Thursday, 7 August 2014

သြဂုတ်လ ၈ ရက်၊ ၁၉၈၈ ခုနှစ် မိုးသီးဇွန် မိန့်ခွန်းများမှ ကောက်နှုတ်ချက်များ

ပြည်သူတရပ်လုံး စည်းလုံးညီညွတ်ရင် ဘယ်အာဏာရှင်မျိုးကိုမဆို ဖြုတ်ချနိုင်တယ်ဆိုတဲ့ တော်လှန်တဲ့အဘိဓမ္မာကို ကမ္ဘာတ၀ှမ်းလုံးသိသွားအောင် တိုက်ပွဲဝင်ကြပါစို့။
(မိုးသီးဇွန် သြဂုတ်လ ၈ ရက်၊ ၁၉၈၈)

“ညီအကိုတော်ပေါင်းတို့ အဓိပတိလမ်းပေါ်က ငါဒို့ရဲ့ကြွေးကြော်သံတွေဟာ ဖေါက်ပြန်တဲ့အာဏာရှင်တွေအတွက် မသာခေါင်းလောင်း သံဖြစ်ရစေမယ်။
(မိုးသီးဇွန် ဇွန်လ ၂၁ ၊ ၁၉၈၈) အဓိပတိလမ်းတရားပွဲ ရန်ကုန်တက္ကသိုလ်

“ညီအကိုတော်တို့ ဧရာဝတီမြစ်ကြီး ဒီကြွသွားအောင် ၊ ဖေါက်ပြန်သူတွေ ရေစိုနေတဲ့ခွေးတကောင်လို တုန်လှုပ်ခြောက်ခြား သွေးပျက်သွားအောင် ငါဒို့  ကြွေးကြော်လိုက်ကြပါစို့။
(မိုးသီးဇွန် သြဂုတ်လ ၈၊ ၁၉၈၈)

No comments :