည်း သူတို့လက်ထဲ မှာ။

ရာစုနှစ် တ၀က် ကျဆုံးသွားခဲ့တဲ့ နိုင်ငံ ကို သူတို့ပဲ တွန်းပို့ ၊ သူတို့ က ပဲ ပြန် ကယ်တင် အုန်းမယ်တဲ့ ။ ပြည်သူ က အိုးမဲ့အိမ်မဲ့၊ သူတို့တွေ က မျိုးချစ်တွေဖြစ်။ အရပ်ကတို့ရေ လမ်းဘေး ဖဲသုံးချပ် လိမ်ဆင် ပြကွက် က တောင် သူတို့ ကပြ နေတဲ့ “Political Masturbation” ပြဇတ်တွေထက် စိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်။

၂၀၁၅ ရွေးကောက်ပွဲကြီး က စတော့မယ်။ နိုင်ငံကို ဦးဆောင်မည့် သူ က အထီးလား၊ အမ လား ပြည်သူ က ကွဲကွဲပြားပြားမသိရသေးဘူး။ တိုင်းဒေသ ၀န်ကြီးချုပ်တွေ၊ အာဏာပိုင်တွေ ဖြစ်လာမဲ့ သူတွေ ကလည်း၊ အရူးလား၊ တိရိစ္ဆန်လား ကွဲကွဲပြားပြား မသိရသေးတဲ့ ၂၀၀၈ စစ်ကျွန်ပြုရေး ဖွဲ့စည်းပုံအောက် က မြန်မာပြည်သူတွေရဲ့ တကယ့် ဘ၀။

ဘယ်သူတေတေ ငတေမာရင် ပြီးရော မြန်မာ့နိုင်ငံရေး ဇတ်ခုံ မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရဲ့ ပင်တိုင် ဇတ်အဖွဲ့ ကြီး ၃ ဖွဲ့ ကတော့ တွေ့တဲ့နေရာ ပြည်သူတွေရဲ့ အရိုးတောင်ပုံပေါ် စင်ထိုးပြီး ကိုယ့်ကိုကိုယ် အောင်ပွဲခံကာ၊
ကို   ခြိမ့်ခြိမ့်သဲ ကျင်းပ နေကြလေရဲ့ ။

နယ်စည်းမခြား ဖြစ်လာလို့ ကမ္ဘာကြီး က ပြားလာ ပြီ။ မြန်မာပြည် က တော့ ဖွဲ့စည်းပုံ နဲ့ ပြည်တွင်းစစ် သံသရာ ၀ဲဂယက်ထဲမှာ လုံးချာပတ်ချာ ဖြစ်နေဆဲ။ ဒါဟာ တကယ့် မြန်မာ့နိုင်ငံရေး ဇတ်ခုံ နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဇတ်သဘင် အဖွဲ့ကြီး ၃ ဖွဲ့ရဲ့ “Political Masturbation” 
ဖဲသုံးချပ် လိမ်ဆင် ဇတ်ကွက်တွေ ပဲ….သူငယ်ချင်းရေ။ အော်ပရာ ပွဲ ကြီး ကြည့်နေရသလိုပဲ။

2 comments :

Richard Aung said...

Leaked Puppet Thein Sein’s government documents plans to create violence in Rakhine state
http://www.restlessbeings.org/projects/rohingya/leaked-documents-reveal-burmese-government-plans-to-attack-rohingya-minority

Richard said...

Leaked Puppet Thein Sein’s government documents plans to inigate violence in Rakhine state
http://static.restlessbeings.org/ckeditor/pictures/data/756/content_1.png?1393605192
http://static.restlessbeings.org/ckeditor/pictures/data/757/content_2.png?1393605240